Border News Agency
နေပြည်တော်၊ ဇွန် ၉။
အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လို့ဆိုပြီး အာရက္ခတပ်တော် (AA) အဖွဲ့ဝင်ငါးဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖွဲ့ဝင်တဦးတို့ ဥပဒေဘောင်ထဲပြန်ဝင်လာတယ်လို့ ဇွန်လ ၈ ရက်နေ့ ထုတ်ပြန်ပါတယ်။
သူတို့ကို စစ်တွေမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မိဘအုပ်ထိန်းသူတွေဆီပြန်လွှဲပေးတယ်လို့ သရုပ်ပြခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ဆုငွေတွေ၊ ပစ္စည်းတွေပေးပြီး ကျန်သူတွေကိုလည်း ဝါဒဖြန့်ဆွဲဆောင်တာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲတွေမှာအထိနာလာတဲ့အခါ နိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ဝေဖန်မှုတွေကို လျော့ကျသွားအောင် ကြိုးစားတဲ့အခါမှာ ပြည်သူတွေကြားမှာ အထင်အမြင်လွဲမှားအောင် မကြာခဏဝါဒဖြန့်လေ့ရှိတာပါ။










