Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြေပုံမြို့နယ် မြေယာ မြေယာဆောင်းပါး မြောက်ဦးခရိုင် အာရက္ခဒေသ

ပြင်ချောင်းရပ် ကွင်းအမှတ်(၁၈-ခ)ထဲက ပုစွန်တာပြဿနာ- ၂

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
မြေပုံ၊ စက်တင်ဘာ ၁။

​သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့​ ရပ်ရွာလူမှုစီးပွားဘဝအပေါ်သက်ရောက်မှု

​ကွင်းအမှတ်(၁၈-ခ)ထဲက ပုဇွန်တာကိစ္စဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ရပ်ရွာလူမှုစီးပွားဘဝအပေါ်မှာ ထိခိုက်မှုသိပ်မရှိပါဘူး။

ဘာကြောင့်ဆို ရပ်ရွာဒေသခံတွေကိုယ်တိုင် ဆန်စပါးစိုက်ပျိုးရေးလုပ်ကွက်နဲ့ ငါး၊ပုဇွန်မွေးမြူရေးလုပ်ကွက်တွေသတ်မှတ်ထားတာကြောင့်ပါ။

အဲဒီနေရာမှာ ရိုးရာအကဲဖြတ်ဂေဟဗေဒအသိပညာ (Traditional Ecological Knowledge – TEK)ဆိုတာရှိပါတယ်။

ဒေသခံတွေဟာ သူတို့ရဲ့ဝမ်းစာရှာဖွေမှု၊စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ကိုင်မှုအတွေ့အကြုံတွေအပေါ် အခြေခံပြီးဂေဟစနစ်မပျက်စီးအောင် နေရာခွဲဝေအသုံးချစီမံတဲ့ ရိုးရာအသိပညာကို TEK လို့ခေါ်ပါတယ်။

အဲဒီလိုရပ်ရွာရဲ့ရှင်သန်နေထိုင်မှုအရကို ဒေသခံလူထုကိုယ်တိုင် သတ်မှတ်မှုသ ဘော(Endogenous Spatial Zoning )ရောက်နေတဲ့နေရာတွေဟာ EIA/SIA ဆိုင်ရာဆိုးကျိုးသက်ရောက်မှုတွေ မရှိသလောက်နည်းတတ်ပါတယ်။

​စုပေါင်းစပ်ပေါင်းကလာတဲ့ ပြဿနာအပေါ် ချဉ်းကပ်မှု

အဲဒီ​စုပေါင်းစပ်ပေါင်းသမဝါယစနစ်လို ဆောင်ရွက်ခဲ့ကြတာဖြစ်ပေမယ့် အဓိကငွေကြေးရင်းနှီးစိုက်ထုတ်မှုမတတ်နိုင်တဲ့လုပ်ကွက်ငယ်ရှယ်ယာရှင်တွေဟာ အစုစပ်ထဲရေရှည်အကျိုးအမြတ်မကာမိတတ်ကြပါဘူး။

အဲဒါကလည်း ထုံးစံလိုဖြစ်နေပါပြီ။ ငွေကြေးရင်းနှီးနည်းတဲ့စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ကွက်ငယ်၊ရှယ်ယာငယ်သမားတွေအတွက် မြန်မာနိုင်ငံရဲ့သမဝါယမစနစ်ဟာ အားကိုးမရဖြစ်နေတာကြာခဲ့ပါပြီ။

ဖြစ်တတ်တဲ့ပုံစံက ငွေကြေးရင်းနှီးစိုက်ထုတ်မှုမတတ်နိုင်တဲ့လုပ်ကွက်ငယ် ရှယ်ယာရှင်တွေဟာ အစုစပ်ထဲ ရေရှည်မှာအကျိုးအမြတ်ကမကာမိဖြစ်လာရင် သူရဲ့လုပ်ကွက်ရှယ်ယာကို ခုနှိမ်လွှဲ ပြောင်းရောင်းချရတဲ့သဘောမျိုးဖြစ်လာတတ်ပါတယ်။

အဲဒါဟာ အိမ်နီးချင်းဗီယက်နမ်နဲ့ယှဉ်ကြည့်ရင်တောင် ကျေးလက်သမဝါယမစနစ်မှာ မြန်မာဟာ နောက်ကျနေခဲ့တာတွေ၊မူဝါဒပိုင်းဆိုင်ရာအားနည်းချက်တွေ၊လျစ်လျူရှုမှုတွေနဲ့စနစ်ပိုင်းဆိုင်ရာတွေဘက်က ကြည့်မြင်ရတဲ့အမြင်ပါ။

