Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဝှက်ဖဲကိုယ်စီကိုင်ထားသော ကစားပွဲတွင် ကြေးပုံအောလောင်းခိုင်းခြင်း

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၂၈။

လူထု၏အသက်၊ သွေး၊ ချွေးကို ချပေးရယူရင်းနှီးကာလှုပ်ရှားနေသောနိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတခုတွင် ထိုအဖွဲ့အစည်း၏ “နိုင်ငံရေးပဋိညာဉ် (Political Charter)” နှင့် “အနာဂတ်ဗျူဟာ” ကို အသက်၊ သွေး၊ ချွေးကို ပေးထားရသောလူထုသိခွင့်ရှိသည်။

အာဏာရလာပါက သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာပါက မည်သည့်ပုံစံစ နစ်မျိုးဖြင့်အုပ်ချုပ်မည်နည်းဆိုသော အချက်အပေါ်တွင် လူထုသိပိုင်ခွင့်ရှိသည်။

ထိုသိပိုင်ခွင့်အား တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများ ရှင်းပြရန်တာဝန် ရှိသည်။

မိမိတို့၏မူဝါဒများအပေါ် လူထုသိပိုင်ခွင့်ကို လမ်းဖွင့်ပေးခြင်းနှင့် လူထုအားရှင်းပြခြင်းစသည့်ကိစ္စရပ်မှာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအတွက် လူထုစည်းရုံးရေးလုပ်ငန်းစဉ်ဖြစ်သည်။

လူထုအားစည်းရုံးခြင်း၊ လူထုနှင့်စဉ်ဆက်မပြတ်ထိတွေ့ခြင်းတွင် လူထု၏ယုံကြည်မှုရရန်အရေးကြီးသောချဉ်းကပ်နည်းမှာ လူထုဘက်မှ မိမိတို့တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအားများ များမေးခွန်းထုတ်ခိုင်းခြင်းဖြစ်သည်။

မိမိတို့၏မူဝါဒအပေါ် လူထုအားများများဆွေးနွေးဝေဖန်ခိုင်းသောနယ်ပါယ် ပိုမိုကျယ်ဝန်းလာရန်အစီအစဉ်များကိုလည်း လူထုစည်းရုံးရေးလုပ်ငန်းစဉ်တွင် ရေးဆွဲထားရမည်ဖြစ်သည်။

တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းဟူသည် “လူ့အဖွဲ့အစည်းအတွင်းကာလကြာရှည်ဖြစ်ပျက်နေသောဆင်းရဲဒုက္ခကိုကုစားရန်”ပေါ်လာသောအဖွဲ့အစည်းသာဖြစ်သည်။

မိမိတို့အဖွဲ့အစည်းအပေါ် ဝေဖန်ခွင့်မရှိ၊ မေးခွန်းထုတ်ခွင့်မရှိ၊မိမိတို့ပြောသမျှကိုသာလိုက်နာဟူသောပုံစံဖြင့် လူထုအားယုံကြည်မှုထက် အကြောက်တရားကိုပိုပေးသော ထိတွေ့မှုများက ရလဒ်ကို ပြောင်းပြန်ထွက်လာစေသည်။

ဆင်းရဲဒုက္ခ၏ဇစ်မြစ်ကို ဆွဲနုတ်၍စနစ်ကို တည်ဆောက်ခြင်း

အထက်တွင်ဆိုခဲ့သည့်အတိုင်းပင်ဆင်း ရဲဒုက္ခကိုကုစားရန်ပေါ်လာသောအဖွဲ့အ စည်းဖြစ်သည်ဆိုပါလျှင် ကိုယ်ကုစားရမည့်ဆင်းရဲဒုက္ခ၏ဇစ်မြစ်ကိုလည်းလူထုဘက်သို့မျက်နှာမူ၍ဆန်းစစ်ပြရဲရန် လည်းလိုအပ်သေးသည်။

ရခိုင်လူထုသည်လည်းကောင်း၊ မြန်မာလူ့အဖွဲ့အစည်းသည်လည်းကောင်း အာဏာရှင်စနစ်ကို မလိုလားကြပေ။

