Border News Agency
စစ်တွေ၊ ဇူလိုင် ၇။
စစ်တွေမြို့၊ ဦးဥတ္တမခန်းမှာဇူလိုင် ၇ ရ က်၊နံနက်က ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဦးဆောင်ပြီးမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်းပြဆရာဖြစ်သင်တန်းဖွင့်နေပါတယ်။
အဲဒီဟာပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ဆိုပါတယ်။
မဲလက်မှတ်နဲ့မဲပေးစနစ်အစား အီလက်ထရောနစ်မဲပေးစက်နဲ့မဲပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းမှာ အီ လက်ထရောနစ်စက်ကို အသုံးပြုပြီး ပ ထမဆုံးရွေးကောက်ပွဲပြုလုပ်မှာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်ကိုသာ စစ်ကောင်စီထိန်းချုပ်ထားပါတယ်။













