Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း အာရက္ခဒေသ

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအကူအညီတွေလိုအပ်နေ

(ဓာတ်ပုံ - ကာကွယ်ဆေးထိုးဖို့လိုအပ်နေတဲ့စစ်ဘေးရှောင်ကလေးတဦး / BNA)

(ဓာတ်ပုံ - ကာကွယ်ဆေးထိုးဖို့လိုအပ်နေတဲ့စစ်ဘေးရှောင်ကလေးတဦး / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
37
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင်ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေမှာ နိုင်ငံတကာအကူအညီတွေလိုအပ်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဖိတ်ခေါ်တာဝန်ယူပေးသင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပိုမိုနေရာပေးသင့်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီးအခွင့်အရေးတွေဖော်ဆောင်ပေးသင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုပူးပေါင်းဆောင်ရွက်မှအာရက္ခဒေသပြန်လည်တည်ဆောက်ရေးအပါအဝင် အာရက္ခပြည်သူတွေရဲ့စားဝတ်နေရေး၊ကျန်းမားရေး၊ပညာရေးတွေ အထော က်အကူပြုမှာဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“လက်တလော အာရက္ခပြည်သူတရပ်လုံးရဲ့ဒုက္ခရောက်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ရင်းမှန်၊စေတနာမှန်နဲ့ကူညီချင်တဲ့ဆန္ဒရှိရင် နိုင်သလော က်တက်နိုင်သလောက်လုပ်ပေးရင်ကောင်းပါတယ်။ ပြည်သူတွေကတော့ ဒုက္ခပေါင်းစုံနဲ့ကြုံနေရတယ်။အဲဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းက ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်လွတ်လပ်လွတ်လပ်အရင်ခေတ်ပုံစံမျိုးမဖြစ်သေးတဲ့တိုင်အောင် အနည်းဆုံးမဟုတ်ရင်တောင် ပညာရေး၊ကျန်းမာရေး၊ စားနပ်ရိက္ခာတွေထောက်ပံ့ဖို့ WFP ပုံစံမျိုးနည်းနည်းပါးပါးဝင်လာရင် ပြည်သူတွေအတွက် အထောက်အကူဖြစ် နိုင်မယ်လို့မြင်ပါတယ်။”လို့ မောင်တောမြို့နယ်မှသက်လူမျိုးခေါ င်းဆောင်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်ကအာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့ကန့်သတ်ထားသလို နိုင်ငံတ ကာလူသာချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ တွေကိုလည်း တားဆီးကန့်သတ်ထားပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေဟာ စားဝတ်နေရေး၊ကျန်းမာရေး၊ဘေးကင်း လုံခြုံရေးဆိုင်ရာအခက်အခဲစိန်ခေါ်မှုတွေကို ရ င်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြ ပါတယ်။

အဲဒီလိုအခက်အခဲစိန်ခေါ်မှုတွေကို ဒေသအခြေစိုက်အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့က ကူညီဆောင်ရွက်ပေးနေကြပေမယ့် တကယ့်မြေပြင်မှာအရပ်ဖက်အဖွဲ့အစည်းတွေအားနည်းသွားသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေမရှိကြသေးဘူးလို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါ တယ်။

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးအပါအဝင် အာရက္ခပြည်သူတွေအတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို မဖြစ်မနေလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ခုချိန်ထိ ULA/ AA အစိုးရအနေနဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ ရခိုင်ပြည်ရဲ့ရှေ့အနာဂတ်ကိုသွားဖို့အတွက်ဆောင်ရွက်နေတယ်ပုံစံမျိုးတော့ မမြင်ရသေးပါဘူး။နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း တော်လှန်ရေးအစိုးရအပေါ်မှာ ယုံကြည်စိတ်ချမှုမရှိသေးပါဘူး။နိုင်ငံမပေါ်သေးလို့လားဆိုတာကိုတော့ ပြောလို့မရပါဘူး။အရင်ခေတ်ပုံစံမျိုး အဖက်ဖက်ကနေပြီးတော့ စစ်အစိုးရခေတ်မှာလည်း အစိုးရကကျန်းမာရေးဌာနလို့ ပြောထားပေမယ့် နိုင်ငံတကာကပံ့ပို့ကူညီမှုတွေနဲ့ပဲအသက်ရှင်ကျန်ခဲ့ရတာပါ။ကျနော်တို့ မောင်တော၊ဘူးသီးတောင်ကလက်တွေ့ပါပဲ။”လို့မောင်တောဒေသခံလူကြီးတဦးက Border News Agency သို့ ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြည်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေသလို လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးရုံး(HDCO)တွေ ဖွင့်လှစ်ဆောင်ရွက်နေပေမယ့် အာရက္ခပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အများကြီးလိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)အကြီးအကဲအဖြစ် အာရက္ခတပ်တော်(AA)တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကိုဖြစ်သူထွန်းမင်းနိုင်က ဦးဆောင်တာဝန်ယူပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီပေးရေးအဖွဲ့တွေ၊နိုင်ငံတကာသံရုံးတွေအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်သူတွေအတွက်အရေးကြီးတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး အဖွဲ့တွေကို အကာအကွယ်ပေးပူးပေါင်းဆောင်ရွက်လာကြအောင်လမ်းဖွင့်ပေးထားသင့်တယ်လို့ အာရက္ခပြည်သူတွေက ဆို ကြပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေက ဘယ်နေရာကလာလာလာလို့ရတာကို။စစ်အစိုးရလည်း ခွင့်ပြုနေတာပဲ။ ULA/AA ကလည်းခွင့်ပြုနေတာပဲ။လာဖို့လူတွေက သူတို့ရဲ့လုံခြုံရေးကဏ္ဍ၊နိုင်ငံရေးအရပေါင်းရင်ကောင်းမလား။မပေါင်းကောင်းမလားပုံစံမျိုးဖြစ်နေပါတယ်။လုပ်ရင်ကောင်းမလား၊မလုပ်ကောင်းမလားပုံစံမျိုးပေါ့။ပြည်သူတွေကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ဒုက္ခရောက်နေကြပါတယ်။ပြတ်ပြတ်သားသားနဲ့လာရင် ဒီကအဆင်ပြေတာပါပဲ။လာမယ့်သူတွေက စိုးရိမ်စိတ်နဲ့ ဖြစ်နေကြပါတယ်။ပြည်သူလူထုကတော့ငတ်မွတ်ခေါင်း ပါးမှု၊တကျပ်တန်ကိုတထောင်ပေးလို့စားနေရပါတယ်။”လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ရှည်လများတပ်စွဲနေထိုင်ခဲ့ကြရာတောတောင်တွေမှာ မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်ပစ္စည်းတွေ ကျန်ရှိနေတယ်လို့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဆိုပါတယ်။

