Border News Agency
လန်ဒန်၊ အောက်တိုဘာ ၂၁။
အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့ရှိ အာဏာသိမ်းစစ်တပ်သံရုံးရှေ့မှာ အောက်တိုဘာလ ၂၀ ရက်နေ့ကမြန်မာနိုင်ငံသားတွေ စုဝေးပြီး စစ်တပ်က ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ အစိုးရအတုကို လုံးဝ လက်မခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
Myanmar Unity Movement (M.U.M) က ဦးစီးကျင်းပတဲ့ အဲဒီဆန္ဒပြပွဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိအမြန်ဆုံး လွတ်မြောက်ရေးအတွက် တောင်းဆို ကြွေးကြော်ခဲ့ကြပါတယ်။
ဗြိတိန်ရောက် မြန်မာလူမျိုးတွေနဲ့ သပိတ်စစ်ကြောင်းဟာ အာဏာသိမ်းချိန်ကစပြီး အပတ်စဉ် မပျက်မကွက် ဆန္ဒပြဖိအားပေးမှုတွေ လုပ်ဆောင်နေကြတာဖြစ်ပြီး နွေဦးတော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက် တော်လှန်သွားမယ်လို့ ဆိုပါတယ်။

















