Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ် ၉၇၁၁ တပ်ဖွဲ့ရဲ့ လက်နက်တပ်ဆင်ပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီအခန်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ကိုယ်တိုင် တက်ရောက်ပြီး လက်နက်တွေတပ်ဆင်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
အဲဒီအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကိုအလေးပြုတာနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဦးညွှတ်တာတို့ ပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူတွေက အမှာစကား ပြောကြားခဲ့ကြပြီး အမှတ် ၉၇၁၁ တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကို အတည်ပြုဖတ်ကြားကာ ရဲဘော်တွေကို တာဝန်ရှိသူတွေက လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် တပ်တည်ဆောက်ရေးနဲ့ တပ်ကျစ်လစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီး စစ်အာဏာရှင်စနစ် ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့တောင်းဆိုထားပါတယ်။























