Border News Agency
ကျောက်တော်၊ဇူလိုင် ၂၃။
ကျောက်တော်မြို့နယ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(UL A/AA)တပ်ဖွဲ့ဝင် ခုနှစ်ဦးနဲ့ကျောင်းသား တဆယ့်သုံးဦးအပါအဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသူခုနစ်ဆယ့်ခုနှစ်ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနဖမ်းဆီးထားပါတယ်။
အဲဒီမှာ အမျိုးသားငါးဆယ့်ခြောက်ဦးနဲ့ အမျိုးသမီးနှစ်ဆယ့်တဦးပါဝင်ပြီးဇွန်လနှစ်ရက်နေ့မှဇူလိုင်လတဆယ့်ခုနှစ်ရက်နေ့ထိ ဖမ်းဆီးခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးရောင်းချသူတွေဆီက WY စာတန်းပါမူးယစ်ဆေးပြားရှစ်ထောင်ခန့်နဲ့ငွေကျပ်တဆယ့်ကိုးသိန်းခုနှစ်သောင်းခြောက်ထောင်ကိုလည်း သိမ်းခဲ့ပါတယ်။
အဲဒီသူတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေ၊ဥပဒေအကြံပြုချက်တွေနဲ့အညီ ဆက်တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။