အာဏာရှင်စနစ်က ဆင်းရဲဒုက္ခကိုဖြစ်စေသည်ဟု လက်ခံထားကြသည်။

မြန်မာလူ့အဖွဲ့အစည်းတွင် အာဏာရှင်စနစ်ပေါ်လာခြင်း၏ ဇစ်မြစ်မှာ လူမျိုးစုများ၏တန်းတူညီမျှမှုပျောက်ဆုံးနေမှုကြောင့်ဖြစ်သည်။

သို့ဖြစ်၍ ဆင်းရဲဒုက္ခ၏ ဇစ်မြစ်ကို တိုက်ဖျက်ရန် မိမိတို့အတွက် တန်းတူညီမျှမှုကို ရရှိရန်လိုသည်။

တန်းတူညီမျှမှုမရသမျှကာလပတ်လုံး အာဏာရှင်စနစ်၏ ခါးသီးမှုကို ခံစားနေရမည်ဖြစ်သည်။

ဤတွင် ရခိုင်လူထုနှင့် မြန်မာလူ့အဖွဲ့အစည်းအတွက် ခါးသီးသောအာဏာရှင်စနစ်၏ရိုက်ခတ်မှုဟူသည်ကိုလည်း ဆန်းစစ်ရန်လိုလာသည်။

ရခိုင်လူထုဖြစ်စေ၊ မြန်မာလူ့အဖွဲ့အစည်းဖြစ်စေ မိမိတို့အား အာဏာလုပ်ပိုင်ခွင့်ရှိသူက တရားမျှတမှုမရှိစွာဆက်ဆံခြင်းကို မလိုချင်၊ အနိုင်ကျင့်စော်ကားမှုကို မလိုချင်၊ မည်သည့်အာဏာပါဝါရှေ့တွင်မဆို ပြည်သူလူထုတွင် တန်ဖိုးထားသင့်သောလူဂုဏ်သိက္ခာနှင့်အညီသာ ဆက်ဆံခံလိုကြသည်။

သို့သော် လွန်ခဲ့သောဆယ်စုနှစ်လေးငါးခုကပင် ယနေ့အချိန်ထိ ရခိုင်လူထုဖြစ်စေ၊ မြန်မာလူ့အဖွဲ့အစည်းဖြစ်စေ အာဏာပါဝါရှေ့တွင် တန်းတူညီမျှမှု၊ လူသားဂုဏ်သိက္ခာရှိပါသည်ဟူသော ခံစားချက်မျိုးခမ်းခြောက်နေခဲ့ရပြီဖြစ်သည်။

ပြဿနာက ရခိုင်လူထုနှင့် မြန်မာလူ့အဖွဲ့အစည်းတွင် အကယ်၍ဆင်းရဲဒုက္ခကို ကုစားပေးမည့်သူများကိုယ်တိုင်က အာဏာရှင်ဆန်လာလျှင် မည်သို့ပြုကြမည်နည်းဆိုသည့်ပြဿနာဖြစ်သည်။

ဤမေးခွန်းက တော်လှန်ရေး၊ နိုင်ငံရေးတွင် ကိုယ်ကျိုးမဖက်ပေးဆပ်မှုသက်သက်ဖြင့် အငတ်ငတ်အပြတ်ပြတ်ခံလာခဲ့သော ပုဂ္ဂိုလ်တချို့အပေါ်တွင်တရားမည်မဟုတ်ပေ။

သို့သော် ထိုသို့ပေးဆပ်လာသော ပုဂ္ဂိုလ်များကိုယ်တိုင်ကလည်း ဤမေးခွန်းက လိုအပ်ချက်ဖြစ်သည်ကိုလည်း အသိအမှတ်ပြုကြမည်သာဖြစ်သည်။

ဆင်းရဲဒုက္ခကိုကုစားပေးမည့်သူများကိုယ်တိုင်က အာဏာရှင်မဖြစ်လာစေရန် လူထုဘက်ကဆောင်ရွက်၍ရသော အချက်အချို့ရှိပါသည်။