​ပုဇွန်တာပြဿနာကိစ္စဘက်ကို ကြည့်ရင် ULA/AA ဘက်က ဒါကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ ပြီးကိုင်တွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြဿနာရဲ့ဇစ်မြစ်က”လုပ်ကွက်ငယ်ရှယ်ယာရှင်တွေဟာ လွန်ခဲ့တဲ့ဆယ့်လေး နှစ်ကျော်ဆယ့်ငါးနှစ်ခန့်အကြာကအစုစပ်ထဲမှာ သူတို့ရဲ့ရှယ်ယာတွေကို အဲလိုရောင်းချခဲ့ဘူး။” ဆိုတဲ့ အချက်ကို ဟုတ်၊မဟုတ်ဆိုတာကို စစ်ဆေးရမှာပါ။

​အဲဒီလိုစစ်ဆေးတဲ့အခါမှာ ULA/AA ရဲ့ ကော်မရှင်က ဒေသရဲ့လူမှုနိုင်ငံရေးဖြစ်တည်မှုကို ဘယ်လောက်ထိထည့်သွင်းစဉ်းစားခဲ့သလဲဆိုတာကလည်းရှိပါတယ်။

ဥပမာ – လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှ၂၀၂၀ ပြည့်နှစ်ထိ လွှတ်တော်ကာလတွေမှာ ရခိုင်ပါတီကအမတ်တွေ၊တခြားယန္တရားတွေကို ထိခိုက်နစ်နာပါတယ်ဆိုတဲ့ သူတွေဖက်ကတိုင်တန်းခဲ့တာမျိုးရှိ၊မရှိ ဆိုတဲ့လွှမ်းခြုံအချက်တွေကို စဉ်းစားတာမျိုးပါ။ တိုင်တန်းခဲ့တာမျိုးရှိခဲ့ရင် အဲဒီအချိန်တုန်းက ရခိုင်ပါတီကအမတ်တွေ ဒီကိစ္စကိုသိနိုင်ပါတယ်။

ULA/AA ရဲ့ စုံစမ်းရေးကော်မရှင်ဟာ ဒီလိုအချက်တွေကိုလည်း လွှမ်းခြုံမှုရှိသင့်ပါတယ်။

အဲဒီတုန်းက ဒီကိစ္စအပေါ် ဘယ်လိုဆုံးဖြတ်ချက်မျိုး၊ကိုင်တွယ်မှုမျိုးရှိခဲ့တယ်ဆိုတာတွေကို တီးခေါက်ကြည့်သင့်ပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မိမိစုံစမ်းစစ်ဆေးရမယ့်နယ်ပယ်အပေါ်မှာ ကျယ်ပြန့်တဲ့ချဉ်းကပ်မှုတွေရှိသင့်ပါတယ်။

​”မိမိတို့ရဲ့ရှယ်ယာအစုစပ်မြေတွေကို အရင်းအနှီးအရအကျိုးအမြတ်မကာမိလို့ မရောင်းခဲ့ပါဘူးဆိုတဲ့သူတွေထဲမှာ တချို့ဟာ လက်ရှိအခင်းဖြစ်မြေနဲ့ နယ်နိမိတ်ချင်းထိစပ်တည်ရှိနေကြဆဲပါ။”

၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေဟာ တနိုင်ငံလုံးက လယ်သမားတွေအတွက် ပုံစံ(၇)ထုတ်ပေးခဲ့တဲ့ စီမံချက်ကာလတွေပါ။

မိမိတို့ရဲ့ရှယ်ယာအစုစပ်မြေတွေကို မရောင်းခဲ့ပါဘူးဆိုတဲ့သူတွေဟာ အဲဒီအခင်းဖြစ်မြေနဲ့ထိစပ်တဲ့မြေတွေမှာ သူတို့ရဲ့ဦးပိုင်အမည်တွေပေါက်ထားပါတယ်။

