Border News Agency
ထိုင်း၊ဇူလိုင် ၈။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က စက်ရုံနှစ်ရုံမှာ မြန်မာလုပ်သားတရာ့ခုနှစ်ဆယ်နီး ပါးကို ကြိုတင်အသိမပေးဘဲ အလုပ်ထု တ်လိုက်တယ်လို့ အလုပ်သမားမဟာ မိတ်အဖွဲ့(WAG)ထုတ်ပြန်ပါတယ်။
အဲဒီချွန်ဘူရီမြို့နယ်က ပန်ကာစက်ရုံလုပ်သားမြန်မာတရာ့ခြောက်ဦးကို ဇူလို င်လ ၁ ရက်နေ့ အလုပ်ထုတ်လိုက်တာပါ။
အဲဒီအလုပ်ရဖို့အတွက် အေဂျင်စီကို ငွေအများအပြားပေးထားရပြီးလုပ်သ က်နစ်နာကြေးနဲ့ဥပဒေအရရသင့်တဲ့ အခွင့်အရေးတွေမရတာမို့ သက်ဆိုင်ရာရုံးတွေမှာတိုင်ကြားထားကြပါတယ်။
အဲဒီအပြင် ဇူလိုင်လ၂ ရက်နေ့ကလည်း ချွန်ဘူရီမြို့က ထိုင်ခုံနဲ့ တွန်းလှည်းထုတ်တဲ့စက်ရုံမှ မြန်မာလုပ်သားခြောက်ဆယ်လေးဦးကို အလုပ်ရှင်က အကြောင်းမကြားဘဲ အလုပ်ထုတ်ပစ်ပါတယ်။
အဲဒီလုပ်သားတွေရဲ့ အခွင့်အရေးအတွ က် WAG အဖွဲ့က အလုပ်ရှင်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။