သို့သော် ထိုအချက်များသည်ပင်လျှင် လက်နက်ပါဝါဖြင့် အမိန့်အာဏာတည်မှုကိုသာအရသာတွေ့နေသော၊ ကိုယ်ကျိုးအတ္တရှာသောအုပ်စုများဘက်မှအပြင်းအထန်းဖိနှိပ်ထားမည့်အချက်များလည်းဖြစ်သည်။

အဖွဲ့အစည်း၏ “နိုင်ငံရေးရည်မှန်းချက် (Political Vision)” ရှင်းလင်းစွာချပြခိုင်းနေရန်လိုအပ်သည်။

ဤအချက်က “တော်လှန်ရေးအောင်မြ င်ပြီး နောက်ထပ်အာဏာရှင်ဖြစ်လာမည်လော” ဆိုသည့်မေးခွန်းအတွက် တစုံတရာအထိန်းအကွပ်ဖြစ်လာမည်ဖြစ်သည်။

စနစ်ကိုတည်ဆောက်ခြင်းထက် “အာဏာကိုအစားထိုးခြင်း(The Substitution Effect)”သာဖြစ်သွားမည်ကို ဟန့်တားနိုင်မည့်နည်းလမ်းများကို လူထုသည် ကိုယ့်အချင်းချင်းသော်လည်းကောင်၊ အဖွဲ့အစည်းကိုသော်လည်းကောင်း မေးခွန်းထုတ်ကြရန်လိုအပ်သည်။

အကယ်၍တော်လှန်ရေးအဖွဲ့အစည်းတခု၏လုပ်ရပ်သည် “စနစ်(System)”ကို တည်ဆောက်နေခြင်းမျိုးမဟုတ်တော့ဘဲ မိမိတို့မနှစ်သက်၍ဖယ်ရှားခဲ့သောနေရာမှစနစ်လည်ပတ်မှုကို ထပ်မံပုံတူကူးနေသလိုဖြစ်နေပါက ထိုလုပ်ရပ်မှာ စနစ်ထက် “ပုဂ္ဂိုလ်” ကိုသာ ပြောင်းလဲရန် ရည်မှန်းချက်ထားသလိုဖြစ်နေမည်။

ဌာနဆိုင်ရာယန္တယားများတွင် လည်ပတ်မှုစနစ်ကိုသာ ပုံတူကူးသလိုဖြစ်နေ၍အာဏာရလာသောအခါအရင်အစိုးရ၏နေရာကိုသာ အစားထိုးဝင်ယူသွားသလိုသာဖြစ်နေမည်ဖြစ်သည်။

မည်မျှပင်တော်လှန်ရေးလုပ်လုပ်အုပ် ချုပ်ပုံစံစနစ်(Governance)မပြောင်းလျှင်၊ အာဏာရှင်ဟောင်းနေရာ၌ အာဏာရှင်သစ်တက်လာရန်သာရှိတော့သ ည်။

“စစ်ရေးအမြင်သာရှိပြီးနိုင်ငံရေးအမြင်မရှိခြင်း(The Military-First Trap)”အပေါ် လူထုပြန်လည်ကိုင်တွယ်နိုင်ရန်လိုသည်။

တော်လှန်ရေးအဖွဲ့အစည်းများတွင် စစ်ရေးကို အောင်မြင်အောင်လုပ်နိုင်သော် လည်း နိုင်ငံရေးအပေါ် စီမံခန့်ခွဲမှုတွင်ပါ “အမိန့်ပေးစနစ်(Command and Control)” ကိုသာ သုံးတတ်ကြသည်။

တိုင်းပြည်အပေါ် အုပ်ချုပ်ရန်အတွက် ဒီမိုကရေစီ၊ဥပဒေစိုးမိုးရေး၊စီးပွားရေးစီမံခန့်ခွဲမှုနှင့်လူ့အခွင့်အရေးနယ်ပါယ်များကိုနားလည်သော“အရပ်သားနိုင်ငံရေးအမြင်(Civilian Political Vision)” လိုအပ်ကြောင်းကို လူထုသည် ခဏခဏအပြန်အလှန်အသိပေးနေရန်လိုအပ်သည်။

