Border News Agency
နေပြည်တော်၊ ဧပြီ ၁၈။
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အမြန်ဆုံးချုပ်ငြိမ်းပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ ဒုသမ္မတတု ဒေါ်နန်းနီနီအေးက မနေ့ကကျရောက်တဲ့ နှစ်သစ်ကူးနေ့မှာပြောပါတယ်။
နိုင်ငံတော်သစ်ကို စတင်တည်ဆောက်နေပြီဖြစ်တာကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူအားလုံးက ငြိမ်းချမ်းသာယာရေးကို အ
လေးထားဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ လိုလားတောင့်တချက်နဲ့အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ လက်တွဲတည်ဆောက်ကြဖို့နဲ့ ငြိမ်းချမ်းတဲ့ လူမှုပတ်ဝန်းကျင်ကတဆင့် လူမှုစီးပွားဘဝတွေ တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး စည်းလုံးညီညွတ်ကြဖို့၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့နဲ့ နိုင်ငံအကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားပေးကြဖို့လည်းဆိုပါတယ်။






