Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် လူ့အခွင့်အရေး အာရက္ခဒေသ

အာရက္ခလူ့ဘောင်နှင့်လီဗီးယားသန်

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
165
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

လီဗီးယားသန်(Leviathan)ဟူသည် ရှေးခေတ်ဟီဘရူး(အစ္စရေး)ကျမ်းစာဒဏ္ဍရီလာတွင်ပါသော မကောင်းဆိုးဝါးကြီး၏အမည်ဖြစ်သည်။အဆိုပါမကောင်းဆိုးဝါးကြီးသည် ရက်စက်ကြမ်းကြုတ်လှပြီး တွေ့မြင်သမျှကို ဆွဲယူဝါးမြိုပစ်သည်ဟု အဆိုရှိပေသည်။

နိုင်ငံရေးအယူအဆဘက်ကိုရောက်ရှိလာသော လီဗီးယားသန်


ကမ္ဘာ့သမိုင်းတွင် လူသားများသည် သက်ဦးဆံပိုင်ဘုရင်စနစ်၊မြေရှင်ပဒေသရာဇ်စနစ်စသောအကြွင်းမဲ့အာဏာပိုင်စနစ်များ၏ ဆင်းရဲဒုက္ခဆိုးကျိုးများကိိုကြုံလာခဲ့ရသည်။ ဆင်းရဲဒုက္ခများကို မခံနိုင်သောအခါ တော်လှန်ရေးများဖြစ်ပေါခဲ့သည်။တော်လှန်ရေးများတွင် အကြွင်းမဲ့အာဏာပိုင်စနစ်များကို ကျားကန်ပေးထားသောအယူအဆများကို ဖြိုချပစ်သည့် တန်ပြန်နိုင်ငံရေးအယူအဆများလည်း ပေါ်ထွက်လာလေ့ရှိသည်။

လူသားသမိုင်း၏ တော်လှန်ရေးများတွင် အုပ်ချုပ်သည့်စနစ်အပေါ် ရှူမြင်မှုအယူအဆပိုင်းဆိုင်ရာအပြောင်းအလဲအဓိကကျသည်။ အုပ်ချုပ်သည့်စနစ်အပေါ်ရှူမြင်မှုသည် နိုင်ငံရေးအယူအဆဖြစ် သည်။

ယင်းသို့နိုင်ငံရေးအယူအဆရှူမြင်မှုအပြောင်းအလဲများတွင် အသုံးပြုစရာ ဝေါ်ဟာရများထဲ၌ “လီဗီးယားသန်”လည်းပါဝင်ဖြစ်သည်။

နိုင်ငံရေးအယူအဆဘက်တွင် အဆိုပါ “လီဗီးယားသန်”ဝေါ်ဟာရအား “ပြည်သူ လူထု၏အချုပ်အခြာအာဏာ(Popular Sovereignty)”ကို ဖေါ်ပြရန်အတွက်သုံးနှုန်းကြသည်။

ထိုသို့ ဒဏ္ဍရီလာ မကောာင်းဆိုးဝါးကြီးအားပြည်သူလူထု၏အချုပ်အခြာအာဏာနှင့်ယှဉ်တွဲဖေါ်ပြသူမှာသောမစ်ဟောဘ်ဘီးစ်(Thomas Hobbes) ဖြစ်သည်။

သူ၏ ၁၆၅၁ ခုနှစ်တွင် ထုတ်ဝေသောလီဗီးယားသန်(Leviathan)စာအုပ်သည် အထူးသဖြင့် ပြည်သူလူထုသာလျှင် အချုပ်အခြာအာဏာ၏ပိုင်ရှင်ဖြစ်သည်ဟူသော(Popular Sovereignty) သဘောကို ဖေါ်ပြရန်အတွက် အသုံးပြုထားသည်။

သောမစ်ဟောဘ်ဘီးစ်(Thomas Hob bes)က လီဗီးယားသန်(Leviathan)စာအုပ်တွင် ပြည်သူလူထု၏အချုပ်အခြာအာဏာကို သရုပ်ဖေါ်ပုံမှာ-အင်မတန်မှ ကိုယ်ခန္ဓာကြီးထွားကာ တန်ခိုးအာ ဏာပြင်းသည့် သရဖူကိုဆောင်းထားသောသူတဦးသည် မြို့ရွာအဆောက်အအုံ၊နယ်မြေတောတောင်မြစ်ချောင်းများကို ဓားရှည်(Sword)နှင့်ကျိုင်းတုတ် (Crosier)ကို ကိုင်ကာအပေါ်စီးမှမိုးထားသည်။

