Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

ဝင်ရိုးသုံးခုအားစမ်းပွဲကြားက နီပေါ

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
နီပေါ၊ ဧပြီ ၁၅။

ဝါရှင်တန်နှင့်နယူးဒေလီတွင် နီပေါနှင့်ပတ်သက်၍ တူညီသောအမြင်တခုရှိသည်။

ထိုအမြင်က ယခုဂျင်ဇီတော်လှန်ရေးကြောင့် နိုင်ငံရေးအခင်းအကျင်းသစ်ဖြစ်နေသောနီပေါနှင့်ပတ်သက်၍ ဘေကျင်းထံတွင် ဆုံးဖြတ်ချက်ချနိုင်သော အာဏာများကိုကန့်သတ်ရန်၊ နီပေါအနေဖြင့် ဘေကျင်းထံတွင်မှီခိုနေရမှုများကို လျော့နည်းရန်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာပထဝီဝင်နိုင်ငံရေးက မသေချာ၊ မရေရာတင်းမာခက်ခဲမှုကာလ(Fraught Period)ဖြစ်နေချိန် ဂျင်ဇီတော်လှန်ရေးအလွန်ရက်စထရီယဆွာ တန်တရပါတီ Rastriya Swatantra Party (RSP)က ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည်။

အာရှတိုက်၏အနောက်ဘက်က စစ်ပွဲကကမ္ဘာကြီး၏ ဩဇာလွမ်းမိုးမှု (world order)ကို ကျိမ်းသေပုံဖော်လာမည်။

ထိုသို့ဖြစ်ထွန်းလာသောကမ္ဘာကြီး၏ ဩဇာလွမ်းမိုးမှု(World Order)အနေအထားက နီပေါနှင့်တောင်အာရှဒေသတခွင်၏မဟာဗျူဟာအသေးစိတ်ကျလွန်းမှုကို မျက်ကွယ်ပြုနေမည်မဟုတ်။

ဤသို့ဖြင့် နီပေါနှင့်တောင်အာရှတခွင်တွင် ပါဝါကြီးများ(အမေရိကန်၊တရုတ် ၊အိန္ဒိယ)၏ မဟာဗျူဟာခြေဆန့်မှုများရှိလာမည်။

ထိုခြေဆန့်မှုများက ဒေသတလုံး၏စီးပွားရေးဆိုင်ရာရိုက်ခတ်မှု တသီတသန်းဖြစ်လာမည်။

သာမန်ရုန်းကန်နေရသောနိုင်ငံတခု၏ နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ လက်ရှိနိုင်ငံတကာစနစ်ယန္တယား၏လက်ကျန်တည်ရှိဆဲအင်္ဂါရပ်များ(The Extant Structural Features)ပေါ်တွင်သာ အကြီးအကျယ်မှီခိုနေရသည်မဟုတ်လော။

နီပေါ၏စီးပွားရေးက ပြည်ပရောက်အလုပ်သမားများ၏ လွှဲငွေကိုမှီခိုနေရသောစီပွားရေး(Remittance-Driven Economy)သာဖြစ်သည်။

ထိုစီးပွားရေးက အိန္ဒိယနှင့်တရုတ်ကြားတွင်ရောက်နေသော နီပေါ၏ပထဝီဝင် မဟာဗျူဟာမြောက်ပတ်ဝန်းကျင်ကြောင့်ပင် စိန်ခေါ်ချက်အခက်အခဲများက ပြည့်နေသည်။ အကျိုးအမြတ်များလည်း ရှိနိုင်သည်။

နိုင်ငံတကာမျက်နှာစာတွင် သမ္မတထရန့်မည်သို့ပင်လုပ်နေစေကာမူ အမေရိကန်၏အနေအထားသည် ယခုအချိန်ထိပြိုင်ဘက်ကင်း(Unrivalled)ပုံစံဖြစ်နေသေးသည်။

ဤအချက်ကပင် အမေရိကန်၏ပစ္စုပ္ပါန်အခြေအနေကို မျက်မြင်သိရှိရန် အရေးပါလာသည်။ အင်အားကြီးသထက် ကြီးလာသော တရုတ်၏ဩဇာရိုက်ခတ်မှုကို နီပေါသည်ခံရမည်။ တရုတ်တို့ထံမှလာမည်အရာကို ကနဦးနားမလည်နိုင်ရင်လည်းရပါသေးသည်။

