Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု – ၈

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မေ ၁၈။

လက်နက်ကိုင်တပ်ဖွဲ့တခု၏ ဂုဏ်သိက္ခာ (HONOR)နှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသတ္တိ (PERSONAL COURAGE)

လက်နက်ကိုင်ရခြင်းသည် လူသားဂုဏ်သိက္ခာကို လေးစားမှုကြောင့် လက်နက်ကိုင်ခြင်းဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့တခု၏အာဏာအားပိုင်ဆိုင်သူမှာ ပြည်သူလူထုဖြစ် သည်။

စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး၏ အဓိကအကျဆုံးအချက်မှာအရပ်ဘက် ပြည်သူလူထု၏အာဏာကို စစ်ဘက်မှနာခံခြင်းဖြစ်သည်။

ဤအချက်များက လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် အမြဲနှလုံးသွင်းနေရမည့် အချက်များဖြစ်စေသကဲ့သို့ စောင့်စည်းရမည့်ကျင့်ဝတ်တန်ဖိုးများလည်း ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့တခု၏ဂုဏ်သိ က္ခာဟူသည် မိမိတပ်ဖွဲ့ဝင်များ၏ကျင့်ဝတ်တန်ဖိုးများကို လိုက်နာမှုတွင် မူတ ည်နေသည်။

ဤနေရာတွင် တပ်ဖွဲ့ဝင်များဟူသည် အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များကိုပင် ဆိုလိုခြင်းမဟုတ်ပေ။ထိပ်ဆုံးအဆင့်မှ အဆင့်အသီးသီးသည်လည်း တပ်ဖွဲ့ဝင်များသာဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့တခုတွင် တပ်ဖွဲ့ဝင်တိုင်းသည်”စစ်သည်တော်ကျင့်ဝတ်တန်ဖိုးများ”ကို လိုက်နာစောင့်ထိန်းရန်လိုအပ်သည်။

တပ်ဖွဲ့ဝင်တယောက်အတွက်

  • (က)တပ်ဖွဲ့အတွင်းတွင် ဖြစ်စေ၊
  • (ခ)မြေပြင်အခြေအနေတွင် ဖြစ်စေ၊
  • (ဂ)တိုက်ပွဲအတွင်းတွင် ဖြစ်စေ၊

ကျင့်ဝတ်တန်ဖိုးများနှင့်ပတ်သက်၍ စိန်ခေါ်မှုများကို အချိန်မရွေးရင်ဆိုင်နေရနိုင်သည်။

ထိုအခြေအနေများတွင် ရုပ်ပိုင်းဆိုင်ရာအရလည်းကောင်း၊စိတ်ပိုင်းဆိုင်ရာအရလည်းကောင်း ကျင့်ဝတ်တန်ဖိုးများနှင့် ပတ်သက်၍လွှဲချော်သောအမိန့်များ၊ စေခိုင်းမှုများကို ကြုံတွေ့ရနိုင်သည်။ အမိန့်အာဏာ၏နောက်တွင်မိမိအတွက်ကြောက်ရွံ့မှု၊ အန္တရာယ်သို့မဟုတ် အခက်အခဲများက ရှိနေနိုင်သည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာသတ္တိ(PERSONAL COURAGE)ဆိုသည်မှာ အခါခပ်သိမ်းကြောက်ရွံ့စိတ်ကင်းမဲ့နေခြင်းကို ဆိုလိုသည်မဟုတ်ပေ။ကြောက်ရွံ့စိတ်ရှိနေသည့်အနေအထားမှပင်လုပ်ဆောင်ရန်လိုအပ်သည်များကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။

ထိုအခြေအနေတွင် ရုပ်ပိုင်းဆိုင်ရာသတ္တိနှင့်စိတ်ပိုင်းဆိုင်ရာသတ္တိဟူ၍ နှစ်မျိုးရှိပြီး စစ်သည်ကောင်းများတွင် ထိုသတ္တိနှစ်မျိုးလုံး ရှိကြသည်။

ရုပ်ပိုင်းဆိုင်ရာသတ္တိ(Physical courage)ဆိုသည်မှာ ကိုယ်ခန္ဓာထိခိုက်နာကျင်မည်ကို ကြောက်ရွံ့သောစိတ်ကို အောင်နိုင်ပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။

၎င်းသည် စစ်သည်တဦးအား ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းကိုကြောက်ရွံ့သော်လည်း တိုက်ပွဲအတွင်း စွန့်စားလုပ်ဆောင်နိုင်စေသည့် ရဲစွမ်းသတ္တိမျိုးဖြစ်သည်။

ထိုအရာနှင့်ဆန့်ကျင်ဘက်ဖြစ်သောစိတ်ပိုင်းဆိုင်ရာသတ္တိ(Moral courage) ဆိုသည်မှာ ခြိမ်းခြောက်မှုများ ရှိနေသ ည့်တိုင်အောင် မိမိ၏တန်ဖိုးထားမှုများ၊ မူဝါဒများနှင့်ယုံကြည်ချက်များအပေါ် ခိုင်ခိုင်မာမာရပ်တည်လိုသော စိတ်ဆန္ဒဖြစ်သည်။

