Border News Agency
မူးမြို့၊ စက်တင်ဘာ ၄။
ခလယ်လွီထူခရိုင်၊ မုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ကြားဖြတ်ားဖြတ်တိုက်ခိုက်လို့ အရာရှိတွေအပါအဝင် ၆ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမှ မုန်းကို ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို စက်တင်ဘာလ ၂ ရက်နေ့က KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့လိို့သေဆုံးပြီးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာစစ်ကော်မရှင်တပ်က ဒု – ရင်းမှူးတဦး၊တပ်ခွဲမှူးတဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရသွားသလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟကျောက်ကြီး-မုန်းကားလမ်းပိုင်းကို ပြန်လည်ရယူဖို့အတွက်လက်နက်ကြီးတွေနေ့စဥ်ပစ်ခတ်နေပြီးမြေပြင်စစ်ကြောင်းတွေအဆက်မပြတ်ထိုးစစ်ဆင်နေတာမို့ တော်လှန်ရေးပူးပေါင်းတပ်တွေဖြတ်တောက်တိုက်ခိုက်တာလို့ဆိုပါတယ်။
ကျောက်ကြီး-မုန်းကားလမ်းတလျှောက် လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတာကြောင့် အဲဒီအနီးအနားကျေးရွာတွေက ဒေသခံတွေမှာထွက် ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အကူအညီတွေလိုအပ်နေတယ်လို့ဆိုတယ်။