အဲဒီခါတုန်းက တိုင်တန်းမယ်ဆိုရင် လွယ်လွယ်နဲ့ရပါတယ်။

အဲဒီတုန်းကကော တိုင်တန်းခဲ့တာမျိုးရှိ မရှိကိုလည်း ULA/AA ကော်မရှင်ဟာ လွှမ်းခြုံစဉ်းစားသင့်ပါတယ်။

​လက်ရှိအချိန်ထိကျင့်သုံးနေဆဲဖြစ်တဲ့ ၁၈၇၂ ခုနှစ်မှာ ဗြိတိသျှတွေပြဋ္ဌာန်းခဲ့တဲ့သက်သေခံဥပဒေပုဒ်မ ၆၆ ရဲ့ အပိုဒ်(ဂ)မှာပါတဲ့ သက်သေခံအချက်တွေကိုလည်း ULA/AA ကော်မရှင်ဂရုပြုသင့်ပါတယ်။

အဲဒီသက်သေခံစာရွက်စာတမ်းတခုရဲ့ မူရင်းပျက်စီးသွားရင် ဒါမှမဟုတ် ပျောက်ဆုံးသွားရင် အဲဒီလိုပျက်စီးသွားရတာ၊ပျောက်ဆုံးသွားရတာဟာ သက်သေပြလိုသူရဲ့ပေါ့ဆမှုကြောင့် မဟုတ်ဘဲ တခြားပယောဂတခုခုကြောင့်ဖြစ်နေရင် မူရင်းအစား ကိုယ်မှတ်မိသလိုရေးပြပြောပြတဲ့အချက်ဟာလည်း သက်သေခံဝင်တယ်ဆိုတဲ့ ဥပဒေကြောင်းအရ ပြဋ္ဌာန်းချက်တရားဝင်မှုကိုလည်း ULA/AA ကော်မရှင်သတိပြုသင့်ပါတယ်။

​ကော်မရှင်ရဲ့တာဝန်ယူမှု၊တာဝန်ခံမှုအပိုင်းပါ။ ကော်မရှင်ဟာ မိမိရဲ့ဆုံးဖြတ်ချက်ကို သက်ဆိုင်သူတွေနဲ့ လူထုကိုပွင့်လင်းမြင်သာစွာချပြဖို့လိုပါတယ်။

အဲဒီလိုအများနဲ့ဆိုင်တဲ့ကိစ္စတွေအပေါ် အာဏာပိုင်တရပ်ဟာ ဆုံးဖြတ်ချက်ချရင် အဲဒီဆုံးဖြတ်ချက်ကို လူထုဟာ ပွင့်ပွင့်လင်းလင်းသိမှလိုက်နာနိုင်မှာပါ။

တရားစီရင်ရေးသဘော သက်ရောက်တဲ့စီမံခန့်ခွဲမှုတွေရဲ့ဆုံးဖြတ်ချက်တွေမှာ လူထုနစ်နာတယ်လို့ထင်ရင် ဒါကိုပြန်ပြီးခုခံချေပအရေးဆိုဖို့ အယူခံဝင်ရောက်ခွင့်လမ်းကြောင်းကိုပါ ဥပဒေကြောင်အရဖွင့်ပေးရပါတယ်။

အဲဒီလိုဖွင့်ပေးမှုမျိုးကို ကော်မရှင်ဟာ နောက်တွန့်မနေသင့်ပါဘူး။

​အုပ်ချုပ်သူဟာ လူထုအတွက် တရားမျှတမှုကိုဆောင်ကျဉ်းနိုင်ဖို့လိုပါတယ်။

ရခိုင်ဒေသဟာ အုပ်ချုပ်သူအဆက်ဆက်ကပေးခဲ့တဲ့ မြေယာနဲ့ပတ်သက်တဲ့ ဒဏ်ရာတွေ အများကြီးပါ။

ULA/AAဟာ ဒဏ်ရာတွေကို ကုစားရမယ့်သူသာဖြစ်ပြီး ဒဏ်ရာထပ်ပေးတဲ့သူမဖြစ်ဖို့လိုပါတယ်။

အမှန်တရားကိုချပြရမယ့်သူကိုယ်တိုင်က လုပ်ပိုင်ခွင့်အာဏာကို ကိုင်ထားချိန်မှာ”မင်းတို့အချင်းချင်းပြဿနာဖြစ်နေလို့ ဒီမြေကိုငါယူတယ်။”ဆိုတဲ့လုပ်ရပ်ဟာ အင်မတန်မှရုပ်ပျက်ပြီးတရားမျှတမှုကို ငါတို့ကိုယ်တိုင်ဂရုမစိုက်ဘူးဆိုတာကိုပြနေသလိုမျိုးဖြစ်နေပါတယ်။

