Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

မိသားစုလူမှုပဋိညာဉ်ပျက်စီးလာနေတဲ့ အာရက္ခဒေသ

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဩဂုတ် ၂၀။

လူမှုပဋိညာဉ်ဆိုတာဘာလဲ

“လူမှုပဋိညာဉ်(Social Contract)”ဆိုတာ လူအချင်းချင်းကြားမှာထားရှိကြတဲ့ လူမှုရေးဆိုင်ရာကတိကဝတ် ဒါမှမဟုတ် သဘောတူညီချက်ပါ။

အဲဒါကိုထားရှိရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ အားလုံးငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ပြည်သူအချင်းချင်းကြားမှာရော၊ ပြည်သူနဲ့အုပ်ချုပ်သူအစိုးရကြားမှာပါ မရှိမဖြစ်ရှိရမယ့်အပြန်အလှန် သဘောတူညီချက်မျိုးဖြစ်ပါတယ်။

အဲဒီလူမှုပဋိညာဉ်ဆိုတဲ့အထဲမှာ တိုင်းရင်းသားတွေ၊ လူနည်းစုတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ၊ ကျင့်သုံးနေကြအလေ့အကျင့်တွေကအစ ပါဝင်ပါတယ်။

ရပ်ရွာထဲက သာရေးနာရေးအသင်းအဖွဲ့တွေ၊ ဂါမပညတ်ချက်တွေကစလို့ တိုင်းပြည်ရဲ့ဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေထိ အကုန်အကျုံးဝင်ပါတယ်။

လူမှုပဋိညာဉ်ပျက်သွားရင်ဘာဖြစ်မလဲ

ကတိကဝတ် ဒါမှမဟုတ် ပဋိညာဉ်ဆိုတာတရားမျှတမှုနဲ့ ပါဝင်သူတွေရဲ့လွတ်လပ်တဲ့ ဆန္ဒပေါ်မှာအခြေခံရတာပါ။

လူမှုပဋိညာဉ်ကို ဘာလို့ထားကြသလဲဆိုရင် လူ့အဖွဲ့အစည်းအတွင်း အေးချမ်းချင်လို့၊ တရားမျှတမှုမပျက်ချင်လို့နဲ့ အချင်းချင်းမနာကျင်စေချင်လို့ပဲဖြစ်ပါတယ်။

အဲဒါကြောင့်ဒီလူမှုပဋိညာဉ်ပျက်စီးသွားပြီဆိုရင် တရားမျှတမှုတွေပျောက်ကွယ်ပြီး စိတ်ဒဏ်ရာတွေရလာကြပါလိမ့်မယ်။

နောက်ဆုံးတော့လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန်ယုံကြည်မှုတွေပါ လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်။

အာရက္ခဒေသရဲ့ လူမှုပဋိညာဉ်အခြေအနေ

လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar ရဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လထုတ်”ပြည်ကြီးဝန်ကိုအိုးတန်ဆန်ခပ်”အစီရင်ခံစာမှာ အာရက္ခဒေသရဲ့လူမှုပဋိညာဉ်ခိုင်မာမှုနဲ့ပတ်သက်ပြီး ရှုထောင့်နှစ်ခုကအသိပေးထားပါတယ်။

-ပထမရှုထောင့်…

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ဥပဒေပြုရေး(အာဏာသုံးရပ်) အပေါ် ချဉ်းကပ်မှုပါ။

-ဒုတိယရှုထောင့်…

ပြည်သူလူထုအပေါ် အကဲဖြတ်ချက်ပါ။

လူမှုပဋိညာဉ်အမြင်နဲ့ကြည့်ရင် ရခိုင်လူ့အဖွဲ့အစည်းရဲ့အသေးငယ်ဆုံးဆဲလ်တခုဟာ “မိသားစု”ပဲ ဖြစ်ပါတယ်။

အဲဒီမိသားစုဆိုတဲ့အဆောက်အအုံမှာ အနည်းဆုံးလင်နဲ့မယားဆိုတဲ့လူသားနှစ်ဦးကြား အပြန်အလှန်ပဋိညာဉ်ပြုမှု၊ကတိကဝတ်ပြုမှုတွေရှိပါတယ်။

