Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေ

(ဓာတ်ပုံ - အာရက္ခဒေသတနေရာမှာဖုန်းလိုင်းမိအောင်ကြိုးစားရှာနေတဲ့လူငယ်တဦး / BNA)

(ဓာတ်ပုံ - အာရက္ခဒေသတနေရာမှာဖုန်းလိုင်းမိအောင်ကြိုးစားရှာနေတဲ့လူငယ်တဦး / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
57
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇွန် ၁၁။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရက အာရက္ခပြည်သူတွေကို ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် အာရက္ခဒေသမှာ ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ ဖြတ်တောက်ပိတ်ထားခံနေကြရပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူတွေဆက်သွယ်ရေးအဆင်ပြေစေဖို့အတွက် စတားလင့်ခ်စက်တွေဝယ်ယူတပ်ဆင်ပြီးအခကြေးငွေယူကာ အင်တာနက်ဝန်ဆောင်မှု ပြုလုပ်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ရခိုင်မှာက ဖုန်းလိုင်နဲ့အင်တာနက်တွေမရတော့ အေအေက မြို့နယ်တိုင်းမှာ စတားလင့်ခ်စက်တွေနဲ့လိုင်းဖွင့်ပေးထားတယ်။သူတို့ သတ်မှတ်ထားတဲ့နေရာတွေမှာ အခကြေးငွေပေးပြီး သုံးရပါတယ်။” လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစတားလင့်ခ်အင်တာနက်ဝန်ဆောင်မှုကို သတ်မှတ်နေရာတွေမှာ တနာရီကို ငါးထောင်ကျပ်ပေးပြီး အာရက္ခပြ ည်သူတွေ အသုံးပြုနေကြရပြီးမြို့နယ်အလိုက်တနာရီကိုသုံးထောင်ကျပ်ကော က်ခံတာတွေလည်းရှိနေတာမို့ မြို့နယ်အလိုက်စျေးနှုန်းကွာခြားတယ်လို့ ပြ ည်သူတွေက ဆိုကြပါတယ်။

အဲဒီအင်တာနက်ဝန်ဆောင်မှုရဖို့အတွ က် ဝင်ခွင့်ကဒ်ပြားတွေနဲ့အင်တာနက်အသုံးပြုခွင့်ကဒ်ရဖို့ အချိန်ပေးစောင့်ကြရပေမယ့် လူဦးရေများပြားတာမို့ အင်တာနက်လိုင်းနှေးကွေးအဆင်မပြေတာတွေ ကြုံတွေ့နေကြရတယ်လို့ ကိုယ်တိုင်သုံးစွဲနေကြသူတွေက ဆိုကြပါတယ်။

