Border News Agency
အမေရိကန်၊မေ ၁။
အမေရိကန်ဟာအီရန်စစ်ပွဲဆင်နွှဲဖို့အတွက် အခုအချိန်အထိအမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့် ကုန်ကျခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီကုန်ကျငွေအများစုဟာ ခဲယမ်းမီးကျောက်တွေအတွက် ဖြစ်တယ်လို့ ဘဏ္ဍာရေးမှူး Jules Hurst က လွှတ်တော်မှာ တင်ပြခဲ့တာပါ။
ဧပြီလ ၃၀ ရက်နေ့ မှာ ထွက်ပေါ်လာတဲ့ ဒီကုန်ကျစရိတ် ခန့်မှန်းချက်ထဲမှာ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ အရှေ့အလယ်ပိုင်းကအခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးစရိတ်တွေတော့ မပါဝင်သေးဘူးလို့ သိရပါတယ်။
ဒါပေမယ့် အီရန်မှာ နျူကလီးယားလက်နက် မရှိစေရေး ရည်မှန်းချက်နဲ့ဆိုရင် ဒီကုန်ကျစရိတ်ဟာ တရားမျှတမှုရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဆက်သ်က ခုခံပြောဆိုထားပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားကြပါတယ်။
ပင်တဂွန်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ထားသလို လေယာဉ်တင်သင်္ဘော သုံးစင်းအထိ ချထားပြီး စစ်ရေးအရှိန်ကို မြှင့်တင်ထားတယ်လို့ သိရပါတယ်။