ရခိုင်လူ့အဖွဲ့အစည်းရဲ့ မိသားစုအဆောက်အအုံဟာ “တလင်တမယားစနစ်”အပေါ်မှာအခြေခံထားတာပါ။

ISP Myanmar ကတော့ ဒီတလင်တမယားစနစ်ဥပဒေကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေဘက်ကမကျေနပ်တာတွေရှိနေသလို တရား စီရင်ရေးယန္တရားလစ်ဟာမှုတွေက လူမှုညီညွတ်ရေးနဲ့တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တယ်လို့ ခပ်ပါးပါးသုံးသပ်ထားပါတယ်။

“တကယ့် ဥပဒေပဲထုတ်ထုတ်၊ တလင်တမယားစနစ်ကိုဖျက်သိမ်းတဲ့ဥပဒေပဲ ထုတ်ပြန်ထုတ်ပြန်၊ ပြည်သူတွေကို ”ဒါမျိုးဖတ်ဖူးကြလား”လို့ ပြန်မေးရပါမယ်။အဲဒီလိုပဲပြည်သူကို စောင့်ရှောက်အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တိုင်းကလည်းဒီမေးခွန်းကို မိမိကိုယ်တိုင်မေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တခါတလေငါတို့လုပ်ရင်းနဲ့ လက်လွန်သွားတာတွေရှိတတ်လို့ပါ။ လက်လွန်သွားတာ အကုန်လုံးကိုအပြစ်လို့မပြောချင်ပေမယ့် ဒါဟာအင်မတန်စိုးရိမ်စရာကောင်းတဲ့ အချက်ပါ။”လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးက Border News Agency ကို ပြောပါတယ်။

၂၀၁၅ တလင်တမယားဥပဒေ သို့မဟုတ် ထောင်ချောက်ဆင်ခဲ့တဲ့ဥပဒေ

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်၊ တလင်တမယားဥပဒေပြဋ္ဌာန်းတုန်းကလည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။

အဓိကကတော့ စေတနာမမှန်လို့ပါ။

တကယ်တလင်တမယားစနစ်ကို ခိုင်မာစေချင်တာထက်နိုင်ငံရေးအရအမြတ်ထုတ်ဖို့နဲ့ အစ္စလမ်ဘာသာဝင်တွေကိုပစ်မှတ်ထားဖို့လုပ်ခဲ့တာလို့ ဝေဖန်ကြပါတယ်။

နောက်ပြီး ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သရေကွင်းလိုဆွဲချင်သလို ဆွဲလို့ရအောင်လုပ်ထားတာပါ။

ဥပမာ – “လင်မယားကဲ့သို့ ပေါင်းသင်းခြင်း”ဆိုတဲ့ စကားရပ်ရဲ့အဓိပ္ပာယ်ကို ဝေဝါးအောင်လုပ်ထားပါတယ်။

ပျော်ပါးတာလား၊လင်မယားအဖြစ် ပေါင်းတာလား၊ ဖောက်ပြန်တာလားဆိုတာကို ထောင်ဒဏ် ၇ နှစ်ထိချဖို့ တရားရုံးမှာသက်သေပြရတာသတ်မှတ်ရတာသမားရိုးကျ မဟုတ်ဘဲခက်ခဲပါတယ်။

နောက်ပြဿနာတခုကတော့ အိမ်ထောင်ရှိသူကလွတ်နေတဲ့သူကို “ငါ…လူလွတ်ပါ”လို့ လှည့်စားပြီးပေါင်းသင်းခဲ့ရင် အလှည့်စားခံရတဲ့သူအတွက် အကာအ ကွယ်မရှိတာပါပဲ။

အဲဒီလိုလှည့်ဖြားခံရတဲ့ အမျိုးသမီးဟာ “မယားငယ်/နောက်အိမ်ထောင်”ဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားပြီး ကလေးစရိတ်၊ ပိုင်ဆိုင်မှုခွဲဝေပိုင်ခွင့်နဲ့ လျှော်ကြေးစတာတွေ အကုန်ဆုံးရှုံးရုံမကတရားပါအစွဲခံရနိုင်တဲ့ အနေအထားမျိုးရှိနေပါတယ်။

