Border News Agency
မူဆယ်၊ဇူလိုင် ၇။
မူဆယ်မြို့နယ်၊မိုင်းယု ၁၀၅ မိုင်ဘက်မှာ အလုပ်အကိုင် ရှားပါးပြီး စားဝတ်နေရေးအခက်တွေ့နေတဲ့ ရွှေ့ပြောင်းလုပ်သားခြောက်ဆယ်နှစ်ဦးကို ညီနောင်မဟာမိတ်အဖွဲ့က ဇူလိုင်လ ၆ ရက်နေ့မှာ ကူညီပေးခဲ့ပါတယ်။
အဲဒီလုပ်သားတွေကို နှစ်ဦးကို ဆန်တအိတ်နှုန်းနဲ့စုစုပေါင်း ဆန်အိတ်သုံးဆယ်တအိတ်အထိတာဝန်ရှိသူတွေက ကော်မတီရုံးမှာပဲ တိုက်ရိုက် လာရောက်လှူဒါန်းပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်တုန်းကလည်း ပန်ဆိုင်းမြို့က စစ်ဘေးရှောင်နဲ့ရွှေ့ပြောင်းလုပ်သားတွေကို အာရက္ခတပ်တော်က ဆန်အိတ်ခြောက်ဆယ်ခုနှစ်အိတ်ကို ကူညီပေးခဲ့ပါသေးတယ်။
အခုလို နယ်စပ်ဒေသမှာ စားနပ်ရိက္ခာတွေ အခက်တွေ့နေတဲ့အချိန်မှာ အဖွဲ့အစည်းတွေရဲ့ အခုလို ပံ့ပိုးမှုတွေက အလုပ်သမားတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့အနေနဲ့ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးပြီး အခက်အခဲရှိသူတွေကိုဆက်ပြီး ကူညီပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။












