Border News Agency
နေပြည်တော်၊ ဧပြီ ၃၀။
အာဏာသိမ်းစစ်တပ်ဟာ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီတွေပြန်ဖွဲ့တယ်လို့ ဧပြီလ ၂၉ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီခရိုင်ကော်မတီမှာ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမှာပါ။
အဲဒီအဖွဲ့ဝင်တွေအဖြစ် စီမံကိန်း၊ ဥပဒေနဲ့ လဝက ခရိုင်ဦးစီးမှူးတွေအပြင် ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ပေးသူတဦးပါဝင်မှာဖြစ်ပါတယ်။
အဲဒီအပြင်မြို့နယ်အဆင့်မှာလည်း မြို့ နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် တာ ဝန်ယူပြီး အဖွဲ့ဝင်ငါးဦးနဲ့ ပြန်ဖွဲ့စည်းရမယ်လို့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာအတုအယောင်သမ္မတအဖြစ် အတင်းအဓမ္မရာထူးရယူထားပြီး အောက်ခြေအဆင့်ထိအုပ်ချုပ်ရေးကို သူစိတ်ကြိုက်ပြန်ဖွဲ့နေတာဖြစ်ပါတယ်။






