Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၆

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
73
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

ထုတ်ကုန်မဲ့၊ ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့အစည်း – ၆

လက်ဝါးကြီးအုပ်စနစ် မည်သို့ဖြစ်ပေါ်သနည်းဆိုသည်မှာ – ဥပမာ ရပ်ရွာဒေသတခု၌ သားသတ်လိုင်စင်အတွက်လေလံဆွဲသည်ဆိုပါစို့။ အမှန်တကယ် လေလံဝင်ဆွဲမည့်သူတွင် ထိုသားကောင်များကို ၎င်း၏ကိုယ်ပိုင်သွင်းအားစုဖြင့် ထုတ်လုပ်နိုင်သောအခြေအနေရှိ/မရှိကို ဆန်းစစ်ရမည်ဖြစ်ပေသည်။

လူပိန်းနားလည်အောင် ပြောရပါလျှင်သားသတ်လိုင်စင်လေလံဆွဲမည့်သူတွင် ကိုယ်ပိုင် ကျွဲ၊နွား၊ဆိတ်၊ဝက်၊ကြက်မွေးမြူရေးရှိသလားဟူသောအချက်ကို အရင်ဆန်းစစ်ရမည်ဖြစ်ပေသည်။

ထိုသို့မဟုတ်ဘဲ အခြားသူ၏ သွင်းအားစုဖြင့် မွေးထားသောကျွဲ၊နွား၊ဆိတ်၊ဝက်၊ကြက်များကို ဝယ်ကာရောင်းမည်ဆိုပါက လေလံသည်တရားနည်းလမ်း မကျတော့ချေ။အဘယ်ကြောင့်ဆိုသော် လေလံမဆွဲသောသူတဦးက သူ၏သွင်းအားစုဖြင့် မွေးမြူထားသောကျွဲ၊နွား၊ဆိတ်၊ဝက်၊ကြက်ကို သူဖာသာသူရောင်းချခွင့်ရှိပေသည်။

ထိုရောင်းချခွင့်အား လေလံအောင်သူက မောင်ပိုင်စီးသလိုဖြစ်သွား၍ဖြစ်ပေသည်။

ကျွဲ၊နွား၊ဆိတ်၊ဝက်၊ကြက်ကို အမှန်တကယ်မြေပြင်အခြေအနေတွင် ရပ်ရွာအနေအထားအရ ဆီလျော်သောဈေးနှုန်းတခုကို သတ်မှတ်၍ထိုဈေးနှုန်းအတိုင်းမည်သူမဆို ရောင်းချခွင့် ပေးသင့်ပေသည်။တခုသာရှိသည်။ရပ်ရွာအနေအထားအရ ဈေးနှုန်းသတ်မှတ်သည့် အာဏာပိုင်သည် အမှန်တကယ် ကျွဲ၊နွား၊ဆိတ်၊ဝက်၊ကြက် ဝယ်လိုအားဈေးနှုန်း၊သွင်းအားစုကုန်ကျစရိတ်၊ မည်သို့ ဆိုပါက အမြတ်ဘယ်လောက်ကျန်သည်ဆိုသည့် အသေးစိတ်လုပ်ငန်းစဉ်နှင့်ဒေသဈေးကွက်ကို နားလည်ရန်သာအရေးကြီးပေသည်။

ထိုသို့ဆိုပါက မည်သူမှဂျင်းထည့်၍ မရတော့ပေ။ထိုသို့မဟုတ်ဘဲ ပိုက်ဆံပိုပေးနိုင်သူကို လေလံပေးသည်ဆိုပါကရပ်ရွာလူထုပိုင်ကုန်ပစ္စည်း၏မူလတန်ဖိုးအတိုင်း ဝယ်ယူသုံးစွဲခွင့်အား လေလံအောင်သူလက်ထဲကို ထိုးအပ်သလိုဖြစ်နေပေသည်။လေလံအောင်သူလက်ထဲတွင် ဈေးနှုန်းရှိနေပေသည်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုနှင့် အာဏာမျက်နှာလိုက်မှုဈေးကွက်လက်ဝါးကြီးအုပ်မှုနှင့်အာဏာမျက်နှာလိုက်မှုသည် ဒွန်တွဲနေပေသည်။

ကုန်ပစ္စည်းများအား အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေထဲသို့ တင်သွင်းလာနိုင်တိုင်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကို ကုန်သည်က အခွန်ဆောင်သည်မဟုတ်ပေ။

အဆိုပါကုန်အား အမှန်တကယ်ဝယ်ယူသုံးစွဲသူမှာ လူထုသာဖြစ်ပေသည်။အဆိုပါကုန်အတွက်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုပေးသည့် အခွန်ငွေနှင့်ကုန်သည်ရရှိသည့် အမြတ်ငွေကို အမှန်တကယ်ပေးသူမှာ လူထုသာဖြစ်ပေသည်။