သို့သော် နီပေါအတွက်ကား လက်ရှိအချိန်တွင် အိန္ဒိယ၏ဒေသလုံးဆိုင်ရာ ကြီးကြီးမားမားလွမ်းမိုးမှု(Regional Hegemonic Influence)ဆက်ရှိနေအုံးမည်။

ဓနကြွယ်ဝသောငါးရာခိုင်နှုန်း

ကမ္ဘာလူဦးရေ၏ငါးရာခိုင်နှုန်းက ကမ္ဘာစီးပွားရေး၏နှစ်ဆယ်ရာခိုင်နှုန်းကို အထောက်အပံ့ပေးထားသည်။

ထိုငါးရာခိုင်နှုန်းကပင် စစ်ဘက်ဆိုင်ရာအတွက် ငါးဆယ်ရာခိုင်နှုန်းကို တည်ဆောက်ထားသည်။

ထိုဓနကြွယ်ဝသောငါးရာခိုင်နှုန်းဆိုသည်က အမေရိကန်နိုင်ငံကို ဆိုလိုခြင်းဖြစ်သည်။

အမေရိကန်ဆိုသောဖိအားကြီးသည် ကမ္ဘာကြီး၏ နေရာတိုင်းသို့သက်ရောက်နိုင်သည်။

သို့ဖြစ်၍ နီပေါအပေါ်တွင်လည်း သက်ရောက်နိုင်သည်။ နီပေါဆိုသည်က အမေရိကန်အတွက် အားအင်ဆူဖြိုးလာသော ပြိုင်ဘက်တရုတ်၏အနီးတွင် ရှိနေသောနေရာဖြစ်သည်။

ထိုနေရာကား မဟာဗျူဟာမြောက်နီးကပ်ခြင်း(Strategic Proximity)ရှိလွန်းနေသည့် နေရာပင်မဟုတ်လော။

အမေရိကန်က နီပေါနိုင်ငံတွင် အခြေခံအဆောက်အအုံတည်ဆောက်ရေးအတွက် ဒေါ်လာသန်းပေါင်းများစွာရင်းနှီးမြုပ်နှံမည့် Millennium Challenge Corporation (MCC)စီမံကိန်းနှင့်လုံခြုံ ရေးစစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် State Partnership Program(SPP)ရှိသည်။

ထိုစီမံကိန်းနှစ်ခုနှင့်ပတ်သက်၍ နီပေါတွင် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် လူထုအုံကြွမှုဖြင့် ကန့်ကွက်မှုများ
ရှိခဲ့သည်။

သို့သော်လက်ရှိသမ္မတထရန့်ကသာထို စီမံကိန်းနှစ်ခုအား နီပေါတွင်မရအရအကောင်အထည်ဖော်မည်ဆိုပါက ထရန့်ကိုမည်သူမှမတားနိုင်ပေ။

ဤအချက်တွင် နီပေါတတ်နိုင်သောအချက်မှာ ဤစီမံကိန်းများမှာ ရေရှည်တွင် ဒေသဆိုင်ရာငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရပါမည်လားဟုမေးခွန်းထုတ်ခြင်းသာရှိတော့သည်။

ဤစီမံကိန်းများနှင့်ပတ်သက်၍ရှေ့ဆက်မည်သို့ဖြစ်မည်ဆိုသည်က ဝါရှင်တန်၏ဆုံးဖြတ်ချက်အပေါ်တွင်သာ လုံးလုံးလျားလျားမူတည်နေသည်။

နီပေါအတွက် အမေရိကန်ကဲ့သို့ ဖိအားပေးနိုင်သူနောက်တယောက်ရှိသေးသည်။ ထိုသူကားအိန္ဒိယ။ အခြေအနေတိုင်းကိစ္စတိုင်းက မည်မျှလောက်ထိ ထပ်တူကျ၏။ မကျ၏ကိုတော့ မပြောနိုင်တော့ပြီ။ အိန္ဒိယ၏ ခေတ္တမန္ဒူကိုဦးတည်ထားသောမူဝါဒက နီပေါအပေါ်သက်ရောက်မည်ဖြစ်သည်။

ဤအချက်က နောင်ကာလတွင် ဝါရှင်တန်နှင့်နယူးဒေလီကြား ခိုင်မာသောဆက်ဆံရေးအပေါ်တွင်လည်း ရိုက်ခတ်လာမည်ဖြစ်သည်။

ဝါရှင်တန်နှင့်နယူးဒေလီကြားက ကိစ္စတပိုင်းတစအပေါ်တွင်တော့ နီပေါ့အနေဖြင့်အများကြီး ခေါင်းအခြောက်ခံနေစရာမလိုသေးပေ။