ထိုမြို့ရွာ အဆောက်အအုံ၊နယ်မြေတောတောင်မြစ်ချောင်းများသည် ထိုသူ၏ဓားရှည်နှင့်ကျိုင်းတုတ်၏ ရိုက်ချက်မှလွတ်နိုင်ပေ။

သို့သော် ထိုခန္ဓာကိုယ်ကြီးမားသော ဓားရှည်နှင့်ကျိုင်းတုတ်ကိုင်ထားသောသူသည် အခြားသူမဟုတ်ပေ။ထိုသူသည်ပင်လျင် သူ၏ဓားရှည်နှင့်ကျိုင်းတုတ်၏ ရိုက်ချက်ကိုခံနေရသော မြို့ရွာ အ ဆောက်အအုံ၊နယ်မြေတောတောင်မြစ်ချောင်းများတွင် နေထိုင်ကြသောလူများကို စုစည်းလိုက်သောအခါပေါ်ထွက်လာသည် အကောင်ကြီးလီဗီးယားသန်ပင်ဖြစ်ပေသည်။

ဓားရှည်သင်္ကေတမှာ ပြည်သူများအား ဘေးအန္တရာယ်မှကာကွယ်ခြင်းဆိုသည့် သဘောဖြစ်သည်။ကျင့်ဝတ်၊သီလသမာဓိမြဲမှုနှင့်အညီဆိုသည့် ကျိုင်းတုတ်သင်္ကေတမှာ ကျင့်ဝတ်၊သီလသမာ၊ တန်းတူညီမျှမှု၊စည်းကမ်းအပါအဝင် စိတ်ဝိညာဉ်ဆိုင်ရာတန်ဖိုးဖြစ်သည်။

လိမ္မာသောမကောင်းဆိုးဝါး သို့မဟုတ် ရက်စက်သောမကောင်းဆိုးဝါး


သောမစ်ဟောဘ်ဘီးစ် (Thomas Hobbes)က အချုပ်အခြာအာဏာအား လီဗီယားသန်ဟုအမည်ပေးခြင်းမှာ သဘာဝကျလှသည်။

ပြည်သူလူထုတဦးချင်းကို စုစည်းလိုက်သောအခါအချုပ်အခြာအာဏာဖြစ်သွားသည်။ထိုအချုပ်အခြာအာဏာအား အုပ်ချုပ်သူအစိုးရထံ ကိုင်တွယ်ဆောင်ရွက်ခွင့်ကို ပြည်သူများက တာ ဝန်ပေးထားသည်။အချုပ်အခြာအာဏာကို တာဝန်ခံခိုင်းထားသောအုပ်ချုပ်သူများသည်  ပြည်သူများအားဘေးအန္တရာယ်မှ ကာကွယ်ပေးမှု၊လုံခြုံမှုနှင့်တရားမျှတမှုကို ပေးနိုင်သောစွမ်းအားရှိသူဖြစ်ရပေမည်။

ထိုသို့မဟုတ်ပါက အုပ်ချုပ်သူများသည် အရာအားလုံးကို ပျက်စီးအောင်ဆွဲချသွားမည့် မကောင်းဆိုးဝါးဘက်ကိုလည်း ပြောင်းသွားတတ်သည်ကို ဆိုလိုရင်းဖြစ်သည်။

ယင်းတရားမျှတသောအရာကိုပေးမည့် ကျိုင်းထမ်း၊ဓားထမ်းအကောင်ကြီးကို အခြေခံဖန်တီးသူမှာလည်း ပြည်သူလူထုသာဖြစ်သည်။

ထိုပြင်မကောင်းဆိုးဝါးအကောင်ကြီးအဖြစ် အခြေခံဖန်တီးသူမှာလည်း ပြည်သူလူထုသာဖြစ်သည်။

ထိုအချက်သည် အချုပ်အခြာအာဏာ၏ပိုင်ရှင်မှာ ပြည်သူလူထုသာလျင်ဖြစ်သည်ဆိုသည့် ပြည်သူ့လူထု၏အချုပ်အခြာအာဏာ(Popular Sovereignty)သဘောကို ဖေါပြထားခြင်းဖြစ်သည်။

