Border News Agency
မြောက်ဦး၊ ဧပြီ ၃၀။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ သျှမ်းတောင်ရွာသားတဦး အသတ်ခံရတာမို့ကျူးလွန်သူနှစ်ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးလိုက်ပြီပါတယ်။
အဲဒီလူသတ်မှုဟာ ဧပြီလ ၂၁ ရက်နေ့ ကဖြစ်တာဖြစ်ပြီး ချောရီဟူဆောင်းနဲ့ အာဒူဟာဘီကို သက်ဆိုင်ရာရဲစခန်းက (ပ)၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတာပါ။
သူတို့နှစ်ဦးဟာ အရက်ဆိုင်မှာ အရက်သောက်ရင်း စကားများရန်ဖြစ်နေတာကို အသက် ၆၂ နှစ်အရွယ် ဦးယူဖာခါပလာတူးက ဝင်ရောက်တားမြစ်ခဲ့ရာကစတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဝင်တားတာကို မကျေနပ်တဲ့အ တွက် ဦးယူဖာခါပလာတူးအရက်ဆိုင်ကအထွက် လယ်ကွင်းပြင်အရောက်မှာ ဝိုင်းရိုက်ကြလို့ သေဆုံးသွားတာပါ။
အဲဒီသေဆုံးသူရဲ့သားတိုင်လာတာမို့ဒီလပ်စခန်းက ဧပြီလ ၂၁ ရက်နေ့မှာနှစ်ဦးလုံးကိုဖမ်းမိခဲ့ပါတာ်။
အဲဒီအမှုကသက်သေခံပစ္စည်းတွေ သိမ်းဆည်းပြီးဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အမြန်ဆုံးတရားစွဲတင်သွားမယ်လို့ ဆိုပါတယ်။
လူသတ်မှုတွေလျော့လာစေဖို့အတွက် တရားမဝင်အရက်ရောင်းချတာတွေကို တားဆီးတာ၊ လက်နက်စွဲကိုင်သွားလာသူတွေကို အရေးယူတာတွေအပြင် ဥပဒေပညာပေးတာတွေကိုပါ တိုးလုပ်နေတယ်လို့ဆိုပါတယ်။






