Border News Agency
ချင်းမိုင်၊ မေ ၃။
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံတဝှမ်းက အန္တရာယ်ကြားမှာ သတင်းမှန်အတွက်ကြိုးပမ်းနေတဲ့ အမျိုးသမီးသတင်းထောက်တွေကို မြန်မာအမျိုးသမီးမီဒီယာကွန်ရက် (MWiM) က ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။
RSF ရဲ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၆၆ ရှိနေပေမယ့် အမျိုးသမီးသတင်းသမားတွေကတော့ စိန်ခေါ်မှုတွေကြားက ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေကြတာပါ။
MWiM ရဲ့ သုတေသနအရ အမျိုးသမီးသတင်းထောက်တွေဟာအန္တရာယ်ရှိတဲ့နေရာက သတင်းဖြစ်တဲ့နေရာလို့ ခံယူထားကြပြီး ဒေသခံတွေ စစ်ရှောင်ချိန်မှာတောင် သတင်းရဖို့ အန္တရာယ်ကြားထဲ လိုက်သွားကြတယ်လို့ ဆိုပါတယ်။
ဒီလို ပေးဆပ်မှုတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဖော်ဆောင်နေတဲ့ အမျိုးသမီးတွေရဲ့ အသံနဲ့ လုံခြုံရေးဟာ မြန်မာ့မီဒီယာလောကအတွက် တကယ့်ကို အရေးကြီးတဲ့ မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။
အဲဒါကြောင့် နေရာအနှံ့မှာ အခက်အခဲတွေကြားက သတင်းမှန်ရဖို့ ကြိုးစားနေကြတဲ့ သတင်းသမားအားလုံးကို မြန်မာအမျိုးသမီးမီဒီယာကွန်ရက်က အလေးအနက် အသိအမှတ်ပြု ဂုဏ်ပြုထားပါတယ်။






