Border News Agency
ထိုင်း၊ ဩဂုတ် ၂၄။
ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်မှာ သြဂုတ်လ ၂၀ ရက်နေ့က ကားတစီးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားကိုးဦးကို လုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။
အဲဒီကန်ချနဘူရီမြို့နယ်၊ကဲင်စီယမ်ကျေးရွာအုပ်စုမှာ ထိုင်းနိုင်ငံသားယာဉ်မောင်းတဦးနဲ့အတူ မြန်မာ အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦးတို့ကို ကားတစ်စီးနဲ့အတူဖမ်းဆီးမိခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ ထိုင်းယာဉ်မောင်းကို တရားမဝင် ဝင်ရောက်လာသူတွေကိုကူညီစောင့်ရှောက်မှုနဲ့ တရားစွဲထားပြီး မြန်မာကိုးဦးကိုတော့ ခွင့်ပြုချက်မရှိဘဲဝင်ရောက်နေထိုင်မှုနဲ့ တရားစွဲဆိုထားပါတယ်။
အဲဒီအပြင် ဩဂုတ်လ ၇ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်၊ ထောင်းဖာဖူးနဲ့ စံခလဘူရီမြို့နယ်တို့မှာ တရားမဝင် မြန်မာလုပ်သားငါးဆယ်ခုနှစ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။