အဲဒီအပြင် လူတဦးဟာ တနေ့မှာ တနာရီသာအင်တာနက်အသုံးပြုခွင့်ရတာမို့ ပြည်တွင်း၊ပြည်ပရောက်မိသားစုဝင်တွေ၊အရေးကြီးကိစ္စတွေကို ဆက်သွယ်ပြောဆိုဖို့ အဆင်မပြေကြဘူးလို့ ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်ကအရာရှိကြီးတွေအပါအဝင် သူတို့မိသားစုဝင်တချို့၊သူတို့နဲ့ပတ်သက်ရင်းနှီးသူတ ချို့ကိုတော့ ကိုယ်ပိုင်စတားလင့်ခ်စက်တွေ ဝယ်ယူတပ်ဆင်အသုံးပြုခွင့်ပေး
ထားတာမို့ အာရက္ခပြည်သူအားလုံးကိုတန်းတူအခွင့်အရေးတွေပေးပြီးမြို့နယ်အားလုံးမှာ ပြန်ဖွင့်ပေးသင့်တယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“သက်သက်မဲ့စီးပွားရေးလုပ်စားနေတာနဲ့တူနေပါပြီ။ အထက်ကလူတွေ ဒီလိုလု ပ်ခိုင်းတာလား။အောက်ခြေကလူတွေပဲ လုပ်စားနေတာလား မသိပါဘူး။စီးပွား ရေးလုပ်စားတယ်ပဲထားဦး အခကြေး ငွေပမာဏနည်းနည်းလျော့ဖို့တော့လို အပ်ပါတယ်။ခက်ခဲတဲ့ကာလမှာ ပြည်သူတွေကို ဒီလိုအခက်အခဲဖြစ်အောင် အာရက္ခတပ်တော်အနေနဲ့မလုပ်ဆောင်သင့်ပါဘူး။အင်တာနက်တနာရီကို ပိုက် ဆံငါးထောင်ပေးပြီး သုံးစွဲရမယ်လို့ တသက်နဲ့တကိုယ် တွေးတောင်မတွေးမိခဲ့ဘူးပါ။ ဖုန်းလိုင်းတွေဖွင့်ပေးမယ်ဆိုတပြည်နယ်လုံးကိုဖွင့်ပေးပါ။” လို့ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအင်တာနက်ကို အာရက္ခပြည်သူတွေက ကိုယ်ပိုင်ဖုန်းနဲ့ကုဒ်နံပါတ်ဂဏ န်းဆယ်လုံးပါဝင်တဲ့ အင်တာနက်ကဒ်ကိုဝယ်ယူသုံးစွဲကြရတာဖြစ်ပြီး ရိုးရိုးဖုန်းလိုင်းကိုတော့ MECကဒ်နဲ့ သူတို့ဆီချပေးတဲ့ ဖုန်းတွေနဲ့ဆက်သွယ်ပြောဆိုကြရတာဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီMEC ဖုန်းပြောခတွေဟာ တမိနစ်ကို တထောင်ကျပ်စီကောက်ခံနေသလိုတချို့မြို့နယ်တွေမှာတမိနစ်ကိုငါးရာကျပ်သာကောက်ခံပေမယ်တမိနစ်ကိုနှ စ်ထောင်ကျပ်ထိကောက်ခံနေကြတဲ့မြို့နယ်တွေလည်းရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုစည်းကမ်းတင်းကြပ်ပြီးဝန် ဆောင်မှုပေးနေကြတာဟာ စစ်ကောင် စီတပ်ရဲ့လေကြောင်းအန္တရာယ်တွေ၊ စစ်ရေးကာလလုံခြုံရေးအတွက်လို့ အာရက္ခတပ်တော်ကအကြောင်းပြပေမယ့် အာရက္ခပြည်သူတွေကတော့ အခြေခံလူ့အခွင့်အရေးတွေချိုးဖောက်ခံနေကြရတာလို့ ဝေဖန်ပြောဆိုကြပါတယ်။

“လေကြောင်းအန္တရာယ်စိုးရိမ်ရလို့ ဖြတ်တောက်ထားတယ်ဆိုတာက သက်သ က်မဲ့ သူတို့အကြောင်းပြချက်ပေးတာပါ။သူတို့ဖွင့်ပေးထားတဲ့ နေရာတွေမှာ လိုင်းသုံးရတာ ပိုပြီးတော့အန္တရရာယ်များပါတယ်။သူတို့ကိုယ်တိုင် တပြည် နယ်လုံးကဖုန်းလိုင်းတွေကို ပိတ်ထားတာပါ။သူတို့ဆီမှာ ငွေပေးပြီးသွားသုံးကြရပါတယ်။အများပြည်သူသုံး ဖုန်းလိုင်းနဲ့အင်တာနက်တွေကို ဖြတ်တော က်ထားတာက တမင်လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတာပါ။ သတင်းအမှောင်ချခံထားရတာနဲ့လည်းတူပါတယ်။ ဒီလုပ်ရပ်ကို ပြောဖို့စကားတောင်ရှာမရပါဘူး” လို့ အာရက္ခပြည်သူတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ် ပြည်သူဝန်ဆော င်မှုတွေပြုလုပ်ပေးနေပါတယ်။

အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရရဲ့နည်းပညာဌာနက စတားလင့်ခ်အင်တာနက်တွေ၊ဖုန်းပြောဝန်ဆောင်မှုတွေကို အခကြေးငွေယူပြုလုပ်ပေးနေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီနည်းပညာဌာနကို အာရက္ခတပ်တော်စစ်ဦးစီးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ညီ၊ ကိုအောင်မြတ်ကျော်ကဦးဆော င်တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး မြောက်ဦးမြို့ကဟိုတယ်တချို့အပါအ
ဝင်ငွေလွှဲငွေထုတ်ပြုလုပ်နေကြသူတာချို့ကို ကိုယ်ပိုင်စကားလင့်ခ်စက်တွေဝယ်ယူအသုံးပြုခွင့်ပေးထားတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အ စိုးရလက်ထက်ကလည်း အာရက္ခပြည်သူတွေဟာ ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုကို ခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံအစိုးရဟာ သတင်းအချက်အလက်သိပိုင်ခွင့်ပါဝင်တဲ့ကုလသမဂ္ဂရဲ့ထောင်စုနှစ် ရည်မှန်ချက်စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(SDG s)ပစ်မှတ် ၁၆ ဒသမ ၁၀ကို အကောင်အထည်ဖော်မယ်လို့ ကတိပြုထားပါတယ်။

