Border News Agency
နီပေါ၊ ဩဂုတ် ၂၆။
တိဗက်မှ စီးဝင်လာတဲ့ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် နီပေါနိုင်ငံမြောက်ပိုင်း၊ ရာဆူဝါခရိုင်မှာ အနည်းဆုံးလူကိုးဦးသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ဩဂုတ်လ ၂၆ ရက်၊ဒီနေ့မှာ ပြောပါတယ်။
အဲဒီဘုတ်ကုရှီမြစ်ရေလျှံတက်လာမှုကြောင့် မြစ်ကြောင်းတလျှောက်ရှိ လူနေအိမ်တွေ၊ တံတားတွေနဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ရေမျှောပါပျက်စီးခဲ့ပြီး ဒေသတွင်း ရွာလုံးကျွတ်ရေဖုံးလွှမ်းသွားခဲ့တာပါ။
နယ်စပ်တဖက်ခြမ်း တိဗက်ဒေသရှိ ဂျီရောင်ခရိုင်မှာလည်း ရွှံ့နွံပြိုကျမှုကြောင့် လမ်းပန်း
ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး လူအများအပြားသေဆုံးတာတွေရှိနေသလိုပျောက်ဆုံးနေတာတွေလည်းရှိနေပါတယ်။
နီပေါအစိုးရ အာဏာပိုင်တွေက ရေဘေးသင့်ရာဆူဝါခရိုင်အတွင်း အရေးပေါ်ကူညီကယ်
ဆယ်ရေးအတွက် နီပေါတပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး ဟယ်လီကော်ပတာတွေကို အရေးပေါ် စေလွှတ်ထားထားပါတယ်။
ဒါပေမယ့် မြစ်ရေအလွန်အမင်းမြင့်တက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။
နီပေါဝန်ကြီးချုပ် ဗာလန်ဒရာရှားက အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး မြစ်ကမ်းဘေး အနိမ့်ပိုင်းတွင် နေထိုင်ကြသူတွေကို ဘေးကင်းရာသို့အမြန်ဆုံးရွှေ့ပြောင်းကြဖို့နဲ့ အထူးဂရုပြု နေထိုင်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။














