Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အင်တာဗျူး အာရက္ခဒေသ

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊စက်တင်ဘာ ၄။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ဗဟိုပါတီရုံးမှဒေါ်လှမြခိုင်ရဲ့ မုဒိမ်းမှုအကြောင်းရခိုင်ဘာသာစကားနဲ့ဆွေးနွေးတာကို Border News Agency က မြန်မာဘာသာနဲ့ပြန်ဖော်ပြလိုက်ပါတယ်။

မေး။ ။ပထမဦးဆုံး သက်ငယ်မုဒိမ်းမှုဆိုတာ ဘာလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဆိုတာ အသက် ၁၂ နှစ်အောက်မိန်းကလေးကို မုဒိမ်းမှုကျူးလွန်ရင်သက်ငယ်မုဒိန်းမှုဖြစ်ပါတယ်။

နောက်တချက်ကမိန်းကလေးက ခွင့်ပြုသည်ဖြစ်စေ၊မပြုသည်ဖြစ်စေ အသက် ၁၆ နှစ်အောက်အရွယ်ရှိတဲ့ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ရင် မုဒိ မ်းမှုဖြစ်ပါတယ်။

အာဆီယံဒေသတွင်းနနိုင်ငံတကာမှာပါ အသက် ၁၆ နှစ်မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို သူစိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်တာဟာ သက်ငယ်မုဒိမ်းမှုဖြစ်ပါတယ်။

မေး။ ။ဘယ်သူတွေက လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရနိုင်ခြေရှိလဲဆိုတာကိုလည်းဆွေးနွေးပေးပါ။

ဖြေ။ ။​လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရတဲ့အုပ်စုထဲမှာ ကလေးငယ်ကနေစပြီး အသက်အရွယ်မရွေး၊ ဘာသာမရွေး၊လူတန်းစားမရွေးကျူးလွန်ခံရနိုင်ပါတယ်။

အထူးသဖြင့် မိမိတို့ကိုယ်တိုင်စောင့်ရှောက်ကာကွယ်နိုင်စွမ်းမရှိသေးတဲ့ ကလေးငယ်တွေမှာ အလွယ်တကူလှည့်ဖြားခံရပြီး ကျူးလွန်ခံရလေ့ရှိပါတယ်။

​စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ကလေးတွေ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ကလေးတွေ၊ မိဘနဲ့အုပ်ထိန်းသူတွေ အလုပ်မ အားလပ်လို့ အမြဲတမ်းမစောင့်ရှောက်နိုင်ဘဲ အိမ်မှာတယောက်တည်းကျန်ရစ်ခဲ့တဲ့ကလေးတွေ၊မိဘနဲ့ဆွေမျိုးအသိုက်အဝန်းရဲ့စောင့်ရှောက်မှုမခံရတဲ့ ကလေးတွေ၊မိဘကွဲသွားလို့အုပ်ထိန်းသူတခြားအသိုက်အဝန်းတွေနဲ့နေထိုင်ရတာကြောင့် အကာအကွယ်မဲ့နေတဲ့ကလေးတွေ၊ဆင်းရဲနွမ်းပါးလွန်းလို့ အလွန်ပင်ကျပ်တည်းတဲ့မိသားစုက ကလေးတွေလည်း ပိုက်ဆံ၊အစားအစာနဲ့ လှည့်ဖြားမှုတွေ၊အလုပ်ခွင်မှာ အလွယ်တကူလှည့်ဖြားပြီး လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသူတွေပါဝင်ပါတယ်။

မေး။ ။သက်ငယ်မုဒိမ်းမှုဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ဘယ်သူတွေက ကျူးလွန်ကြသလဲဆိုတာရှင်းပြပေးပါ။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဖြစ်ရတဲ့ အကြောင်းအရင်းတွေဟာ အမျိုးမျိုးရှိနိုင်ပါတယ်။

​ပထမတချက်…

မူးယစ်ဆေးဝါးနဲ့အရက်ကို အလွန်အကျွံသုံးစွဲသောက်စားတဲ့အခါ ပုံမှန်အသိစိတ်ပျောက်ဆုံးပြီး မုဒိမ်းမှု၊လူသတ်မှုကဲ့သို့ကိစ္စတွေကို ကျူးလွန်နိုင်ခြေအများကြီးရှိပါတယ်။