နယူးဒေလီအတွက်မူကား အိန္ဒိယ၏အလုံးစုံလုံခြုံရေး(Grand Security Structure)မှ ကြည့်လျှင် ခေတ္တမန္ဒူ၏ လုံခြုံရေးကိုလည်း ကျွဲကူးရေပါအစိတ်အပိုင်း(Part and Parcel)အဖြစ်စဉ်း စားကာလုံခြုံရေးအာမခံပေးနေသည်ပင်။

ဤသို့စဉ်းစားကာ လုံခြုံရေးချည်နှောင်မှုက ယခုမှမဟုတ်။ ဗြိတိသျှလက်အောက်ကိုလိုနီဘဝဘုရင်ခံဗစ်ဆာရိုင်း ဂျော့ကာဇွန်(Viceroy George Curzon)လက်ထက်ကပင် လုပ်ရိုးလုပ်စဉ်သာ။

တရုတ်တို့အဖို့ နီပေါအပေါ် စိစစ်အကဲဖြတ်ချက်က တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ (Tibet Autonomous Region)တည်ငြိမ်လုံခြုံရေးသာဖြစ်သည်။ စူပါပါဝါနိုင်ငံများနှင့် ပတ်သက်၍ မှာတမ်းတခုရှိသည်။ ထိုမှာတမ်းက စူပါပါဝါဟူသည် ဩဇာကိုသူနယ်နိမိတ်ကို ကျော်လွန်၍ဖြန့်ကျက်ချင်သောဆန္ဒရှိသည်ဟူ၏။

ယခုကားတရုတ်ဟူသည် ၎င်းကိုကိုယ့်ကမ္ဘာ့ပါဝါ(Global Power)အဖြစ် အထင်ရောက်သူဖြစ်ခဲ့ပြီ။

တရုတ်တွင် အင်ဂျင်နီယာ၊ ဘဏ္ဍာရေးစွမ်းဆောင်ရည်မြင့်နေပြီ။ နီပေါ၏စီးပွားရေးအလုံးအထည်က တရုတ်နဲ့ယှဉ်လျှင် အဆလေးရာကျော်သေးသိမ်ကြုံလှီသည်။

တရုတ်တို့၏ စွမ်းဆောင်ရည်များက နီပေါကဲ့သို့အိမ်နီးချင်းများတွင် ရင်းနှီးမြုပ်နှံအကျိုးစီးပွားစိုက်ထူရန်အာသာငမ်းနေသည်။

ဤတွင် အိန္ဒိယထံမှမျက်စီစပါးမွှေးမစူးမိရန်ဇက်ပိုးပြန်သတ်ရပြန်သည်။

တရုတ်တို့ နီပေါတွင်ဩဇာလွမ်းလာသည်ဆိုခြင်းက”လျှမ်းတောက်သော သမိုင်းလက္ခဏာကိစ္စရပ်” အဖြစ်မျှသာပုံဖော်ပြရသည်။

အိန္ဒိယ၏ဩဇာရိပ်ကိုခိုကာ ထိုအခက်ချိုးပြ၍မရပေ။ အိန္ဒိယဩဇာကတောင်အာရှနိုင်ငံများတွင်လျော့တွက်ခံရဖူးသည်။

အိန္ဒိယကိုယ်တိုင် အာရှပါဝါဖြစ်လာသည်က ပစ္စုပ္ပါန်သမိုင်းပင်ဖြစ်သည်။

နီပေါအတွက် တရုတ်သည် အလိုအလျှောက်အိန္ဒိယလို ဖြစ်လာစရာတော့မရှိပေ။

ဟန်ချက်ထိန်းခြင်း (COUNTERWEIGHT)

စူပါပါဝါများက ၎င်းတို့၏ပါဝါကို နိုင်ငံတကာယန္တယားစနစ်ထဲသို့မျှဝေလာမည်လား။

ဤအချက်က လုံးဝမဖြစ်နိုင်သောအရာ (Improbable Thing)ဖြစ်သည်။ လက်တွေ့မမြင်ရနိုင်သောအရာ(Impractical Thing)လည်းဖြစ်သည်။

အမေရိကန်ကနီပေါအတွက် အဝေးကွင်းပါဝါထိန်းညှိ့သူ (Off-Dhore Power Balancer)ဖြစ်သည်။ အမေရိကန်က တိကျသောအကန့်အသတ်များမှလွဲ၍ နီပေါအနေဖြင့် တရုတ်၏ဩဇာထီးရိပ်ကို ခိုကပ်မည်ကို ကြိုက်မည်
မဟုတ်ပေ။

