Border News Agency
မိုင်းငေါ၊ ဇူလိုင် ၁၅။
မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားကို စစ်ကောင်စီတပ်လေကြောင်းတိုက်လိုက်လို့ ခရီးသည်တဦးသေဆုံးပြီးသုံးဦးဒ ဏ်ရာရသွားတယ်လို့ တအာင်းတပ်မ တော်က ဇူလိုင်လ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က လေကြောင်းတိုက်ခိုက်လို့ ခရီးသွားနေတဲ့ အရပ် သားတဦးသေဆုံးပြီးတဦးဒဏ်ရာရသွားသလို တံတားလည်းပျက်
စီးသွားခဲ့တယ်လို့ဆိုပါတယ်။
သီပေါ၊တောင်မြို့ရပ်ကွက်ကို ဇူလိုင်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားနှစ်ဦးသေဆုံးပြီး၊အမျိုးသမီးတဦးနဲ့အ မျိုးသားလေးဦးဒဏ်ရာရသွားသလို နေအိမ်ငါးအိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၁၄ ရက်နေ့ထိ ကျောက်မဲမြို့ကိုခြောက်ကြိမ်၊နောင်ချိုမြို့နယ်သုံးဆယ်ကျေးရွာကိုတကြိမ်၊မိုးကုတ်မြို့ကိုနှစ်ကြိမ်နဲ့သီပေါမြို့ကိုနှစ်ကြိမ်ထိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကလေးငယ်အပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ရပြီးကလေးငယ်လေးဦးနဲ့အရပ်သားလေးဆယ်သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ခြောက်ဆယ့်သုံးအိမ်၊ စာသင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်းလေးကျောင်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေ ကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။