ဒုတိယတချက်…

လူမှုကွန်ရက်စာမျက်နှာတွေက လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေ၊အညစ်အညမ်းစာသားတွေနဲ့ ရုပ်ရှင်/ဗီဒီယိုတွေကို အလွယ်တကူကြည့်ရှုနိုင်မှု၊စွဲလန်းမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

​တတိယတချက်…

စီးပွားရေး၊လူမှုရေးအခြေအနေတွေကြောင့် မိသားစုတွေအဆင်မပြေဘဲ ပညာရေးကျဆင်းလာတာ၊လူမှုစံနှုန်းတွေနိမ့်ကျလာတာနဲ့ အခွင့်အရေးရတဲ့နေရာအခြေအနေတွေကို အလွဲသုံးစားလုပ်မှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

​နောက်တချက်က…

စာနာစိတ်လျော့နည်းတာ၊ အခြားသူတွေအပေါ် စာနာထောက်ထားစိတ်နိမ့်ကျလာတာနဲ့ စိတ်လိုက်မာန်ပါပြုလုပ်လိုတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ပြီးတော့ လိင်ပိုင်းဆိုင်ရာအသိပညာဗဟုသုတနည်းပါးတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

​ဘယ်သူတွေကကျူးလွန်ကြလဲဆိုရင် အများအားဖြင့်မိသားစုနဲ့ အနီးကပ်ဆုံးနေထိုင်ကြသူတွေဖြစ်လေ့ရှိပါတယ်။

ဆွေမျိုးအသိုက်အဝန်း၊အသိမိတ်ဆွေတွေနဲ့ယုံကြည်ရပါတယ်ဆိုတဲ့ သူတွေကအဲဒီယုံကြည်မှုကို အလွယ်တကူအလွှဲသုံးစားပြုပြီး မုဒိမ်းမှုတွေကိုကျူးလွန်ကြတာဖြစ်ပါတယ်။

​သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ၉၃ ရာ ခိုင်နှုန်းက ကလေးငယ်နဲ့ရင်းနှီးကျွမ်းဝင်သူတွေကကျူးလွန်တတ်ပြီး ကျန် ၇ ရာခိုင်နှုန်းကပဲ ကလေးသူငယ်နဲ့လုံးဝမသိကျွမ်းတဲ့သူစိမ်းတွေကကျူးလွန်ကြတာဖြစ်ပါတယ်။

အန္တရာယ်ရှိသူဟာ မုဒိမ်းမှုကို ကျူးလွန်ဖို့ လမ်းသွားလမ်းလာမသိသူအစိမ်းသက်သက်မဟုတ်ဘဲ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ နီးစပ်သူတွေ၊ တရွာတည်း အတူနေထိုင်သူတွေဖြစ်ကြပြီး အနီးကပ်ဆုံးလူတွေကအများဆုံးကျူးလွန်တတ်ကြပါတယ်။

မေး။ ။ဘယ်လိုနေရာတွေမှာ သက်ငယ်မုဒိမ်းမှုဖြစ်တတ်သလဲ။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဟာအချိန်ကာ လမရွေး၊ နေရာဒေသမရွေးဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် မိဘတွေနဲ့အုပ်ထိန်းသူတွေအနေနဲ့ အမြဲတမ်းသတိထားဖို့လိုအပ်ပါတယ်။

လူသူဝေးလံတဲ့နေရာတွေ၊ အိမ်မှာမိဘနဲ့အုပ်ထိန်းသူမရှိတဲ့အချိန်တွေ၊ လူဆိတ်ငြိမ်တဲ့လမ်းကြိုလမ်းကြားတွေနဲ့ ခြုံနွယ်ပိတ်ပေါင်းထူထပ်တဲ့နေရာတွေ၊ရေ တွင်း၊လယ်ကွင်းပြငစတဲ့ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် မိမိတို့နေထိုင်ရာပတ်ဝန်း ကျင်မှာ”ငါတို့ဆီမှာသက်ငယ်မုဒိမ်းမှုမဖြစ်နိုင်ပါဘူး။”လို့ ပေါ့ဆစွာမတွေးဘဲ သတိအမြဲရှိနေဖို့လိုအပ်ပါတယ်။

မေး။ ။သက်ငယ်မုဒိမ်းမှုမဖြစ်အောင် ဘယ်လိုကာကွယ်တားဆီးရမလဲ။

​သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီးကာကွယ်တားဆီးရေးဟာ အရေးကြီးဆုံးဖြစ်ပါတယ်။

