Border News Agency
မုံရွာ၊ဇွန် ၁၈။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မြို့ပေါ်မှာ ကြိုတင်လှုပ်ရှားမှုအဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ နှင်းဆီပန်းတွေကို ပူဇော်တာ၊ ဝေငှတာ၊ အွန်လိုင်းကနေ ကမ်ပိန်းလုပ်တာနဲ့ သပိတ်တိုက်ပွဲတွေမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်တာမျိုးတွေနဲ့ ပါဝင်ကြဖို့ ရည်ရွယ်ထားတာပါ။
အာဏာသိမ်းစစ်တပ်က နှင်းဆီပန်းဝယ်ယူတာ၊ သယ်ယူတာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်စစ်ဆေးနေပေမယ့် ဒေသခံတွေရဲ့ အကူအညီနဲ့ ဒီလှုပ်ရှားမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာလို့ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေကိုလည်း လုံခြုံရေးသတိရှိဖို့နဲ့ မိမိတို့အခြေအနေနဲ့ ကိုက်ညီမယ့်ပုံစံမျိုးနဲ့ ပါဝင်ပေးဖို့ ကော်မတီက တိုက်တွန်းထားပါတယ်။






















