Border News Agency
မလေးရှား၊ နိုဝင်ဘာ ၁၁။
မလေးရှားနိုင်ငံ၊တရန်ဂါနူးပြည်နယ်၊ ကွာလာတရန်ဂါနူးနဲ့ ကွာလာနီရုစ်ဒေသတွေမှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ရှောင်တခင်စစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့ပါတယ်။
အဲဒီဒေသတွေရှိ နိုဝင်ဘာလ ၉ ရက်နေ့ကစားသောက်ဆိုင်တွေ၊လူနေအိမ်တွေ၊သက်ကြီးရွယ်အိုဂေဟာနဲ့ ဆောက်လုပ်ဆဲဂိုဒေါင်စတဲ့ နေရာခြောက်ခုကိုဝင်ရောက်စစ်ဆေးခဲ့တာပါ။
စစ်ဆေးမှုတွေအတွင်း လူပေါင်းငါးဆယ်ငါးဦးရဲ့ အထောက်အထားတွေကိုစစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသားနှစ်ဦးအပါအဝင် တရားမဝင်နိုင်ငံခြားသားဆယ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဦး၊ မြန်မာနိုင်ငံသားနှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦးနဲ့ထိုင်းနိုင်ငံသားတဦးတို့ ပါဝင်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကိုဥပဒေနဲ့အညီ အရေးယူဖို့အဂျစ်လ်လဝကစခန်းသို့ပို့ဆောင်ထားပြီး အလုပ်ရှင်သုံးဦးကိုလည်း ဆင့်ခေါ်ထားပါတယ်။




















