Border News Agency
သံတွဲ၊ ဩဂုတ် ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဩဂုတ်လ ၄ရက်နေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ ငပလီမြို့၊ဂျိတ္တော ၉ ရပ်ကွက်ကို ဩဂုတ်လ ၃ရက်၊ မနက် ၁၀ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်ဖိုက်တာသုံးစီး၊ Y12 တစီးနဲ့ အုပ်စုလိုက်ဗုံးအလုံးရေခြောက်ဆယ်ကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဂျိတ္တော ၉ ရပ်ကွက်နေ အသက်လေးဆယ်တနှစ်အရွယ်ဦးကျော်သူနိုင်နဲ့ အသက်ခြောက်ဆယ်အရွယ် ဒေါ်မစန်းမြင့်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် လူနေအိမ်၊ အဆောက်အအုံ၊ ဘန်ဂလိုနှစ်ဆယ်ခန့်ပျက်စီးသွားပြီး ကာလတန်ဖိုးငွေကျပ်သိန်းသုံးထောင်ကျော်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခဒေသရှိ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်ကရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံး၊ဒဏ်ရာရနေကြပါတယ်။