ဥပဒေမှာ ဟာကွက်တွေရှိပြီး တလွှဲအသုံးချခံရနိုင်ခြေရှိတယ်ဆိုတဲ့ သဘောပါ။

တကယ်တော့ မြန်မာ့ရာဇသတ်ကြီးပုဒ်မ ၄၉၇ လို တခြားသူရဲ့ ဇနီးနဲ့ဖောက်ပြန်ရင် အရေးယူလို့ရတဲ့ ပုဒ်မတွေရှိပြီးသားဖြစ်သလို ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဘာသာခြားနဲ့ယူရင် အကာအကွယ်ပေးမယ့်ဥပဒေတွေလည်းရှိပြီးသားလို့ လူ့အခွင့်အရေးအဖွဲ့တွေကထောက်ပြကြပါတယ်။

အဲဒါကြောင့် တလင်တမယားဥပဒေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရခိုင်ဒေသမှာရှေးကတည်းကလွှမ်းမိုးထားတဲ့ ဓလေ့ထုံးတမ်းဥပဒေတွေရှိနေပါတယ်။

ရခိုင်ဒေသမှာ လွှမ်းမိုးထားတဲ့ဥပဒေဓလေ့တွေ

-မနုကျယ်ဓမ္မသတ်(တွဲ ၇၊အပိုဒ် ၁၇) – ယောက်ျားဖြစ်သူကရန်ငြိုးဖွဲ့ပြီး ဇနီးကို သုံးနှစ်ပတ်လုံးစရိတ်မပေး၊ မထောက်ပံ့ဘဲစွန့်ပစ်ထားရင် လင်မယားအဖြစ်က အလိုအလျောက်ပြတ်စဲပါတယ်။

မိန်းမဖြစ်သူက တရားရုံးမှာကွာရှင်းခွင့် သီးသန့်လျှောက်စရာမလိုပါဘူး။

အပြစ်မရှိတဲ့ဇနီးကို ပစ်သွားတဲ့ယောက်ျားဟာ ပိုင်ဆိုင်မှုအားလုံးဆုံးရှုံးပြီး အဝတ်တထည်ကိုယ်တခုနဲ့ အိမ်ပေါ်ကဆင်းရပါတယ်။
(အလားတူစီရင်ထုံးတွေလည်းရှိခဲ့ပါတယ်)။

-၁၈၉၈ ရာဇဝတ်ကျင့်ထုံးဥပဒေ(ပုဒ်မ ၄၈၈) – ယောက်ျားကမယားနဲ့ သားသမီးတွေကိုမကျွေးမွေးဘဲစွန့်ပစ်ရင် လစဉ်စရိတ်ကြေးငွေပေးဆောင်ဖို့ တရား သူကြီးကအမိန့်ချနိုင်ပါတယ်။

-၁၈၉၀ အုပ်ထိန်းသူများနှင့်မိဘမဲ့ကလေးများ အက်ဥပဒေ (ပုဒ်မ ၇ နှင့် ၂၅) – ကလေးရဲ့ အကျိုးစီးပွားအတွက် မိခင်ဖြစ်သူကိုအုပ်ထိန်းသူအဖြစ် ခန့်အပ်ဖို့ တရားရုံးမှာလျှောက်ထားနိုင်ပါတယ်။

အဲဒီလိုဥပဒေတွေအပြင် ရခိုင်ဒေသကအမျိုးသမီးတွေဟာ လူမှုပဋိညာဉ်အရမယားပြိုင်စနစ်ကိုလက်မခံကြပါဘူး။

စစ်ဘက်နဲ့မိသားစုပဋိညာဉ်

ဘယ်တိုင်းပြည်မှာမဆို ပြည်သူကိုကာကွယ်ပါမယ်လို့ကတိပြုထားတဲ့ စစ်ဘက်အဖွဲ့အစည်းဟာ မိသားစုဘဝတွေပြိုကွဲအောင်မလုပ်ရပါဘူး။အိမ်ထောင်ရေးဖောက်ပြန်မှုကိုအားမပေးရပါဘူး။ ဒါဟာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ဂုဏ်သိက္ခာဖြစ်ပါတယ်။