လီဗီးယားသန််ပြောပြသောသတင်းစကားမှာ လုပ်ပိုင်ခွင့်အာဏာသဘောသည် ပင်ကိုသဘောကပင် မကောင်းဆိုး ဝါးဆန်ပေသည်။

ပြည်သူလူထုသည် အချုပ်အခြာအာဏာကို ဖန်တီးသူပိုင်သူဖြစ်သည်။ထိုအချုပ်အခြာအာဏာကို တာဝန်ယူကိုင်တွယ်ရန် အစိုးရလုပ်မည်သူများကိုလည်း ပြည်သူကဖန်တီးမွေးဖွားရသည်။

သို့သော် အချုပ်အခြာအာဏာ၏လုပ်ပိုင်ခွင့်အာဏာကို ကိုင်တွယ်သူများသည် ပြည်သူကိုပြန်ပြီးပျက်စီးစေသော မကောင်းဆိုးဝါးလည်းဖြစ်သွားတတ်သည် ဟူသောသတင်းစကားပင်ဖြစ်သည်။

ပြည်သူ့လူထု၏အချုပ်အခြာအာဏာ(Popular Sovereignty)နှင့်ပတ်သက်၍ နောက်ပိုင်းတွင် ပိုမိုအားကောင်းဖွံ့ဖြိုးတိုးတက်လာရာ“အကယ်၍အချုပ်အခြာအာဏာသည် ပြည်သူကိုပြန်ပြီးဖျ က်ဆီးမည့်မကောင်းဆိုးဝါးမဖြစ်စေရန် မည်သို့ပြုလုပ်ရမည်နည်း”ဟူသောအချက်ကို စဉ်းစားလာကြပေသည်။

သို့ဖြစ်၍ အချုပ်အခြာအာဏာ၏လုပ်ပိုင်ခွင့်အား စည်းဘောင်သတ်မှတ်ချက်ထဲတွင်ထားရမည်ဆိုသော လူမှုပဋိညာဉ်အယူအဆ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆအားကောင်းလာသည်။

လူမှုပဋိညာဉ် (Social Contract)


ဥာဏ်လင်းသစ်ပွင့်လင်းလာသည်ကာလ(Age of Enlightenment)တလျောက် အနောက်ကမ္ဘာတွင် “အချုပ်အခြာအာဏာအားနိုင်ငံတခု၏စွမ်းရည်နှင့်အဓိပ္ပါယ်” အဖြစ်ဖွင့်ဆိုကြပေသည်။

ထိုသို့အဓိပ္ပါယ်ဖွင့်ဆိုမှု၌ “ဥပဒေတရားဝင်မှုအရရော၊ကိုယ့်ကျင့်သီလပိုင်းအရပါ”ထည့်သွင်းဖွင့်ဆိုလာကြသည်။

အချုပ်အခြာအာဏာအား နိုင်ငံတခု၏ စွမ်းဆောင်ရှင်သန်နိုင်မှု၊နိုင်ငံတခု၏အဓိပ္ပါယ်အဖြစ် ဥပဒေတရားဝင်မှုနှင့်ကိုယ်ကျင့်သီလပိုင်းဖွင့်ဆိုရာတွင် အချုပ်အခြာအာဏာအားထူထောင်ရန်အတွ က်လူမှုပဋိညာဉ်(Social Contract)တရပ်လိုအပ်သည်ဟု ဖွင့်ဆိုလာကြသည်။

ထိုလူမှုပဋိညာဉ်အယူအဆသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆ(Constitutionalism)ဖြစ်သည်။

လူသားသမိုင်း၏ ခရစ်သက္ကရာဇ်(၁၈၀၀)ပြည့်လွန်နှစ်ကာလများ၌ အဆိုပါလူမှုပဋိညာဉ်(Social Contract)အယူအဆ(သို့မဟုတ်)ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆ(Constitutionalism)
ကို အမေရိကန်၊ပြင်သစ်တွင် ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးလာပြီဖြစ်သည်။

