Border News Agency
ထိုင်း၊ သြဂုတ် ၄။
ထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၃ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီထိုင်းဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့တွေ့ဖို့ရှိသလို စီးပွားရေးဖိုရမ်ကိုလည်း တက်မယ်လို့ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သံတမန်ရေးအရထွက်ပေါက်ရဖို့နဲ့ တရားဝင်မှုရစေဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊အိန္ဒိယနဲ့ လာအိုနိုင်ငံတွေကိုလည်း သွားခဲ့ဖူးပါတယ်။
နှစ်နိုင်ငံအစိုးရနဲ့ စီးပွားရေးဆိုင်ရာပေါင်းလုပ်ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပါတယ်။
အဲဒီခရီးစဉ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ တာဝန်ရှိသူတွေလိုက်သွားမှာပါ။