အဲဒါကြောင့်လည်း တပ်ဖွဲ့ဝင်တွေရဲ့ ထိမ်းမြားမှု၊ကွာရှင်းမှုတွေကို စိစစ်အတည်ပြုပြီးမှ ဆောင်ရွက်ရတာဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တဦးကွာရှင်းချင်ရင်တောင် တပ်ရင်းကနှစ်ဦးလုံးကိုခေါ်ယူညှိနှိုင်းပေးရပါတယ်။ သဘောထားကို လွတ်လပ်စွာမေးရပါတယ်။ဘက်မလိုက်ရပါဘူး။

ကွာရှင်းတော့မယ်ဆိုရင်လည်း ရသင့်ရထိုက်တဲ့တရားမျှတတဲ့ အခွင့်အရေးတွေရအောင်လမ်းဖွင့်ပေးရပါတယ်။

ဒါပေမယ့် မြေပြင်မှာကြုံနေရတဲ့ ပြဿနာကဘာမှပိုင်ဆိုင်မှုမရှိတဲ့ အိမ်ထောင်ရေးတွေမှာ ကွာရှင်းမှုဖြစ်လာရင် ဇနီးနဲ့သားသမီးတွေကို ဘာမှမထောက်ပံ့နိုင်တာပါပဲ။ထောက်ပံ့ရင်လည်း လက်ရှိကုန်ဈေးနှုန်းနဲ့လုံးဝမကာမိပါဘူး။အဲဒါဟာ ဆိုးဝါးတဲ့လူမှုရေးအကျပ်အတည်းဆီတွန်းပို့နေတာပါ။

“ဥပဒေအရ အကာအကွယ်မရလို့ စိတ်ဆင်းရဲရပါတယ်။သားသမီးတွေနဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်ရပါတယ်။ဝင်ငွေမရှိပါဘူး။မှီခိုရာမရှိပါဘူး။အလုပ်အကိုင်မရှိဘဲ အရှက်ခွဲခံရလို့ လူမှုပတ်ဝန်းကျင်မှာ အသက်ပင်မရှင်ချင်လောက်အောင်ဖြစ်နေကြရပါတယ်။”လို့ အာရက္ခတပ်တော်(AA)အရာရှိတဦးရဲ့ အတင်းအဓမ္မကွာရှင်းခံလိုက်ရသူအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ တလင်၊တမယားဥပဒေကို ဥပဒေအရတရားဝင်မဖျက်သိမ်းသေးပေမယ့် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေကို နောက်အိမ်ထောင်ပြုခွင့်တွေ ခွင့်ပြုပေးထားတယ်လို့ အာရက္ခတပ်တော်အသိုင်းအဝိုင်းကအတည်ပြုပြော​ကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အမျိုးသမီးတွေကို အကာအကွယ်အကူအညီပေးရမှာဖြစ်သလို တာဝန်ယူမှုရှိရမှာဖြစ်ပြီး နစ်နာသူတွေကို ကာကွယ်ကူညီပေးမယ့်အစီအစဉ်တွေ ဆောင်ရွက်ပေးရမယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

အဲဒီလိုဥပဒေအရအကာအကွယ်၊အကူအညီမပေးကြတာမို့ အာရက္ခဒေသကအိမ်ထောင်ရှင်အမျိုးသမီးတွေဟာ ကိုယ်စိတ်နှစ်ပါးစိုးရိမ်နေကြရတယ်လို့ အာရက္ခတပ်တော်မိသားစုဝင်တွေက ဆိုကြပါတယ်။