လူမှုပဋိညာဉ်နှင့်အချုပ်အခြာအာဏာ


အချုပ်အခြာအာဏာအား စည်းဘောင်ထဲတွင်ထားရမည်ဆိုသော လူမှုပဋိညာဉ်အယူအဆ(သို့)ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆသည် အချုပ်အခြာအာဏာအား “ခွဲခြားပိုင်းခြားထားရမည်” ဟူသောသဘောတရားအမြင်ကို အားကောင်းလာစေသည်။

အချုပ်အခြာအာဏာသည် ပြည်သူကိုပြန်ပြီး ပျက်ဆီးမည့်မကောင်းဆိုးဝါးမဖြစ်စေရန်မည်သို့ပြုလုပ်ရမည်”ဟုသောအချက်အရ အချုပ်အခြာအာဏာအား တစုတည်းမထားဘဲ ခွဲခြားပိုင်းခြားမှု(Separation of Power)ပြုလုပ်ထားရပေမည်။

အချုပ်အခြာအာဏာအား တနေရာတည်း၊လူပုဂ္ဂိုလ်တယောက်တည်းတွင်စုပုံ ထားခြင်းသည် မကောင်းဆိုးဝါးဖြစ်ရန်လွယ်ကူသည်။အချုပ်အခြာအာဏာအား အချို့ကအုပ်ချုပ်ရေးအာဏာ၊တ ရားစီရင်ရေးအာဏာ၊ဥပဒေပြုရေးအာဏာစသဖြင့် သုံးရပ်ပိုင်းခြားထားလာကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအဆ(သို့)လူမှုပဋိညာဉ်ဆိုင်ရာအယူအဆဘက်မှအချုပ်အခြာအာဏာအား နိုင်ငံတခု၏ရှင်သန်မှုစွမ်းရည်နှင့်နိုင်ငံတခု၏အဓိပ္ပါယ် အဖြစ်ဖွင့်ဆိုကြသည်။

ထိုသို့အဓိပ္ပါယ်ဖွင့်ဆိုမှု၌ဥပဒေတရား ဝင်မှုအရရော၊ကိုယ့်ကျင့်သီလပိုင်းအရပါထည့်သွင်းဖွင့်ဆိုကြမှု၌” မည်သူကို မည်သူက မည်သို့အုပ်ချုပ်မည်။

မည်သည့်အတွက်ကြောင့် အုပ်ချုပ်မည်။မည်သို့ မည်ပုံအုပ်ချုပ်မည်။အုပ်ချုပ်မှုကိုခံယူမည်”၊ “ဤသို့ အုပ်ချုပ်မှုနှင့်အုပ်ချုပ်ခံမှုကို ပြုလုပ်ရာတွင်အချုပ်အခြာအာဏာသည် မကောင်းဆိုးဝါးမဖြစ်စေရန်နှင့်ကောင်းမွန်သော အကာအကွယ်ဖြစ်စေရန်အတွက်မည်သို့ဆောင်ရွက်ရမည်” ဆိုသည့် သဘောဖြစ်သည်။

အချုပ်အခြာအာဏာအား အုပ်ချုပ်ရေးအာဏာ၊တရားစီရင်ရေးအာဏာ၊ဥပဒေပြုရေးအာဏာစသဖြင့် သုံးရပ်ပိုင်းခြားထားလာကြမှုတွင် ထိုအာဏာသုံးရပ် အချင်းချင်းကြားတွင် မည်သို့ မည်ပုံ ပဋိညာဉ်ပြုသည်။

အာဏာတခုချင်းစီနှင့်ပြည်သူလူထုကြားတွင် မည်သို့မည်ပုံ ပဋိညာဉ်ပြုသည်။ပြည်သူ့အချင်းချင်းကြားတွင် မည်သို့မည်ပုံပဋိညာဉ်ပြုသည်ဆိုသောအချက် များရှိလာသည်။