အဲဒါကြောင့် တောတောင်၊သဘာဝကိုမှီခိုပြီးဝမ်းရေးဖြေရှင်းကြရတဲ့ဒေသခံပြည်သူတွေဟာ အန္တရာယ်ကြီးတွေကြားမှာ ရုန်းကန်လှုပ်ရှားနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီကျေးရွာတွေဟာ ဝေးလံခေါင်းပါးကြသလို လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲကြတာမို့ ဆေးကုသမှုခံယူဖို့စိန်ခေါ်မှုတွေကို ကြုံတွေ့နေကြရတယ်လို့လ ည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့အ ကူအညီတွေကို မဖြစ်မနေလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူတွေရဲ့ စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေး၊အသက်မွေးဝမ်းကျောင်းအလုပ်တွေအပါအဝင် အခြေခံလိုအပ်ချက်တွေကို ကူညီဖြေလျှော့ပေးကြဖို့အတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီတွေလိုအပ်နေကြတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အဲဒီနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီပေးရေးအဖွဲ့တွေအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ လာရောက်ရုံးဖွင့်အကူအ ညီပေးနိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ တာဝန်ယူမှု၊တာဝန်ခံမှုတွေလိုအပ်သလို ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေအပါအဝင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်တွေရဲ့ပြောဆိုဆက်ဆံပူပေါင်းမှုတွေလည်းအရေးကြီးတယ်လို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီပေးရေးအဖွဲ့တွေနဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

“လက်ရှိရခိုင်ပြည်မှာ လိုအပ်နေတဲ့ ရှိနေတဲ့ CSOsတွေရဲ့အခွင့်အရေးတွေကို မြင့်တင်ပေးဖို့ အုပ်ချုပ်တဲ့ ULAAA မှာ တာဝန်အပြည့်အဝရှိတယ်လို့ မြင်ပါတ ယ်။ပြီးတော့ သူတို့တွေရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ၊လွတ်လပ်စွာခရီးသွားလာခွင့်တွေကိုလည်းခွင့်ပြုပေးရလိမ့်မယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။”လို့ဦးမောင်မောင်ကြည်က Border News Agency သို့ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအ ဝင် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်မြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတာမို့ စစ်ကောင်စီတပ်ကအရပ်သားပြည်သူနေရာတွေကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေနေရပ်စွန့်ခွာထွက်ပြေးနေကြရသလိုသေဆုံးဒဏ်ရာရတာတွေ၊မတရားဖမ်းဆီးခံရတာတွေ၊အမှုဖွင့်တရားစွဲဆိုခံရတာတွေ၊နေအိမ်တွေမီးလောင်ပျက်စီးတာတွေလည်း နေ့စဥ်ရက်ဆက်ကြုံတွေ့ နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊အာရက္ခ-ပဲခူးနယ်ခြား၊အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သလို အာရက္ခ-အိန္ဒိယနယ်စပ်၊အာရက္ခ-ဘင်္ဂလာနယ်စပ်ကိုလည်းအပြီးသတ်ထိန်းချုပ်ထားပါတယ်။

အဲဒီနယ်စပ်တွေကတဆင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပေးလို့ရနိုင်ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေဟာ မျက်ကွယ်ပြုထားကြတုန်းပဲလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousမောင်တောဒေသမှာ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ လိုအပ်နေ
Nextအာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားသူတရာကျော်ကိုပြန်လွှတ်ပေးNext
Previous Post

မောင်တောဒေသမှာ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ လိုအပ်နေ

Next Post

အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားသူတရာကျော်ကိုပြန်လွှတ်ပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page