Border News Agency
ဘူးသီးတောင်၊ဇူလိုင် ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဘူးသီးတောင်မြို့နယ်မှာပြည်သူတွေနှစ်ဆယ့်ငါးနှစ်ကျော်ကြာထိခိုက်စေခဲ့တဲ့တရားမဝင် ဆားငံတာကိုးခုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရစစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ဖျက်သိမ်းခွင့်ပြုလိုက်ပါတယ်။
အဲဒီဆားငံတာတွေဟာ ဆီးအိုးကျ၊ကြိမ်ချောင်း၊ဖုံညိုလိပ်၊နနွင်းတူးနဲ့ကန်ဒက်ကျေးရွာမှာရှိပြီး မူဆလင်အိမ်ထောင်စု လေးထောင့်လေးရာတဆယ့်ရှစ်စု၊လူ ဦးရေတသောင်းခြောက်ထောင့်ငါးရာသုံးဆယ်ဦးနဲ့လယ်သမားခြောက်ဆယ်ခုနှစ်ဦးရဲ့ စိုက်ပျိုးမြေ ဧကသုံးရာ့ငါးဆယ်ခန့်ကို ဆားငံရေဝင်ပျက်စီးစေခဲ့တာပါ။
အဲဒါကြောင့် လယ်သမားတွေက ဆားငံတာတွေကိုဖျက်ပေးဖို့ မောင်တောခရိုင် ပါတီကော်မတီကို ဇွန်လ ၂၀ ရက်နေ့တင်ပြတောင်းဆိုခဲ့ကြပါတယ်။
ခရိုင်ပါတီကော်မတီက စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စစ်ဆေးပြီးတာတမံပိုင်ရှင်တွေကလည်း အများပြည်သူ နစ်နာမှုကိုစာနာပြီး တာတမံတွေကို ဖောက်ဖျက်ပေးဖို့ သဘောတူညီခဲ့ကြတာပါ။