ထိုသို့အသိမပေး၊ စောင့်မကြည့်ပါက စစ်တပ်စတိုင်လ်ပုံစံဖြင့် အုပ်ချုပ်မှုက ထပ်မံအမြစ်တွယ်လာမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လူထုအတွက်တော့ “ဝေဖန်မှုကင်းမဲ့ခြင်း(Lack of Accountability)” အခြေအနေမျိုးကို အတွန်းပို့ခံနေရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သွေးထွက်သံယိုဖြစ်သောတော်လှန်းရေးများသည် စိတ်လည်းမရှည်တတ်ကြပေ။

သို့ဖြစ်၍ဒီမိုကရေစီ၊ ဥပဒေစိုးမိုးရေး၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့်လူ့အခွင့်အရေးနယ်ပါယ်၊အရပ်သားနိုင်ငံရေးအမြင်ဆို သည့်အချက်များအပေါ် စစ်ရေးဘက်မှ ပုဂ္ဂိုလ်များနှင့်၎င်းတို့အနီးတွင်အခွင့်အ ရေးရနေသူများက နားခါးနေတတ်သ ည်။

သို့သော် လူထုအနေဖြင့်(Lack of Accountability)အခြေအနေမျိုးကို ဝေ ဖန်မှုမပြုလျှင်လည်း ရင်ဆိုင်ရမည်၊ဝေ ဖန်မှုပြုနေလျှင်လည်းရင်ဆိုင်ရမည်သာဖြစ်သည်။ဝေဖန်မှုမပြုဘဲရင်ဆိုင်မှုက ဝေဖန်မှုပြုခြင်းထက်ရေရှည်တွင်ဆိုးကျိုးကို ပိုများစေသည်။ဝေဖန်မှုပြုပါကလည်း လတ်တလောတွင်”ဒလန်” ဟု တံဆိပ်ကပ်ခံရမှုရှိလာနိုင်သည်။

လူထုကို အမှန်တကယ် နိုင်ငံရေးရေချိန်မြင့်ပေးရဲသလား

မိမိအခွင့်အရေးကို သဘောပေါက်လာသောလူထုသည် အာဏာရှင်ကို ရင်ဆို င်နိုင်သော စွမ်းအားရှိသည်။လူထုကို နို င်ငံရေးရေချိန်မမြင့်ဘဲ ခေါင်းဆောင်ကို ဘုရားသဖွယ်ကိုးကွယ်ပြကာ ဟန် ဆောင်ပြခြင်း၊အကျိုးအကြောင်းမေး ခွန်းထုတ်သူများကို အဖွဲ့အစည်းထဲမှ ဘေးဖယ်ထုတ်ခြင်းစသည့် အခြေအ နေမျိုးက မိမိတို့၏တော်လှန်ရေး၊နိုင်ငံ ရေးအဖွဲ့အစည်းအား မိမိကိုယ်တိုင်ကပင် အာဏာရှင်လမ်းကြောင်းပေါ်ကို တည့်တည့်တိုးဝင်ခိုင်းနေသလို ဖြစ်စေတော့သည်။

မည်သို့ကာကွယ်ကြမည်နည်း(The Path to Avoid Dictatorship)

ကာကွယ်လိုပါက လူထုအား အောက်ပါ အချက်များအတွက် လမ်းဖွင့်ပေးရမည်ဖြစ်သည်။

လက်ရှိတွင် “စစ်ဘယ်အချိန်တွင်ပြီးမည်နည်း။”၊”စစ်နိုင်ပါက ဘာလုပ်မည်နည်း။”ဆိုသော မေးခွန်းမျိုးက ဖြေရမည်သူများအတွက် အကျဉ်းအကျပ်ဖြစ်နေနိုင်သည်။