အိန္ဒိယဟူသည်ပင်လျှင် ဒီမိုကရေစီနောက်ကို လိုက်သူမဟုတ်ပေ။ သို့သော် ယူရေးရှားဒေသတဝိုက်သို့တရုတ်ဩဇာဖြန့်မလာစေရန် အမေရိကန်အတွက်ဟန်ချက်အဖြစ် အိန္ဒိယကိုယ်ထင်ပြတတ်သည်။

ဝါရှင်တန်ဘက်က ပတိပြတ်မျှော်လင့်ချက်မှာ နီပေါထဲတွင်တရုတ်ဆုံးဖြတ်ချက်များလွှမ်းမိုးမှုမရှိရန်ပင်ဖြစ်သည်။

ဘေကျင်းအနေဖြင့်လည်း နီပေါ၏ရောင်စုံနိုင်ငံရေးကားချပ် (Political Tapestry)ထဲတွင် အမေရိကန်ကလက်ကုန်နှိုက်နေချိန် ၎င်းအနေဖြင့်ဟိမဝန္တာနယ်စပ်တလျှောက်ပရိယာယ်ကြွယ်ဝသူ (Manoeuvre)အဖြစ်သာ ရှိနေချင်ပုံမရပေ။ ထိုထက်မက အရေးပါအရာရောက်ချင်ပုံရသည်။

အဆိုပါစူပါပါဝါများ၏ အကွက်များက နီပေါကိုပေါက်ကွဲထွက်သောနိုင်ငံ (Combustible State)ထိဖြစ်စေနိုင်သည်။ပေါက်ကွဲရန်တင်းမာမှု (Friction Points)များက နီပေါအတွက်စီမံအုပ်ချုပ်ရေးလမ်းကြောင်းထက်တွင် အသင့်ရှိနေသည်။

တောင်အာရှဒေသတခွင်၏တည်ငြိမ် အေးချမ်းကိုပျက်သွားစေနိုင်လောက်ထိ ခေါင်းခဲစရာများက နီပေါအုပ်ချုပ်ရေးတွင် အမှန်တကယ်ရှိနေသည်။

တောင်အာရှတွင်ဖြစ်နေသော ပါဝါအားပြိုင်မှုများထဲတွင် မိမိ၏လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ကျန်ရှိနေအောင်လက်ရှိနီပေါအစိုးရသစ်ဘာလုပ်မည်နည်း။

ဤမေးခွန်း၏အဖြေကလည်း “ဘာဖြစ်လာမည်ကိုစောင့်ကြည့်ကြပါစို့” ဟူ သောအပိုင်းလောက်တွင်သာ ဒစ်လည်နေမည်။ဘာကြောင့်ဆိုဖြစ်တန်ရာများကကိန်းရှင်(Variables)ဆန်လွန်းသည်။ ယိုပေါက်မရှိသောတွက်ချက်မှုများ (Watertight Prognostications)ဖြင့်တော့ ပစ္စုပ္ပါန်အခင်းအကျင်းကို သတ်မှတ်၍မရသေးပေ။

နိုင်ငံတကာအပြောင်းအလဲများကပင် နီပေါပြည်တွင်းနိုင်ငံရေးကို ပုံဖော်နေသည်။

နှစ်ဆယ်တရာစု၏ ပထမပိုင်းလေးပုံတပုံအချိန်ကာလများကို ကြည့်ပါက မရေရာမသေချာမှုများဖြင့် အပြန်အလှန်မှီခိုသက်ရောက်နေခဲ့သည်။

ညောင်ဦးကမ်းပါးပြိုစန္ဒာဂိုရ်နွားမ ပေါင်ကျိုး(Interplay Of Interdependent Variables)ဖြင့် မရေရာမှုဖြင့်ဆက်စပ်နေရသည်။

​ပထဝီဝင်နိုင်ငံရေး တွေးခေါ်ပညာရှင် ရောဘတ်ကပ်ပလင်(Robert Kaplan) ဥပမာပေးခဲ့သလိုမျိုးပင် အခြေအနေများက တူရိယာတခု၏ကြိုးများလို တင်းဆွဲနေသည်။ကြိုးတနေရာကိုသာ ဖိအားပေးလိုက်ပါက ကြိုးတပင်ပြတ်လျှင်တူရိယာတခုလုံးပျက်သွားနိုင်သည်။

