Border News Agency
မန္တလေး၊ ဧပြီ ၁၇။
မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ချေမှုန်းရေးမွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့က လွတ်မြောက်နယ်မြေတနေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ နိုင်ငံတော်အလံလေးပြုတာ၊ မိတ်ဖက်အဖွဲ့အစည်းတွေမှ ပေးပို့လာတဲ့သဝဏ်လွှာတွေကို ဖတ်ကြားတာ၊ ကြွရောက်လာတဲ့တာဝန်ရှိသူတွေမှ အမှာစကားပြောတာ၊ ထူးချွန်ဆုချီးမြှင့်တာတွေပြုလုပ်ခဲ့ပါတယ်။
သင်တန်းသားတွေမှ စစ်ကြောင်းပုံစံချီတက်အလေးပြုတာနဲ့ စစ်ကြောင်းအလိုက် သရုပ်ပြတဲ့အစီအစဉ်တွေနဲ့ အောင်မြင်စွာ ကျင်းပခဲ့ကြတာပါ။
အဲဒီအပြင် အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ရုံးချုပ် မှ တာဝန်ရှိသူတွေ ၊ မန္တလေးတိုင်းစစ်ဌာန မှ ဒု-ကွပ်ကဲရေးမှူးနဲ့တာဝန်ရှိသူတွေ ၊ မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတွေ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။


