ထိုသို့မေးခွန်းမျိုးထက် လူထုဘက်မှ “စစ်နိုင်လျှင်မည်သည့်စနစ်ဖြင့်မည်သို့အုပ်ချုပ်မည်နည်း၊ မိမိဒေသ၊ မိမိလူမျိုးစုများအတွက် အာဏာကို မည်သို့ခွဲဝေမည်နည်း”ဆိုသော အချက်များကို လူထုသည် ကိုယ့်အချင်းချင်းကို လည်းကောင်း၊ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းကိုသော်လည်းကောင်း အမြဲမေးခွန်းထုတ်နေသင့်သည်။

တော်လှန်ရေးသမားများ အာဏာရှင် ဖြစ်မဖြစ်ဆိုသည်က ၎င်းတို့၏ “စေတနာ” ထက် ၎င်းတို့တည်ဆောက်ထားသော “စနစ်(System/Constitution)” အပေါ်တွင်သာ မူတည်ပါသည်။

ဝှက်ဖဲလား၊ အခက်အခဲလား

အဖွဲ့အစည်းများ၏အခက်အခဲ(The Nuance of Revolution)မှာ လာမည့်အနာဂတ်အတွက်စနစ်၊ မူဝါဒ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစသည့်အချက်များကိုတော်လှန်ရေးကာလထဲတွင် အပြည့်အစုံရေး ဆွဲရန်မှာအခက်အခဲတချို့ ရှိနိုင်သည်။

ပြောင်းလဲနေသောအခြေအနေ (Fluidity)အရ တော်လှန်ရေးကာလထဲတွင် နယ်မြေ၊ မဟာမိတ်အခြေအနေ စသည်တို့က အချိန်နှင့်အမျှပြောင်းလဲနေသည်။

တချို့နိုင်ငံရေးညှိနှိုင်းမှုများအတွက် မိမိလိုလားချက်အသေးစိတ်ကို အစောကြီးချပြလိုက်ခြင်းက ပြိုင်ဘက်အတွက် အားသာချက်ဖြစ်သွားနိုင်သလိုမဟာမိတ်အဖွဲ့အစည်းများကြားတွင်လည်း အငြင်းပွားစရာများဖြစ်လာနိုင်သည်။

ထိုအခြေအနေများကြောင့် “နည်းပညာပိုင်းဆိုင်ရာဖွဲ့စည်းပုံအသေးစိတ်”အပေါ် ဗျူဟာမြောက်လျှို့ဝှက်ချက် (Strategic Ambiguity)အဖြစ်ထားရှိပြီး လူထုအားချပြရန်အချိန်ကာလတခုကို စောင့်ကောင်းစောင့်နေနိုင်သည်။

ထို့ကြောင့် အနာဂတ်အတွက် ဖွဲ့စည်းပုံ၊ စနစ်၊ မူဝါဒအပြီးသတ်ချမှတ်ဖို့ထက် “အခြေခံမူဝါဒများ(Core Principles)” ကို ချမှတ်ထားခြင်းက ပိုလက်တွေ့ကျလာသည်။

လူထုအနေဖြင့် မိမိတို့တော်လှန်ရေး၊နို င်ငံရေးအဖွဲ့အစည်း၏ “အခြေခံမူဝါဒများ(Core Principles)”ကို ခဏခဏ မေးခွန်းထုတ်ရန်လိုသည်။

မူဝါဒပိုင်း၊ စံနှုန်းပိုင်းများနှင့်ပတ်သက်၍ ဗျူဟာမြောက်လျှို့ဝှက်ချက် (Strategic Ambiguity)အဖြစ်ထားရမည့်အစိတ်အပိုင်းများရှိသော်လည်း လူထုကို ပွင့်ပွင့်လင်းလင်းချပြ၍ရသော “အခြေခံမူဝါဒများ(Core Principles)”၊ စံတန်ဖိုးများရှိနေမည်ဖြစ်သည်။

