Border News Agency
မူဆယ်၊ဇွန် ၂၇။
မူဆယ် ၁၀၅ မိုင်ဒေသမှာ ၂၀၂၅ ခုနှစ်အတွင်းဖမ်းမိထားတဲ့ကျပ်သိန်းနှစ်ရာနီးပါးတန်ဖိုးရှိ ဘိန်းဖြူ၊ ရာမနဲ့ ခါးခူး မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက်၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ညီနောင်မဟာမိတ်အဖွဲ့က ဒေသခံတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အရင်က မူးယစ်ဆေးနဲ့ လောင်းကစားပေါပြီး ခိုးဆိုးလုယက်မှုများခဲ့တဲ့ အဲဒီဒေသဟာ ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်ပြီးနောက်ပိုင်း မူးယစ်ဆေးသုံးစွဲမှုနဲ့ ဖမ်းဆီးရမိမှု သိသိသာသာ လျော့နည်းသွားတယ်လို့ ဒေသအုပ်ချုပ်ရေးပိုင်းက ဆိုပါတယ်။
အဲဒီ အခမ်းအနားမှာအာရက္ခတပ်တော် မီးနဂါးစစ်ဒေသ ရုံးရဲမှူးက မူးယစ်ဆေးဟာ လူ့အသိုင်းအဝိုင်းကို ပျက်စီးစေလို့ လူငယ်တွေမသုံးစွဲဖို့နဲ့ ပပျောက်ရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲ ဒီဆေးဝါးမီးရှို့ပွဲကို ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA၊ AA တပ်ဖွဲ့ဝင်တွေနဲ့အတူ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပရဟိတအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။














