Border News Agency
ဘန်ကောက်၊ ဇူလိုင် ၁၈။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊တပ်ဆင်လမ်းအနီးရှိ အမွှာလူနေအိမ်တလုံးမှာ ဇူလိုင်လ ၁၈ ရက်၊ဒီနေ့ အနက်မနက်အစောပိုင်းက ပြင်းထန်စွာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုကြောင့် အိမ်အတွင်းပိတ်မိပြီး အိမ်ရှင်နှစ် ဦး သေဆုံးခဲ့ရသလို သူတို့မွေးမြူထားတဲ့ ကြောင်အကောင်ငါးဆယ်ကျော်လည်း မီးလောင်သေဆုံးသွားခဲ့ရပါတယ်။
မီးလောင်မှုအတွင်း ကယ်ဆယ်ရေးအဖွဲ့တွေက ကြောင်အကောင်နှစ်ဆယ်ခန့်ကို အသက်ဘေးမှ အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပေမယ့်အသက်ရှင်ကျန်ရစ်တဲ့ ခွေးတကောင်မှာ သေဆုံးသွားတဲ့ အိမ်ရှင်တွေကိုရှာဖွေဖို့ မီးလောင်ပြင်အတွင်းသို့ ဆက်လက်တိုးဝင်နေခဲ့တယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့က မီးလောင်ရ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကနဦးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှတဆင့် မီးစတင်လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။


