PrevPreviousမယ်ဆိုင်မှာမြန်မာဘက်မှပို့တဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိ
Nextအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ဇနီး ဗီယက်နမ်သို့သွားမယ်Next
Previous Post

မယ်ဆိုင်မှာမြန်မာဘက်မှပို့တဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိ

Next Post

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ဇနီး ဗီယက်နမ်သို့သွားမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမြေကို အောက်တိုဘာလ ၁၇ ရက်နေ့၊မနက် ၉ နာရီကျော်အချိန်က စစ်သုံ့ပန်းများဖြင့်အကွက်ရိုက်နေပုံ/BNA)

လေကြောင်းရန်မကာကွယ်ဘဲ မြေသိမ်းမှုများက အာရက္ခတော်လှန်ရေးမည်သည့်ကို ဦးတည်စေမည်နည်း။

October 17, 2026
(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမှာ အကွက်ရိုက်နေတဲ့နေရာ/BNA)

မြောက်ဦးမြို့နယ်က အတင်းအဓမ္မသိမ်းမယ့်မြေတွေကို အကွက်ရိုက်တိုင်းနေ

October 17, 2026
(ဓာတ်ပုံ - ငပြီကျွန်းအနီး ကုလားတန်မြစ်ထဲမှာတွေ့ရတဲ့ အာဏာသိမ်းရေတပ်ကမ်းထိုးရေယာဥ်နှစ်စီး/BNA)

ငပြီကျွန်းတိုက်ပွဲမှာ နှစ်ဘက်အကျအဆုံး များ

October 15, 2026
ဓာတ်ပုံ- ဝေဟင်အောင်

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို ကျပ်သိန်းနှစ်ထောင်ကျော်ထောက်ပံ့ (ဓာတ်ပုံသတင်း)

October 15, 2026

ကစယ်ဒိုကို စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အဆောက်အအုံပျက်စီး

ထိုင်းမှာ ယာဉ်စီးခရီးသည်တင်ပစ္စည်းတွေအတွင်းမှ မူးယစ်ဆေးဝါးတသန်းကျော်ဖမ်းမိ

မြိုင်နဲ့ပေါက်နယ်ကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးနေ

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ

လေကြောင်းရန်မကာကွယ်ဘဲ မြေသိမ်းမှုများက အာရက္ခတော်လှန်ရေးမည်သည့်ကို ဦးတည်စေမည်နည်း။

ထိုင်းမှာ မြန်မာအမျိုးသမီးဘတ်စ်ကားမှဆင်းချိန် ဘီးကြိတ်ခံရလို့ လက်ပြတ်ထွက်

Releated Post

ဓာတ်ပုံ - KNU

ကစယ်ဒိုကို စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အဆောက်အအုံပျက်စီး

October 17, 2026
​ဓာတ်ပုံ - ထိုင်းနိုင်ငံမှာမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ထိုင်းမှာ ယာဉ်စီးခရီးသည်တင်ပစ္စည်းတွေအတွင်းမှ မူးယစ်ဆေးဝါးတသန်းကျော်ဖမ်းမိ

October 17, 2026
​ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

မြိုင်နဲ့ပေါက်နယ်ကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးနေ

October 17, 2026

ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေ

October 17, 2026
(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမြေကို အောက်တိုဘာလ ၁၇ ရက်နေ့၊မနက် ၉ နာရီကျော်အချိန်က စစ်သုံ့ပန်းများဖြင့်အကွက်ရိုက်နေပုံ/BNA)

လေကြောင်းရန်မကာကွယ်ဘဲ မြေသိမ်းမှုများက အာရက္ခတော်လှန်ရေးမည်သည့်ကို ဦးတည်စေမည်နည်း။

October 17, 2026
​ကိုးကား - Workpoint News 23

ထိုင်းမှာ မြန်မာအမျိုးသမီးဘတ်စ်ကားမှဆင်းချိန် ဘီးကြိတ်ခံရလို့ လက်ပြတ်ထွက်

October 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page