ယင်းက စစ်သည်များအား အကျိုးဆက်သည် မည်သို့ပင်ဖြစ်စေကာမူ မိမိတို့မှန်ကန်သည်ဟု ယုံကြည်သည့်အရာအ တွက် ရပ်တည်ပြောဆိုနိုင်စေသည်။

မိမိတို့၏ဆုံးဖြတ်ချက်နှင့်လုပ်ရပ်များ မှားယွင်းသွားသည့်တိုင်အောင် ယင်းအတွက် တာဝန်ယူသူများသည် စိတ်ပိုင်းဆိုင်ရာသတ္တိကို ပြသရာရောက်သည်။သတ္တိရှိသော စစ်သည်များသည် မိမိကိုယ်ကိုယ် ဝေဖန်ပိုင်းခြားသုံးသပ်ရန်၊အကြံသစ်များကို စဉ်းစားရန်နှင့်ပြောင်း လဲရန်လိုအပ်သည်များကို ပြောင်းလဲရန် အမြဲအသင့်ရှိကြသည်။

ဂုဏ်သိက္ခာကင်းမဲ့သောဘဝဟူသည်အ ဓိပ္ပါယ်ရှိပေ။ အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းမှာ သေခြင်းတရားထက်ပင် ပို၍ဆိုးရွားလှသည်။ဂုဏ်သိက္ခာဟူသ ည် စစ်တပ်အတွင်းရှိ စစ်သည်များ၏ စရိုက်လက္ခဏာနှင့်ကိုယ်ကျင့်တရားအတွက်”ကိုယ်ကျင့် တရားဆိုင်ရာသံလိုက်အိမ်မြှောင်”တခုသဖွယ် လမ်းညွှန်ပေးနိုင်သည်။

လူအများစုက ဂုဏ်သိက္ခာဟူသော စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲတတ်ကြသည်။

သို့သော် အမှားနှင့်အမှန်ကို ပြတ်ပြတ်သားသား ခွဲခြားသိမြင်သူများ၊ပြောဆိုလုပ်ကိုင်သမျှ အပြစ်ပြောစရာမရှိအောင်နေထိုင်သူများအတွက်မူ ဂုဏ်သိက္ခာဆိုသည့်အရာကို အလိုလိုသိရှိခံစားနိုင်ကြသည်။

ထို့ကြောင့်”ဂုဏ်သိက္ခာရှိသူ”ဟူသော အသုံးအနှုန်းသည် တဦးတယောက်တွင် အမှန်တကယ်ရှိနေသည့် စရိုက်လက္ခ ဏာများပေါ်လွင်နေခြင်းသာမက ထိုသို့ပေါ်လွင်နေခြင်းကြောင့် ၎င်းအား လူ့အသိုင်းအဝိုင်းက အသိအမှတ်ပြု လေးစားခြင်းကိုပါ ဆိုလိုခြင်းဖြစ်သည်။

ဂုဏ်သိက္ခာဟူသည် စစ်သည်တော်ကျင့်ဝတ်တန်ဖိုးအားလုံးကို တခုနှင့်တခုခိုင်မြဲအောင် ပေါင်းစည်းပေးထားသောအရာဖြစ်သည်။

ထိုပြင် ဂုဏ်သိက္ခာဟူသောအရာတွင်လည်း သီးခြားဂုဏ်ဒြပ်ရှိသည်။

ဂုဏ်သိက္ခာရှိခြင်းဆိုသည်မှာ မည်သည့်အရာသည် အမှန်တရားဖြစ်သည်ကိုနားလည်ခြင်းနှင့်သက်သေပြနိုင်ခြင်းလည်း ဖြစ်သည်။

ထိုဂုဏ်သိက္ခာကြောင့် မိမိ၏ဂုဏ်သတ င်းအပေါ် လူ့အသိုင်းအဝိုင်း၏အသိအ မှတ်ပြုမှုကို ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းလ ည်း ဖြစ်သည်။

ဆက်ရန်…

ကိုးကား…

  • https://www.jbsa.mil/News/News/Article/1838051/commentary-from-one-leader-to-another-the-army-values/
PrevPreviousမုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်
Next​ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူကိုထိန်လင်း တောင်းဆိုNext
Previous Post

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

Next Post

​ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူကိုထိန်လင်း တောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အိန္ဒိယနဲ့အာဏာသိမ်းစစ်တပ် နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

August 19, 2026

မင်းအောင်လှိုင်လုံခြုံရေးတွေအပါအဝင် နေပြည်တော်ဝန်ထမ်းတွေကျွဲဂိမ်းကစားနေ

August 19, 2026

မြန်မာ-ရုရှား နားလည်မှုစာချွန်လွှာတဆယ့်နှစ်ခု လက်မှတ်ရေးထိုး

August 19, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

August 18, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Releated Post

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

August 18, 2026

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

August 18, 2026
Photo - ONN

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

August 18, 2026
ဓာတ်ပုံ - အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

August 18, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

August 18, 2026
ဓာတ်ပုံ - ပကဖ၊ ဝက်လက်မြို့နယ်

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

August 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page