ကုန်သယ်ယူပို့ဆောင်ရေးနှင့်ကုန်သည်များ ကုန်သွယ်ခြင်းသည်မတူသေးပေ။ကုန်သယ်ယူပို့ဆောင်ရေးယန္တရားသည်ပြည်သူလူထုကိုဝန်ဆောင်မှုပေးရသော လုပ်ငန်းစဉ်ဖြစ်ပေသည်။

ကုန်သည်များကုန်သွယ်ခြင်းသည် လူတဦးချင်း၊အစုအဖွဲ့တခုချင်း၏ စီးပွားရေးနယ်ပါယ်ဖြစ်ပေသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏အကြောင်းပြချက်ထဲတွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုအခက်အခဲကြောင့်ဖြစ်သည်ဟု ကုန်သည်များနှင့်အာရက္ခပြည်သူများက ဆိုကြသည်။

ကုန်ပစ္စည်းများသယ်ယူရာ လမ်းကြောင်းတလျှောက်တွင် မည်မျှကုန်ကျသည်ဆိုသော မြေပြင်ပကတိအခြေအနေကို သိနိုင်ရန်လိုအပ်ပြီး ကုန်သည်များ၏အခက်အခဲသည် ဘာဖြစ်သည်ကို သိနိုင်ရန်လိုအပ်ပေသည်။

ထိုကဲ့သို့ အသေးစိတ်သိပါမှကုန်ဈေး နှုန်းကိုပြန်လည်ထိန်းကျောင်းနိုင်မည်ဖြစ်ပေသည်။

ထိုအချက်များအပေါ်တွင် အာရက္ခပြည်သူ့အစိုးရအနေဖြင့် စစ်ဒေသ၊ဒေသန္တရအလိုက် မည်မျှအဂတိတရားကင်းကင်းဖြင့် သုတေသနပြုထားသည်ကိုမသိရပေ။အဘယ်ကြောင့်ဆိုသော် အဂတိတရားသည် မြေပြင်တွင် အမှန်တကယ်ရှိသောကြောင့်ဖြစ်ပေသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ကုန်ဈေးနှုန်းကြီးမြင့်နေမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကြပ်မတ်ရန်လိုအပ်နေပြီး အခြေခံစားသောက်ကုန်များကအစ အဝတ်အထည်၊ဆေးဝါးများထိ ကုန်ဈေးနှုန်းကြီးမြင့်နေသည်ဟုကြာနေပြီဟု အာရက္ခပြည်သူများက ဆိုကြသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် ကုန်စျေးနှုန်းတည်ငြိမ်အောင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကမလုပ်နိုင်သေးဟုလည်း အာရက္ခပြည်သူများက ဆိုကြသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများသို့ ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယအပါအဝင် အာရက္ခနယ်ခြားဒေသများမှတဆင့် ကုန်သွယ်မှုများပြုလုပ်နေကြသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

ထိုအပြင် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရတွင် အာရက္ခကုန်သည်ကြီးများအသင်(ဗဟို) ကို ဖွဲ့စည်းထားပြီး အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ယောက်ခမဦး
စံကျော်လှက ဥက္ကဠရာထူးကိုယူထားသည်ဟု အာရက္ခကုန်သည်များနှင့်အာရက္ခပြည်သူများက ဆိုကြသည်။

ထိုကုန်သည်များထဲတွင် ULA/AA ၏တာဝန်ရှိသူများ၊သူတို့၏ဇနီးများ၊မိသားစုဝင်များ၊သူတို့နှင့်ပတ်သက်နေကြသူများသည် ကုန်ပစ္စည်းများနှင့်ကုန်ဈေးနှုန်းများကို ချုပ်ကိုင်ထားကြသည်ဟုအာရက္ခကုန်သည်များနှင့်အာရက္ခပြည်သူများက ဆိုကြသည်။

ထိုကဲ့သို့ကုန်ပစ္စည်းများတင်သွင်းနေကြသည့်အထဲတွင် အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲများ၏ဇနီးများ၊ရွာအဆင့်၊တိုက်နယ်အဆင့်၊မြို့နယ်အဆင့် တာဝန်ရှိသူများ၊နိုင်ငံရေးမှူးများ၏ဇနီးမယားများလည်း ပါဝင်ကြသည်ဟုလည်း အာရက္ခကုန်သည်များနှင့်အာရက္ခပြည်သူများက ဆိုကြသည်။

ထိုကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်ရရှိရေးအတွက် ULA/AA နယ်မြေတာဝန်ရှိသူများကို ငွေကြေးပေးနေကြရပြီးအခွန်ကောက်ခြင်းကို လက်ခံသော်လည်း အခွန်ကောက်ခြင်းကို အခွင့်ကော င်းယူကာ အောက်ခြေအဆင့်မှကုန်သွယ်ခွင့်မပြုဘဲ ငွေသိန်းချီတောင်းနေကြသည်ဟုလည်း အာရက္ခကုန်သည်များနှင့်အာရက္ခပြည်သူများက ဆိုကြသည်။

ထိုကဲ့သို့ကုန်သွယ်ခွင့်ရသူများမှာ ULA/AA နယ်မြေတာဝန်ရှိသူများနှင့်ရင်းနှီးနီးစပ်သူများသာဖြစ်ကြပြီး အာရက္ခပြည်သူအားလုံးကို တပြေးညီကုန်သွယ်ခွင့်ပေးရန်လိုအပ်သည်ဟုလည်း အာရက္ခကုန်သည်များနှင့်အာရက္ခပြည်သူများက ဆိုကြသည်။

လူထုအတွက်သေမင်းဖြစ်လာသည့်အခွန်

အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “၂၀၂၀ မှစ၍ စီးပွားရေးလုပ်ငန်းများကို အခွန်ကောက်တော့မည်၊စီမံကိန်းများ၊အခြားလုပ်ငန်းများကို အဓိကထားကြောင်း၊ရခိုင်တွင် ရေလုပ်ငန်းနှင့်လက်လုပ်လက်စားမဟုတ်သော အဆင့်များရှိကြောင်း၊အခွန်ကောက်ရာတွင် အများအစားမဟုတ်ကြောင်း၊ULA/AA၏ အာဏာကိုအသိအမှတ်ပြုရန် ဦးစားပေးထားကြောင်း” ပြောဆိုခဲ့ဖူးသည်။

ထို့အပြင် ”ပလက်ဝဘက်ကစီမံကိန်းစီးပွားရေးများကို စိစစ်နေပြီး မည်သည့်လုပ်ငန်းကို မည်မျှကောက်မည်ကို စီစစ်နေကြောင်း၊ULA/AA၏ ဩဇာကို အသိအမှတ်ပြုရန်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း” စသဖြင့် ဧရာဝတီသတင်းဌာနမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ဖော်ပြခဲ့သည်။

အာရက္ခပြည်သူလက်လုပ်လက်စားများသည် အခွန်မဆောင်ကြရသော်လည်း အခွန်ဒဏ်ကိုအလူးအလဲခံစားကြုံတွေ့နေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

အာရက္ခတပ်တော်(AA) စစ်ဦးချုပ်က စီမံကိန်းလုပ်ငန်းများ၊ရေလုပ်ငန်းများကို အဓိကထားသော်လည်း လက်ရှိတွင်စီမံကိန်းလုပ်ငန်းများနှင့်ရေလုပ်ငန်းများလည်း သိပ်မရှိကြတော့ပေ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အခွန်ကောက်ခံနေမှုများအား ကုန်သည်များအပါအဝင် အာရက္ခပြည်သူလူထုက ဝေဖန်ထောက်ပြမှုများစွာရှိနေကြပေသည်။

မောင်တောမြို့နယ်တွင် ကုန်သည်ကားတစီးကုန်ဖြင့်တကြိမ်ဖြတ်သန်းသွားလျှင်တသိန်းကျပ်စီပေးနေကြရပြီး ကုန်မပါလျှင်နှစ်သောင်းကျပ်စီပေးဆောင်နေကြရသည်ဟု အာရက္ခကုန်သည်များက ဆိုကြသည်။

ထိုသို့ကောက်ခံနေမှုများသည် မောင်တောမြို့နယ်၊ကျီးကန်ပြင်မှကြိမ်ချောင်း၊တောင်ပြိုလမ်းပိုင်းများအတွက် ကောက်ခံနေခြင်းဖြစ်ပြီး နွားကားတစီးလျှင်ငါးသောင်းကျပ်အပါအဝင် ဆိုင်ကယ်တစီးကို နှစ်ထောင်ကျပ်ကောက်ခံနေသည်ဟုလည်း မောင်တောဒေသခံများက ဆိုကြသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အခွန်ကုန်စည်ကို ဖြေလျော့သင့်ပြီး ကုန်ဈေးနှုန်းကြီးလာသဖြင့် ဆေးဝါး၊အခြေခံစားသောက်ကုန်၊စာရေးကိရိယာ၊အခြေခံလူသုံးကုန်များကို ပဋိပက္ခကာလအတွင် အခွန်ကင်းလွတ်ရန်ခွင့်ပြုသင့်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အာရက္ခပြည်သူများက ထောက်ပြတောင်းဆိုကြသည်။