ကလေးမိဘတွေနဲ့အုပ်ထိန်းသူတွေအနေနဲ့ ပတ်ဝန်းကျင်ကိုသတိမလွတ်ဘဲဂရုတစိုက်ရှိရပါမယ်။

ရပ်ရွာအတွင်း၊စစ်ရှောင်စခန်း သို့မဟုတ် အိမ်နီးနားချင်းဆက်ဆံရေးမှာ အုပ်ထိန်းသူတွေအနေနဲ့မိမိတို့ကလေးတွေကို အမြဲမပြတ်သတိနဲ့ဂရုတစိုက်စောင့် ရှောက်ရပါမယ်။

ရပ်ရွာအိမ်နီးနားချင်းတွေရဲ့ ထူးခြားတဲ့မူမမှန်တဲ့အမူအရာတွေ၊အရက်အလွန်အကျွံသောက်စားပြီး ရမ်းကားထိုင်သောက်နေတာစတာတွေကို သတိထားဖို့လိုအပ်ပါတယ်။

​မုဒိမ်းမှုကျူးလွန်ဖို့အတွက် တမင်တကာရည်ရွယ်ချက်ရှိရှိလုပ်ကြံတာဟာ သက်ငယ်မုဒိမ်းမှုဖြစ်တဲ့နေရာတွေမှာ အများဆုံးတွေ့ရတဲ့အခြေအနေတွေဖြစ်တာကြောင့် အုပ်ထိန်းသူတွေအနေနဲ့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကလေးတွေဟိုနားဒီနားသွားလာတဲ့အခါ မောင်နှမတွေနဲ့သွားလာရမယ်လို့ ပြောပြထားရပါမယ်။

ကလေးငယ်တွေအတွေ့အကြုံမရှိတာကိုအခွင့်ကောင်းယူပြီး ကျူးလွန်နိုင်တာကြောင့်ဖြစ်ပါတယ်။ ကလေးတွေကို အပေးအယူတခုခုနဲ့လှည့်ဖြားပြီးခေါ်ဆောင်သွားတတ်ကြပါတယ်။

အဲဒါကြောင့် အဲဒီကိစ္စရပ်တွေကို ကလေးတွေအသိပညာရရှိအောင် အမြဲတမ်းသတိပေး/ဆုံးမထားဖို့လိုအပ်ပါတယ်။

မေး။ ။မိသားစုတွေဟာ ဘယ်လိုအကြောင်းအရာတွေကို သိထားသင့်သလဲ။

ဖြေ။ ။​ကလေးမိဘအုပ်ထိန်းသူတွေဟာ သားသမီးတွေကို သူတို့ခန္ဓာကိုယ်ရဲ့သီးသန့်အစိတ်အပိုင်းတွေကို မည်သူမျှလာရောက်ကြည့်ရှုခြင်း၊ ထိတွေ့ကိုင်တွယ်ခြင်းမပြုရဆိုတာကို ကလေးတွေနားလည်အောင်သင်ကြားပြသပေးထားရပါမယ်။

မြန်မာနိုင်ငံမှာ ကလေးငယ်တွေအနေနဲ့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတနည်းပါးသေးတဲ့အတွက် မိဘအုပ်ထိန်းသူတွေက ဦး ဆောင်ပြီး လေ့လာဆွေးနွေးပေးကြရပါမယ်။

မိဘနဲ့အုပ်ထိန်းသူတွေက ကလေးငယ်တွေကိုအရေးကြီးတဲ့စည်းကမ်းတွေသင်ပေးထားဖို့လိုအပ်ပါတယ်။

တဦးတယောက်က မိမိရဲ့ခန္ဓာကိုယ်ကိုမသမာတဲ့ စိတ်နဲ့ထိတွေ့ကိုင်တွယ်တာ၊ ကျူးလွန်တာတွေပြုလုပ်ရင် မိဘအုပ်ထိန်းသူတွေကို မကွယ်ဝှက်ဘဲချက်ချင်း ပြန်ပြောပြဖို့ သွန်သင်ထားရပါမယ်။

