Border News Agency
ရန်ကုန်၊စက်တင်ဘာ ၂၈။
ထုတ်လုပ်တဲ့နှစ်နှစ်ဆယ်ကနေ နှစ်ဆယ်ကျော်လွန်တဲ့ယာဉ်တွေနဲ့ သက်တမ်းနှစ်ဆယ်နှစ်မကျော်ပေမယ့် မိမိဆန္ဒအလျောက်အပ်နှံချင်တဲ့ယာဉ်အို၊ယာဉ်ဟောင်းတွေကို လျှပ်စစ်သုံးယာဉ် (EV) တွေနဲ့ အစားထိုးတင်သွင်းခွင့်ပြုနေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကတည်းက အသိပေးကြေညာခဲ့တာဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဆီယာဉ်အို၊ယာဉ်ဟောင်းတွေအပ်နှံပြီး EV နဲ့ အစားထိုးတင်သွင်းဖို့ လာရောက်လျှောက်ထားသူတွေထဲက ပထမအသုတ်အဖြစ် ယာဉ် ၃၄ စီးအတွက် တင်သွင်းခွင့်ပါမစ်တွေ စတင်ထုတ်ပေးသွားမှာဖြစ်ပါတယ်။
အဲဒီအပြင်ခုနှစ်အတွင်း စက်သုံးဆီထုတ်ယူသုံးစွဲထားတဲ့ယာဉ်အို၊ ယာဉ်ဟောင်းတွေကို ပြန်လည်အပ်နှံရင်လည်း EV တွေနဲ့ အစားထိုးတင်သွင်းခွင့်ကို လစဉ် ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားတာပါ။
ယာဉ်အို၊ယာဉ်ဟောင်းတွေကို ကညနမှာ အပ်နှံပြီး EV နဲ့ အစားထိုးတင်သွင်းချင်သူတွေအတွက် သတ်မှတ်ချက်တွေနဲ့အညီ တင်သွင်းခွင့်ပါမစ်တွေကို ဆက်လက်ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။