“အာရက္ခဒေသမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ”ငါ့ယောက်ျား ငါ့ကိုတနေ့နေ့ စွန့်ပစ်သွားမလား။”ဆိုပြီး စိုးရိမ်နေကြရတယ်။ယောက်ျားတွေကလည်း မိန်းမနောက်တယောက်ကို အချိန်မရွေးယူလို့ရတယ်ဆိုတဲ့အမြင်အောက်မှာ အမျိုးသမီးတွေကိုလူသားလို့မမြင်ကြတော့ဘဲ ပစ္စည်းတခုလိုပဲသဘောထား​ကြပါတော့တယ်။”လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အရာရှိအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအာရက္ခတပ်တော်(AA)မှစစ်ဒေသမှူး၊ဗိုလ်မှူးချုပ်အဆင့်အရာရှိတွေအပါအဝင် ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းဒုကျောင်းတွေ၊ဗျူဟာမှူးအဆင့်တွေထိကို ဇနီးမယားသဘောမတူဘဲ နောက်အိမ်ထောင်ပြုခွင့်ပေးထားတယ်လို့ အာရက္ခတပ်တော်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

ဒါပေမယ့်နစ်နာသူအမျိုးသမီးဇနီးမယားတွေဟာ ဥပဒေအရအမှုဖွင့်တရားစွဲခွင့်မရကြသလို ဥပဒေအရအကာအကွယ်မရကြဘူးလို့ ကိုယ်တိုင်ကြုံတွေ့နေကြရသူတွေက ဆိုကြပါတယ်။

“အိမ်ထောင်ရေးဖောက်ပြန်မှုကို တရားစွဲလို့မရတဲ့အတွက် ဥပဒေအရအကာအကွယ်လုံးဝမရကြပါဘူး။”လို့ အာရက္ခတပ်တော်(AA)ရဲ့စစ်ဒေသမှူး၊ဗိုလ်မှူးချုပ်အဆင့်အရာရှိတဦးရဲ့ အတင်းအဓမ္မကွာရှင်းခံရသူအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

ISP Myanmarရဲ့သတိပြုဖွယ် သုံးသပ်ချက်တွေ

အာရက္ခဒေသမှာ တရားစီရင်ရေးနဲ့အုပ်ချုပ်ရေးစွမ်းဆောင်ရည်အကန့်အသတ်ရှိနေတာတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်မဟန့်တားနိုင်တာတွေ၊အမျိုးသမီးတွေအတွက် လုံခြုံရေးမပေးနိုင်တာတွေကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA )ရဲ့အုပ် ချုပ်ရေးယန္တရားပုံရိပ်နဲ့တရားဝင်မှုဟာ ရေရှည်မှာခြိမ်းခြောက်ခံလာရနိုင်တယ်လို့ ISP Myanmar က သုံးသပ်ထားပါတယ်။

“ULA/AA က အိမ်ထောင်ရေးဥပဒေကို လက်တလုံးခြားလုပ်ထားတယ်လို့ မြင်ပါတယ်။ တရားဝင်မယားရှိတဲ့သူ၊ စစ်ဦးစီးရုံးချုပ်မှာလက်မှတ်ထိုးထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက်ကို ”မျိုးဆက်လိုချင်လို့”ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်မယားတယောက်တရားဝင်ယူခွင့်ပြုလိုက်ရင် တခြားသူတွေကိုလည်းခွင့်ပြုရတော့မှာပါ။ ဒါဟာ တလင်တမယားလည်းမဟုတ်၊ မယားပြိုင်ဥပဒေလည်းမဟုတ်ဘဲ မလိုချင်တဲ့အခါ မယားကြီးကိုစွန့်ပစ်ခွင့်ပေးထားတဲ့ ဥပဒေဖြစ်နေပါတယ်။”လို့ ရက္ခိုင်အမျိုးသားအဖွဲ့(ULA)ရဲ့ ပါတီထိပ်ပိုင်းအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုလူမှုရေးနဲ့စီးပွားရေးအကျပ်အတည်းတွေကို အချိန်မီထိန်းကျောင်းမဖြေရှင်းနိုင်ရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA )ရဲ့ တော်လှန်ရေးနဲ့နိုင်ငံရေးရည်မှန်းချက်တွေအပေါ် ပြည်သူတွေမေးခွန်းထုတ်လာနိုင်ပြီး”တရားဝင်မှုလျော့ကျခြင်းသံသရာ(Legitimacy Crisis)”ထဲ ရောက်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ အမျိုးသမီးတွေကိုအကာအကွယ်ပေးမယ့် ဥပဒေတွေတရားဝင်ပြဋ္ဌာန်းသင့်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဝန်ထမ်းအားလုံးကို အသိပညာပေးတာတွေ၊သင်တန်းပေးတာတွေပြုလုပ်သင့်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားနေကြသူတွေက အကြုံပြုထောက်ပြကြပါတယ်။