​ကျူးလွန်သူတွေက”ဘယ်သူ့ကိုမှမပြောရဘူး။”လို့ ခြိမ်းခြောက်ခဲ့ရင်တောင် မိဘတွေကိုရဲရဲဝံ့ဝံ့ပြန်လည်ပြောပြနိုင်တဲ့အခြေအနေဖြစ်အောင် သံယောဇဉ်နဲ့ယုံကြည်မှုကိုတည်ဆောက်ထားရပါမယ်။

နိုင်ငံအသီးသီးမှာလိင်ပိုင်းဆိုင်ရာအသိပညာပေးမှုတွေကို နည်းလမ်းမျိုးစုံနဲ့ကလေးတွေနားလည်အောင်သင်ကြားပေးနေပါတယ်။

ကလေးငယ်တွေအနေနဲ့မိမိရဲ့ခန္ဓာကိုယ်ကို ကာကွယ်တတ်ဖို့နဲ့မသမာတဲ့ မသင်္ကာဖွယ်ပြုမူမှုတွေကိုအန္တရာယ်ရှိတယ်လို့ ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါတယ်။

​ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ဒီကိစ္စကိုလျှို့ဝှက်ဆန်းကြယ်သဖွယ်ရှက်စရာလို့ သတ်မှတ်ပြီးပိတ်ပင်ထားတတ်ကြပါတယ်။

မိဘတွေအနေနဲ့ အထက်ပါအချက်တွေကိုလိုက်နာပြီး အိမ်တွင်းမှာပွင့်လင်းတဲ့ ဆက်ဆံရေးတည်ဆောက်တာနဲ့ သက်ငယ်မုဒိမ်းမှုကိုကိုယ်တိုင်ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။

မေး။ ။မတော်တဆဖြစ်ပွားခဲ့ရင် မိဘတွေအနေနဲ့ဘယ်လိုဆောင်ရွက်သင့်သလဲ။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဆိုတာ ကျွန်ုပ်တို့လူ့အသိုင်းအဝန်းမှာ လုံးဝမရှိသင့်တဲ့ကိစ္စတခုဖြစ်ပါတယ်။

တကယ်လို့မတော်တဆသက်ငယ်မုဒိန်းမှုဖြစ်ခဲ့ရင် မိဘအုပ်ထိန်းသူတွေအနေနဲ့ ရပ်ရွာအတွင်းရှိသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ဒီလပ်ဌာနကို ချက်ချင်းတိုင်ကြားရပါမယ်။

​တချို့ မိဘအုပ်ထိန်းသူတွေမှာ ဒေါသထွက်လွယ်ပြီး ကလေးတွေကိုမသွားသင့်တဲ့နေရာကို သွားလာရကောင်းလားဆိုပြီး ကျူးလွန်ခံရတဲ့ကလေးတွေကို အပြစ်တင်လေ့ရှိတတ်ကြပါတယ်။

မိသားစုအနေနဲ့သိက္ခာကျမယ်။ အရှက်ကွဲမယ်ဆိုတဲ့ အတွေးနဲ့လူမသိအောင်မျိုသိပ်သည်းခံကာ အမှုမဖွင့်ဘဲမတိုင်ကြားဘဲနေတတ်ကြပါတယ်။ကျူးလွန်သူအနေနဲ့အခွင့်အရေးပေးလိုက်သလိုဖြစ်သွားတယ်။

မိဘတွေကမတိုင်ကြားဘဲဖုံးကွယ်ပေးထားရင် ကျူးလွန်သူဟာပြစ်ဒဏ်မှလွတ်မြောက်သွားပြီး နောက်ထပ်ကလေးငယ်တွေကိုပါ ထပ်မံကျူးလွန်ဖို့အခွင့် အရေးရသွားတတ်ပါတယ်။

အဲဒါကြောင့် နောက်ဆက်တွဲအန္တရာယ်တွေပိုမိုမြင့်မားလာနိုင်ပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့မိမိတို့ရဲ့ကလေးတွေ အခွင့်အရေးနဲ့ အနာဂတ်အတွက် စိတ္တဇဖြစ်ဖွယ်စကားတွေကို ဂရုမစိုက်ဘဲရဲရဲဝံ့ဝံ့တိုင်ကြားအရေးယူကြဖို့ တိုက်တွန်းအပ်ပါတယ်။

