Border News Agency
စစ်တွေ၊ ဩဂုတ် ၂၈။
စစ်တွေခရိုင်အတွင်း အဖျားရောဂါဖြစ်ပွားနေတဲ့ ကျေးရွာသုံးရွာနဲ့စစ်ရှောင်စခန်းနှစ်ခုမှ ပြည်သူငါးရာကိုးဆယ်ကျော်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ပါတယ်။
အဲဒီကွင်းဆင်းကုသမှုကို ဩဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်တိုင်တိုင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ဆေးကုသပေးတာနဲ့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကိုပါ ပူးတွဲလုပ်ဆောင်ခဲ့တာပါ။
စစ်တွေခရိုင် အပါအဝင် အာရက္ခဒေသတွင်း အခြားခရိုင်တွေရှိ မြို့၊ ရွာတွေမှ ဒေသခံပြည်သူတွေကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကွင်းဆင်းကုသပေးနေပါတယ်။
ကွင်းဆင်းကုသရာမှာ အထွေထွေအဖျားရောဂါ၊မျက်စိခွဲစိတ်ကုသတာနဲ့ သွားရောဂါဝေဒနာရှင်တွေကိုလည်း အခမဲ့ဆောင်ရွက်ပေးနေပါတယ်။
အဲဒီအပြင် ကာကွယ်ဆေးထိုးပေးတာ၊ မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။