ရှိရှိသမျှအရာခပ်သိမ်းကုန်တို့သည် တော်လှန်ရေးကာလဖြစ်၍ ဗျူဟာမြောက်လျှို့ဝှက်ချက်(Strategic Ambiguity)ဆိုကာ လူထုအပေါ် ဝှက်ဖဲထားချဉ်းကပ်နေ၍မရပေ။ အဘယ်ကြောင့်ဆိုသော လက်ရှိတွင် လူထုအား ဘဝ၊ အသက်၊ မိသားစု၊ မျှော်လင့်ချက်များကို စွန့်ခိုင်းကာ”ထွက်ခွာမှုအားပိတ်ပင်ခြင်း၊ စစ်မှုထမ်းခိုင်းခြင်း”စသည်တို့ဖြင့် ကြေးပုံအောလောင်းခိုင်းနေပြီဖြစ်သည်။

လူထုအတွက် ပုံအောရမည့်လောင်း ကြေးတန်သလား

လူထု၏အသက်၊သွေး၊ချွေးကို ချပေးရယူရင်းနှီးကာ လှုပ်ရှားနေသော နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတခုတွင် ထိုအဖွဲ့အစည်း၏ “နိုင်ငံရေးပဋိညာဉ် (Political Charter)” နှင့် “အနာဂတ်ဗျူဟာ”ကို အသက်၊ သွေး၊ ချွေးကိုပေးထားရသောလူထုသည် သိခွင့်ရှိသည်။

ရှိရှိသမျှအရာခပ်သိမ်းကုန်တို့သည် တော်လှန်ရေးကာလဖြစ်၍ ဗျူဟာမြောက်လျှို့ဝှက်ချက်(Strategic Ambiguity)မဟုတ်သေးပေ။ မည်သည့်အတွက်ပေးဆပ်ရမည်ကို လူထုသိခွင့်ရှိသည်။

အကယ်၍တော်လှန်ရေး၊ နိုင်ငံရေးရည် မှန်းချက်(Political Vision)အပေါ် လူထုအတွက် ရှင်းလင်းမှုမရှိပါက တော်လှန်ရေးအောင်မြင်ပြီးနောက်တွင် အာဏာရှင်အသစ်များပေါ်ပေါက်လာရန် အလားအလာအလွန်များလှသည်။

သို့ဖြစ်၍လူထုအနေဖြင့်မိမိတို့၏ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအား အချစ်(သို့မဟုတ်)အကြောက်တရားတမျိုးတည်းဖြင့် ကြည့်နေချင်းထက် “စနစ်တကျစောင့်ကြည့်သောနိုင်ငံသား” အဆင့်မျိုးဖြင့်စောင့်ကြည့်နေမှသာ မိမိတို့ ပုံအောရသောလောင်းကြေးမရှုံးမည်ဖြစ်သည်။

PrevPreviousစစ်ကိုင်း PDF တွေအတွက် ကျည်ကာနဲ့ စစ်ဦးထုပ်တွေမြေပြင်သို့ရောက်
Nextရုရှားနဲ့ မဟာမိတ်ဖြစ်မှုခိုင်မာတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးပြောNext
Previous Post

စစ်ကိုင်း PDF တွေအတွက် ကျည်ကာနဲ့ စစ်ဦးထုပ်တွေမြေပြင်သို့ရောက်

Next Post

ရုရှားနဲ့ မဟာမိတ်ဖြစ်မှုခိုင်မာတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Ref/Photo - Kanchanaburi News

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

April 29, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

April 29, 2026

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

April 29, 2026

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

April 29, 2026

ပျော်ဘွယ်မှာမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လို့လူနေအိမ်တွေပျက်စီး

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

​အီရန်အစိုးရ ပြိုလဲလုနီးပါးဖြစ်နေပြီး ရေလက်ကြားပြန်ဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ ထရမ့်ဆို

Releated Post

Photo - PFSD

ပျော်ဘွယ်မှာမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လို့လူနေအိမ်တွေပျက်စီး

April 29, 2026
Ref/Photo - Kanchanaburi News

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

April 29, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

April 29, 2026

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

April 29, 2026

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

April 29, 2026

​အီရန်အစိုးရ ပြိုလဲလုနီးပါးဖြစ်နေပြီး ရေလက်ကြားပြန်ဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ ထရမ့်ဆို

April 29, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page