သက်ငယ်မုဒိမ်းမှုဆိုင်ရာဥပဒေပြဋ္ဌာန်းချက်နဲ့ဆိုးကျိုးတွေ

​သက်ငယ်မုဒိမ်းမှုဆိုင်ရာဥပဒေမှာမည် သူမဆို အသက် ၁၂ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာစိစစ်ကျူးလွန်တာ(သက်ငယ်မုဒိမ်းမှု) ဟာ ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်ပါတယ်။

ဥပဒေပြဋ္ဌာန်းချက်တွေအရကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်မှထောင်ဒဏ် ၂၀ ထိဖြစ်စေ၊တသက်တကျွန်း/ထောင်ဒဏ်တသက်ဖြစ်စေပြင်းထန်စွာ အရေးယူဒဏ်ခတ်ရမယ်လို့ပါရှိပါတယ်။

မိန်းကလေးကခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အသက် ၁၆ နှစ်အောက်အရွယ်ရှိသူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ရင်လည်း မုဒိန်းမှုဖြစ်ပါတယ်။

ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် ၂၀ ထိဖြစ်စေချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှု…

ခံရသူကလေးသူငယ်တွေအတွက် စိတ်ဓာတ်ရေးရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေဟာ တသက်တာလုံးကျန်ရစ်စေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု…

ကလေးသူငယ်တွေဟာ ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုမပြည့်စုံသေးတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိနိုင်ပြီး အသက်အန္တရာယ်ထိပါစိုးရိမ်ရတဲ့ အခြေအနေတွေရှိနိုင်ပါတယ်။

​ဥပဒေစိုးမိုးရေးအတွက် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ထိရောက်ပြင်းထန်စွာကိုင်တွယ်အရေးယူရမှာဖြစ်ပါတယ်။

နောက်ထပ်ထပ်မံမကျူးလွန်ဝံ့အောင် ဟန့်တားဖို့နဲ့ကလေးသူငယ်တွေ လုံခြုံစွာကြီးပြင်းနိုင်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့ဟာ အနာဂတ်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးဆောင်ရွက်ချက်တွေ

​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန အနေနဲ့သက်ငယ်မုဒိန်းကာကွယ်တား ဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်ရေးအတွက်လည်း ထိရောက်စွာအရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

​၂၀၂၆ ခုနှစ်၊ဩဂုတ်လမှ စတင်ပြီးသက်ငယ်မုဒိန်းမှု၊လူသတ်မှုစတဲ့ကြီးလေးတဲ့ ရာဇဝတ်မှုတွေကိုထိရောက်စွာအရေးယူနိုင်ဖို့ အထူးတရားရုံးတွေဖွင့်လှစ်ကာ ပြစ်ဒဏ်ပေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ခရိုင်၊မြို့နယ်၊တိုက်နယ်၊ရပ်ရွာပါတီကော်မတီတွေ၊ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနတွေ၊အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတွေပူးပေါင်းပြီး ရပ်ရွာအတွင်း သက်ငယ်မုဒိမ်းမှုကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွေနဲ့ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

PrevPreviousဒက်စတိုပီယန်းဘဝတွေ- ၃
Nextမီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိNext
Previous Post

ဒက်စတိုပီယန်းဘဝတွေ- ၃

Next Post

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ABN

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

October 23, 2026
(ဓာတ်ပုံ - အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာအနီးကျရောက်ခဲ့တဲ့နေရာ/ပေးပို့)

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
(ဓာတ်ပုံ - ငပြီကျွန်းတိုက်ပွဲမှာပစ်ခတ်နေကြတဲ့အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့/AA)

ငပြီကျွန်းတိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေ

October 23, 2026

စစ်တွေမြို့ထဲ လက်နက်ကြီးကျလို့ ငါးဦးသေဆုံး

October 23, 2026

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

မင်းတုန်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

မြိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

မိုးမောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ မြို့သစ်တံတားပျက်စီး

Releated Post

​ဓာတ်ပုံ - ABN

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

October 23, 2026
(ဓာတ်ပုံ - အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာအနီးကျရောက်ခဲ့တဲ့နေရာ/ပေးပို့)

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

October 23, 2026

မင်းတုန်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
​(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ပြည်သူနေအိမ်တလုံး/ KenDo PDF)

မြိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

October 23, 2026
​(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ မိုးမောက်မြို့သစ်တံတား/ Lung Jung LA N)

မိုးမောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ မြို့သစ်တံတားပျက်စီး

October 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page