“အဓိကကတော့ ကျား/မ တန်းတူညီမျှရေး(Gender)သင်ခန်းစာတွေကို ULA/AA သင်တန်းတွေမှာ ထည့်သွင်းသင့်ပါတယ်။အမျိုးသမီးတွေကို ကာကွယ်တဲ့နိုင်ငံတကာဥပဒေတွေနဲ့အညီ ဥပဒေတွေထုတ်ပြန်ပြီး အာရက္ခအစိုးရကိုယ်တိုင် အရင်ဆုံးတိတိကျကျလိုက်နာရပါမယ်။ပြည်သူတွေကိုလည်း အသိပညာပေးတာတွေလုပ်သင့်ပါတယ်။”လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အရာရှိအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေးနဲ့တရားစီရင်ရေးအားနည်းမှုကြောင့် အာရက္ခဒေသကအမျိုးသမီးတွေဟာ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများကြီးနဲ့ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ အာရက္ခတပ်တော်ရဲ့အမျိုးသမီးအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဝန်ထမ်းတွေကို ဇနီးမယားသဘောမတူခွင့်မပြုဘဲ နောက်အိမ်ထောင်ပြုခွင့်ပေးထားတာဟာ အမျိုးသမီးတွေအပေါ်တရားဝင်လိင်အမြတ်ထုတ်ခွင့်ပေးထာသလိုဖြစ်နေတယ်လို့ အာရက္ခအမျိုးသမီးတွေက ဝေဖန်ပြစ်တင်နေ​​ကြပါတယ်။

“ဒီလိုဖြစ်နေတာဟာ မိန်းမတွေအပေါ် ယောက်ျားတွေက တရားဝင်လိင်အမြ တ်ထုတ်ခွင့်လိုင်စင်ပေးထားသလိုဖြစ်နေပါတယ်။”လို့ အာရက္ခတပ်တော်(AA)မှဗျူဟာမှူးအဆင့်ဗိုလ်မှူးတဦးရဲ့အတ င်းအဓမ္မကွာရှင်းခံရသူအမျိုးသမီးကBorder News Agency ကို ပြောပါတယ်။

အဲဒီလိုအတင်းအဓမ္မကွာရှင်းခံရသူအမျိုးသမီးတချို့ကို အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူကလည်း အာရက္ခတပ်တော်(AA)အရာရှိတွေဘက်က ကာကွယ်ရပ်တည်ပြောဆိုတာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူအမျိုးသမီးတွေက အတည်ပြုပြော​​ကြပါတယ်။

အဲဒီအာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဝန်ထမ်းတွေဘက်က ရပ်တည်ကာကွယ်ပြောဆိုတာဟာ အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့သဘောထားအာဘော်တွေဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူအမျိုးသမီးတွေက သုံးသပ်ယူဆပြော​​ကြပါတယ်။

“ULA/AAဟာ နယ်မြေစိုးမိုးမှုအားကောင်းလာပြီး အုပ်ချုပ်ရေးခိုင်မာလာပေမယ့် အမျိုးသမီးတွေရဲ့လုံခြုံရေးနဲ့ အခွင့်အရေးပိုင်းမှာ စိန်ခေါ်မှုတွေအများကြီးကျန်နေပါသေးတယ်။ဒါတွေကို အကောင်အထည်ဖော်ဖို့ အာရက္ခအစိုးရမှာဆန္ဒရှိဖို့ အဓိကလိုအပ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပံ့ပိုးပေးဖို့လိုပါတယ်။”လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ပါတီဝင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုအတင်းအဓမ္မကွာရှင်းခံရသူအမျိုးသမီးတွေထဲမှာ အာရက္ခတပ်တော်(AA)ရဲ့ဗိုလ်မှူးချုပ်အဆင့်စစ်ဒေသမှူး၊ဒုဗိုလ်မှူးကြီးအဆင့်ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းဒုတိယကျောင်းအုပ်ဗိုလ်မှူးအဆင့်ဗျူဟာမှူးတွေထိပါဝင်နေတာကို Border News Agency ကလက်ခံရရှိထားတဲ့ စာရွက်စာတမ်းအထောက်အထားတွေမှာ တွေ့ရပါတယ်။