အဲဒါကြောင့် ပြည်သူလူထုဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေအပါအဝင် ပြည်သူလူထုသတင်းသိပိုင်ခွင့်တွေကို တာဝန်ယူဆောင်ရွက်ပေးရမယ့်တာဝန်ရှိနေပြီးချိုးဖောက်မှုတွေပြုလုပ်နေရင် နိုင်ငံတ ကာအသိုင်းအဝိုင်းက ပြစ်တင်ပိတ်ဆို့တာတွေ ဆောင်ရွက်နိုင်ပါတယ်။

PrevPreviousအာရက္ခဒေသကစုံလင်ကွဲပြားလူမှုဘဝတွေကို ဘယ်လိုတည်ဆောက်ကြမလဲ
Nextအာရက္ခဒေသမှာ ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ဆက်စပ်ပစ္စည်းတွေ စျေးတက်နေNext
Previous Post

အာရက္ခဒေသကစုံလင်ကွဲပြားလူမှုဘဝတွေကို ဘယ်လိုတည်ဆောက်ကြမလဲ

Next Post

အာရက္ခဒေသမှာ ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ဆက်စပ်ပစ္စည်းတွေ စျေးတက်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - BRAVE HEART AYMY - BHA

မုံရွာမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးသေ၊ လေးဦးဒဏ်ရာရ

March 4, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး

​မဲဆောက်မှာ နိုင်ငံခြားသား ၃ ဦးကို တာ့ခ်လဝကဖမ်းဆီး

March 4, 2026
Photo - NATO

​တူရကီလေပိုင်နက်ထဲ ဝင်လာတဲ့ အီရန်ပဲ့ထိန်းဒုံးကျည်ကို နေတိုးတပ်ဖွဲ့ကကြားဖြတ်ဖျက်ဆီး

March 4, 2026

ဒေသတွင်းလုံခြုံရေးကြောင့် ဒူဘိုင်းအဝင်အထွက် ခရီးစဉ်အားလုံးကိုရပ်နားထား

March 4, 2026

မုံရွာမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးသေ၊ လေးဦးဒဏ်ရာရ

​မဲဆောက်မှာ နိုင်ငံခြားသား ၃ ဦးကို တာ့ခ်လဝကဖမ်းဆီး

​တူရကီလေပိုင်နက်ထဲ ဝင်လာတဲ့ အီရန်ပဲ့ထိန်းဒုံးကျည်ကို နေတိုးတပ်ဖွဲ့ကကြားဖြတ်ဖျက်ဆီး

ဒေသတွင်းလုံခြုံရေးကြောင့် ဒူဘိုင်းအဝင်အထွက် ခရီးစဉ်အားလုံးကိုရပ်နားထား

​အီရန်တောင်ပိုင်းဟော်မုဇ်ရေလက်ကြားမှာ အီရန်စစ်သင်္ဘောတစင်းကို အမေရိကန် တိုက်ခိုက်

လယ်ဒိုမှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦးဒဏ်ရာ

Releated Post

Photo - BRAVE HEART AYMY - BHA

မုံရွာမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးသေ၊ လေးဦးဒဏ်ရာရ

March 4, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး

​မဲဆောက်မှာ နိုင်ငံခြားသား ၃ ဦးကို တာ့ခ်လဝကဖမ်းဆီး

March 4, 2026
Photo - NATO

​တူရကီလေပိုင်နက်ထဲ ဝင်လာတဲ့ အီရန်ပဲ့ထိန်းဒုံးကျည်ကို နေတိုးတပ်ဖွဲ့ကကြားဖြတ်ဖျက်ဆီး

March 4, 2026

ဒေသတွင်းလုံခြုံရေးကြောင့် ဒူဘိုင်းအဝင်အထွက် ခရီးစဉ်အားလုံးကိုရပ်နားထား

March 4, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်တောင်ပိုင်းဟော်မုဇ်ရေလက်ကြားမှာ အီရန်စစ်သင်္ဘောတစင်းကို အမေရိကန် တိုက်ခိုက်

March 4, 2026
ဓာတ်ပုံ - KNU

လယ်ဒိုမှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦးဒဏ်ရာ

March 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page