Border News Agency
ဖားအံ၊ စက်တင်ဘာ ၃။
ကော်သူးလေအုပ်ချုပ်နယ်မြေရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကျောင်းဆရာတဦး၊ ဆရာမတဦးနဲ့ ကျောင်းသားတဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုး သားအစည်းအရုံးမှ စက်တင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း ကရင်ပညာရေးနဲ့ယဉ် ကျေးမှုဌာန(KECD)လက်အောက်ရှိကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီးအခြေခံပညာအလယ်တန်းကျောင်းကို ဒီနေ့မနက် ၉ နာရီ ၅၀ မိနစ်ကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကလေးတွေကျောင်းတက်နေတဲ့အချိန်မှာ ရွယ်ရည်ချက်ရှိရှိ ကာမီကာဇယ်ဒရုန်း အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် နော်တခီးကျေးရွာစာသင်ကျောင်းမှ ကျောင်းရုံးခန်းတလုံး၊ ဆရာမတဦး၊ ဆရာတဦးနဲ့ ကျောင်သားတတဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။