အဲဒီအပြင် ​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးအပါအဝင် တိုက်နယ်မှူးအဆင့်တွေရဲ့ဇနီးမယားထိ အတင်းအဓမ္မကွာရှင်းခံရသူအမျိုးသမီးတွေထဲမှာပါဝင်နေတာကို Border News Agency ကလက်ခံရရှိထားတဲ့ စာရွက်စာတမ်းအထောက်အထားတွေမှာတွေ့ရပါတယ်။

အဲဒီလိုအတင်းအဓမ္မကွာရှင်းဖို့ ဖိအားပေးသူတွေထဲမှာ အာရက္ခတပ်တော် (AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူဒေါ်နှင်းဇာဖြူအပါအဝင် အာရက္ခတပ်တော်(AA)ရဲ့စစ်ဒေသမှူးတွေ၊တပ်ရင်းမှူးတွေ၊အောက်ခြေအရာရှိတွေထိပါဝင်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက အတည်ပြုပြောကြပါတယ်။

အဲဒီအပြင်နစ်နာသူအမျိုးသမီးတွေရဲ့လူမှုကွန်ရက်ပေါ်ရင်ဖွင့်ရေးသားချက်တွေကို ဖိအားပေးပြန်ဖျက်ခိုင်းတာတွေ၊တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးဌာန(ဒီလပ်)က ဆင့်ခေါ်သတိပေးတာတွေ၊ယာယီအကူအညီပေးထားတာတွေကို အပြီးရပ်တန့်မယ်လို့ ခြိမ်းခြောက်ဖိအားပေးတာတွေလည်း ခံစားကြုံတွေ့နေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက အတည်ပြုပြောကြပါတယ်။

အဲဒီလိုတဖက်သတ်ဖိအားပေးအတင်း အဓမ္မကွာရှင်းပြတ်စဲခွင့်ပြုကြောင်းကို အာရက္ခတပ်တော်(AA)စစ်ရုံးချုပ်မှဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကိုယ်စားလက်မှတ်ထိုးခွင့်ပြုပေးထားပေမယ့် တဖက်ကာယကံရှင်အမျိုးသမီးက သဘောတူလက်ခံကွာရှင်းပေးထားတာမဟုတ်ဘူးလို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက အတည်ပြုပြောကြပါတယ်။

အဲဒီအပြင် အုပ်ချုပ်ရေးစနစ်ကို ဝေဖန်ထောက်ပြတဲ့အမျိုးသမီးတွေကို ပြင်းပြင်းထန်ထန်အရေးယူတာတွေက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ပြီး အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးမှာပါဝင်ခွင့်ကို နောက်ကြောင်းပြန်လှည့်စေတယ်လို့ ISP Myanmar က ထောက်ပြထားပါတယ်။

PrevPreviousထိုင်းမှာကျင်းပတဲ့ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေး
Nextဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဆယ်လေးဦးကို လွှဲပေးNext
Previous Post

ထိုင်းမှာကျင်းပတဲ့ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေး

Next Post

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဆယ်လေးဦးကို လွှဲပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – နိဂုံး

August 17, 2026

လူထုကို ဖိနှိပ်ထားချင်တဲ့ တိဂရေးနစ်တွေ

August 16, 2026

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု – ၅

August 14, 2026

ဦးနှောက်သော့ခတ်ခံထားရတဲ့ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေး

August 13, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Releated Post

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

August 18, 2026

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

August 18, 2026
Photo - ONN

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

August 18, 2026
ဓာတ်ပုံ - အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

August 18, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

August 18, 2026
ဓာတ်ပုံ - ပကဖ၊ ဝက်လက်မြို့နယ်

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

August 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page