အမေရိကန်ပြည်၏ တည်ထောင်သူဖခင်များထဲတွင် တဦးအပါအဝင်ဖြစ်သော Benjamin Franklinက “လွတ်လပ်သောအုပ်ချုပ်ရေးတည်ဆောက်ခြင်း(အစိုးရပြုခြင်း)ထဲတွင် အုပ်ချုပ်သူများသည် ပြည်သူလူထု၏အစေခံကျေးကျွန်များသာဖြစ်ပြီး ပြည်သူလူထုသည်အုပ်ချုပ်သူများ၏ ထိပ်ခေါင်တွင်ရှိနေသောအရှင်သခင်များသာဖြစ်သည်” ဟုဆိုသည်။

ဆိုရှယ်ဒီမိုကရေစီနှင့်ပြည်သူ့အာဏာအယူအဆ


ဆိုရှယ်ဒီမိုကရေစီစနစ်အား ကျင့်သုံးနေသောမော်ဒယ်များတွင်အအောင်မြင်ဆုံးမော်ဒယ်ပုံစံမှာ စကင်ဒီနေဗီးယန်းနိုင်ငံများ၏မော်ဒယ်များသည် အအောင်မြင်ဆုံးဖြစ်ပေသည်။

စကင်ဒီနေဗီးယန်းဆိုရှယ်ဒီမိုကရေစီစနစ်တွင် “ပြည်သူလူထုသည်အချုပ်အ ခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည်”ဟူသော(Popular Sovereignty)ကိုကျင့်သုံးပေသည်။

ပြည်သူ့လူထု၏အချုပ်အခြာအာဏာ(Popular Sovereignty)သည် ဒီမိုကရေစီတန်ဖိုးလည်းဖြစ်သည်။ဒီမိုကရေစီတန်ဖိုးများသာကင်းမဲ့နေပါက စကင်ဒီနေဗီးယန်းများ၏ ဆိုရှယ်ဒီမိုကရက်တစ်လူ့ဘောင်သည် အောင်မြင်မည်မဟုတ်ပေ။

အာရက္ခလူ့ဘောင်သည် ဆိုရှယ်ဒီမိုကရက်တစ်လူ့ဘောင်ကို သွားမည်ဟုထုတ်ဖေါ်ထားသောလူ့ဘောင်ဖြစ်ပေသည်။

အာရက္ခလူ့ဘောင်၏ဆိုရှယ်ဒီမိုကရက်တစ်လူ့ဘောင်အတွက် အာရက္ခပြည်သူလူထုတိုင်းသည် မိမိတို့၏လီဗီးယားသန်ကို ဖန်တီးကြရမည်ဖြစ်ပေသည်။

ထိုသို့ဖန်တီးရာတွင် လီဗီးယားသန်အတွက် လူမှုပဋိညာဉ်တရပ်၊ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မဖြစ်မနေလိုအပ်ပေသည်။

ထိုလိုအပ်ချက်ကို ဖြည့်စွက်ရန် အာရက္ခပြည်သူလူထုအားလုံးတွင် တာဝန်ရှိပေသည်။အာရက္ခပြည်သူလူထုအား လုံးပါဝင်ပတ်သက်ခွင့်ရှိသော လူမှုပဋိညာဉ်ကသာလျှင် အာရက္ခပြည်သူလူထုအတွက် လိမ္မာသောလီဗီးယားသန်ကိုဖန်တီးနိုင်မည်ဖြစ်ပေသည်။ 

PrevPreviousထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း
Nextနိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာNext
Previous Post

ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း

Next Post

နိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - APM

ကျောက်တော်ရှိရွာနှစ်ရွာမှာ ငှက်ဖျားပိုးတွေ့လို့ အာရက္ခကျန်းမာရေးဌာန စစ်ဆေး

July 27, 2026

ကပ်ဘေးစုံအကျပ်အတည်းကြား မြေယာပဋိပက္ခများ

July 27, 2026
​Photo- APM

ပုဏ္ဏားကျွန်းမှာ ခမီရိုးရာယာဟင်းကိုင်ပွဲကျင်းပ

July 27, 2026
ဓာတ်ပုံ - အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့

ပုဏ္ဏားကျွန်းမုဒိမ်းမှု တရားခံသုံးဦးကိုဖမ်းဆီး

July 27, 2026

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

Releated Post

ကိုးကား/ဓာတ်ပုံ - World News

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

July 24, 2026

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

July 24, 2026

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

July 24, 2026

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

July 24, 2026
Phpto - APM

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

July 24, 2026
Photo - APM

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

July 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page