Border News Agency
ထားဝယ်၊ဩဂုတ် ၂၄။
တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ ထားဝယ်ခရိုင်အမှတ် ၈၀၀၃ တပ်ရင်းက ပထမအကြိမ်အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ဩဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတဦးရဲ့ ခံယူချက်တွေနဲ့အညီ ရန်သူကိုလက်ဦးမှုယူနိုင်ရေးနဲ့ ပြည်သူလူထုကိုအသက်နဲ့ရင်းပြီး ကာကွယ်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးခဲ့တာပါ။
သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းလက်မှတ်တွေပေးအပ်ပွဲနဲ့အတူ ရဲဘော်တွေညီညာစွာအလေးပြုနေကြတဲ့ပုံရိပ်တွေကို ထားဝယ်ခရိုင် အမှတ် ၈၀၀၃ တပ်ရင်းက ဩဂုတ်လ ၂၄ ရက်၊ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။


