အာရက္ခဒေသသို့ တရားမဝင်စီးဆင်းလာသည့်ကုန်စည်များသည် စစ်ကောင်စီတပ်ဂိတ်များတွင်တခါ၊အာရက္ခတပ်တော်ဂိတ်များကို တခါဖြတ်လျှင်တခါပေးနေကြရပြီး စားသုံးသူအာရက္ခပြည်
သူများတိုက်ရိုက်ထိကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အာရက္ခပြည်သူများက ထောက်ပြတောင်းဆိုကြသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုပစ္စည်းတန်ဖိုး၏သုံးရာခိုင်နှုန်းမှငါးရာခိုင်နှုန်းထိ ပေးနေကြရပြီး အချို့ဂိတ်များတွင်နှစ်ကြိမ်ပေးနေကြရသဖြင့်မြေပြင်အနေအထားကို သေချာစီစစ်ရန်လိုအပ်နေကာအခွန်ကောက်ခံနေမှု၏အခြေခံမူဝါဒများအား အာရက္ခပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိချပြရန်လိုအပ်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အာရက္ခပြည်သူများကထောက်ပြတောင်းဆိုကြသည်။

အာရက္ခဒေသ၏ စီးပွားရေးကြပ်တည်းမှု၊ထုတ်ကုန်မဲ့မှုနှင့်ခြွတ်ခြုံကျမှုကို ဖြေရှင်းရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင် ရေတို၊ရေရှည်အစီအမံများရှိရန်လိုအပ်နေပေသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင် တရားမျှတလွတ်လပ်သောပြည်သူလူထုအတွက်အဆင်ပြေသော စီးပွားရေးမူဝါဒ၊အခြေခံမူဝါဒများ ရှိကောင်းရှိပေလိမ့်မည်။

ထိုမူဝါဒများအား ပြည်သူလူထုကို မည်သည့်အချိန်တွင်ချပြပြီး မူဝါဒလုပ်ငန်းစဉ်များတွင် ပြည်သူလူထုအားတိုက်ရိုက်ပါဝင်ခွင့်ရှိရန် မည်သို့ဆောင်ရွက်လာမည်ကို အာရက္ခပြည်သူလူထုကမျှော်လင့်စောင့်စားနေကြသည်ဟု ဆိုကြသည်။


ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၂

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၃

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၄

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၄

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၅

PrevPreviousပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း
Nextကျောက်ဖြူ​မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှု ပိုလုပ်နေNext
Previous Post

ပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း

Next Post

ကျောက်ဖြူ​မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှု ပိုလုပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းတွေ ဆက်ခေါ်နေ

May 2, 2026

​ဟော်မုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှု ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းသွား

May 1, 2026

အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစတင်

May 1, 2026
Photo - ONN

အာရက္ခဒေသမှာကျင်းပတဲ့ သက်အမျိုးသားနေ့

May 1, 2026

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းတွေ ဆက်ခေါ်နေ

ကွတ်ခိုင်မှာလက်နက်ကြီးပေါက်ကွဲလို့ အမျိုးသားနှစ်ဦးသေဆုံး

​ဟော်မုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှု ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းသွား

​စစ်လက်နက်ပွဲစားတွေထိုင်းမှာ ငွေခဝါချမယ့်အရေး JFM တားမြစ်

​အမေရိကန်နဲ့ပြန်သင့်ဖို့ ထရမ့်ရဲ့လူယုံ ရော်ဂျာစတုန်းကို အာဏာသိမ်းစစ်တပ်ငှား

​အိန္ဒိယရေတပ်ဦးစီးချုပ် မြန်မာနိုင်ငံသို့ ရောက်နေ

Releated Post

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းတွေ ဆက်ခေါ်နေ

May 2, 2026

ကွတ်ခိုင်မှာလက်နက်ကြီးပေါက်ကွဲလို့ အမျိုးသားနှစ်ဦးသေဆုံး

May 1, 2026

​ဟော်မုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှု ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းသွား

May 1, 2026

​စစ်လက်နက်ပွဲစားတွေထိုင်းမှာ ငွေခဝါချမယ့်အရေး JFM တားမြစ်

May 1, 2026

​အမေရိကန်နဲ့ပြန်သင့်ဖို့ ထရမ့်ရဲ့လူယုံ ရော်ဂျာစတုန်းကို အာဏာသိမ်းစစ်တပ်ငှား

May 1, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​အိန္ဒိယရေတပ်ဦးစီးချုပ် မြန်မာနိုင်ငံသို့ ရောက်နေ

May 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page