Border News Agency
ကျောက်တော်၊ဇူလိုင် ၂၃။
ကျောက်တော်မြို့နယ်မှာ ULA/AA တပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲသူ ကျောင်းသားလူငယ်တဆယ့်သုံးဦး၊မူးယစ်ဆေးဝါးရောင်းချသူခုနှစ်ဆယ့်ခုနှစ်ဦးကိုဖမ်းဆီးခဲ့ပါတယ်။
အဲဒီမှာကျောင်းသားတဆယ့်သုံးဦးနဲ့ အမျိုးသမီးနှစ်ဆယ့်တဦးလည်းပါဝင်ပြီး ဇွန်လနှစ်ရက်နေ့မှ ဇူလိုင်လဆယ့်ခု နှစ်ရက်နေ့ထိ ဖမ်းခဲ့တာပါ။
အဲဒီမှာ WY စာတန်းပါ မူးယစ်ဆေးပြားရှစ်ထောင်ခန့်နဲ့ ငွေကျပ် တဆယ့်ကိုးသိန်းခုနှစ်သောင်းခြောက်ထောင်ကိုလည်း သိမ်းမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဆက်စပ်တရားခံတွေကို ဒီလပ်ဌာနက ဆက်စုံစမ်းဖော်ထုတ်နေပြီးဖမ်းထားသူတွေကို ဥပဒေနဲ့အညီ ဆက်တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေဖြစ်နေပေမယ့် အများဆုံးဖမ်းမိတာလည်းဖြစ်ပါတယ်။