ထိုနည်းအတိုင်းပင် နီပေါနိုင်ငံရေး၌ စူပါပါဝါများကြားဟန်ချက်ပျက်ပါက စနစ်တခုလုံးခန့်မှန်းမရနိုင်သောဖြစ်စဉ်များဖြင့် ရိုက်ခတ်သွားစေနိုင်သည်။

​နီပေါနိုင်ငံ၏အခြေအနေမှာ နိုင်ငံအတွင်း အရပ်ဘက်- စစ်ဘက်ခေါင်းဆောင်မှုများကြားက ဆက်ဆံရေး၊ဒေသတွင်းရှိတရုတ်၊အိန္ဒိယ၊အမေရိကန်ပြည် ထောင်စုသုံးပွင့်ဆိုင်အားပြိုင်မှုများတွ င် မူတည်နေခဲ့ပြီဖြစ်သည်။

(ဆောင်းပါးရှင် ဘတ်စကာကိုအီရာလာ (Bhaskar Koirala)၏ Tripolar Contestation Over Nepal ဆောင်းပါးအားဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဘတ်စကာကိုအီရာလာသည် ပီကင်းတက္ကသိုလ်နှင့်ဆက်စပ်သောလွတ်လပ်စွာလေ့လာဆန်းစစ်သူဖြစ်သည်။)

မူရင်းဆောင်းပါး…

https://nepalitimes.com/opinion/guest-editorial/tripolar-contestation-over-nepal

သတင်းအပြည့်အစုံဖတ်ရန် –

ဝါရှင်တန် #နယူးဒေလီ #နီပေါ #ဂျင်ဇီတော်လှန်ရေး #BNA

PrevPreviousအမေရိကန်ရဲ့ပင်လယ်ပြင်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၅ ဘီလီယံနီးပါးထိခိုက်နိုင်
Nextလက်ပံတောင်းတောင်မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုပြုလုပ်Next
Previous Post

အမေရိကန်ရဲ့ပင်လယ်ပြင်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၅ ဘီလီယံနီးပါးထိခိုက်နိုင်

Next Post

လက်ပံတောင်းတောင်မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုပြုလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

တပါတီစနစ်ရောဂါနဲ့ အာရက္ခပြည်- ၂

April 14, 2026

တရုတ်၊ လာအို၊ မြောက်ကိုးရီးယားလို့ တပါတီစနစ်ရောဂါ – ၁

April 14, 2026

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

April 12, 2026

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့်သစ္စာ ခံမှု-၇

April 11, 2026

​ဟိုင်ဂင်သဘောတူညီချက်အတိုင်း အပစ်ရပ်ရေး ဆက်ထိန်းသိမ်းမယ်လို့ PSLF/TNLA ဆို

အီရန်ဆိပ်ကမ်းသွား သင်္ဘော ၈ စီးကို အမေရိကန်ရေတပ် တားဆီးပိတ်ဆို့

ဂါဇာအပစ်ရပ်ကာလအတွင်း အစ္စရေးတိုက်ခိုက်လို့ ပါလက်စတိုင်း ၇၅၀ ကျော် သေဆုံး

လက်ပံတောင်းတောင်မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုပြုလုပ်

ဝင်ရိုးသုံးခုအားစမ်းပွဲကြားက နီပေါ

အမေရိကန်ရဲ့ပင်လယ်ပြင်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၅ ဘီလီယံနီးပါးထိခိုက်နိုင်

Releated Post

​ဟိုင်ဂင်သဘောတူညီချက်အတိုင်း အပစ်ရပ်ရေး ဆက်ထိန်းသိမ်းမယ်လို့ PSLF/TNLA ဆို

April 15, 2026

အီရန်ဆိပ်ကမ်းသွား သင်္ဘော ၈ စီးကို အမေရိကန်ရေတပ် တားဆီးပိတ်ဆို့

April 15, 2026

ဂါဇာအပစ်ရပ်ကာလအတွင်း အစ္စရေးတိုက်ခိုက်လို့ ပါလက်စတိုင်း ၇၅၀ ကျော် သေဆုံး

April 15, 2026
ဓာတ်ပုံ-ဆားလင်းကြီး - လက်ပံတောင်းတောင် ပင်မသပိတ်အင်အားစု

လက်ပံတောင်းတောင်မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုပြုလုပ်

April 15, 2026

ဝင်ရိုးသုံးခုအားစမ်းပွဲကြားက နီပေါ

April 15, 2026
Ref:Al Jazeera

အမေရိကန်ရဲ့ပင်လယ်ပြင်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၅ ဘီလီယံနီးပါးထိခိုက်နိုင်

April 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page