Border News Agency
မြောက်ဦး၊ ဧပြီ ၂၇။
အကြွင်းမဲ့လုပ်ပိုင်ခွင့်မဟုတ်၊ အာဏာပြပိုင်ခွင့်မဟုတ်
လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အားပိတ်ပင်ခြင်းသည် ပြည်သူ့အကျိုးအတွက်သာဖြစ်ရမည်။
အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းလုပ် ပိုင်ခွင့်နှင့် ရာဇဝတ်မှုများ
အတင်းအကျပ်စစ်မှုထမ်းခြင်း (Forced Conscription)သည် နိုင်ငံတနိုင်ငံ၏ ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် နိုင်ငံတော်အာဏာပိုင်များက ဥပဒေဖြင့်သတ်မှတ်ဆောင်ရွက်ခွင့်ရှိသည့် လုပ်ရပ်ဖြစ်သော်လည်း၊ အချို့နည်းလမ်းများနှင့် အခြေအနေများတွင်နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ (International Human Rights Law) နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ(International Humanitarian Law)ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု(War Crimes)သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု (Crimes Against Humanity)မြောက်နိုင်သည်။
မည်သည့်အချိန်တွင် မဖြစ်မနေစစ်မှုထမ်းခိုင်းမှုသည်ဥပဒေမဲ့ဖြစ်စေပြီး ရာဇဝတ်မှုမြောက်စေသည့်အဓိကအချက်များဖြစ်သွားသနည်း။
မည်သည့်အခြေအနေတွင်မဆိုကလေး စစ်သားစုဆောင်းခြင်း(Recruitment of Child Soldiers)မှာ စစ်ရာဇဝတ်မှုဖြစ်သည်။
နိုင်ငံတကာဥပဒေအရ အသက် ၁၅ နှစ်အောက်ကလေးငယ်များကို လက်နက်ကိုင်တပ်ဖွဲ့တွင် စုဆောင်းခြင်းသည် စစ်ရာဇဝတ်မှုမြောက်ပါသည်။
အရွယ်မရောက်သေးသူများ
အသက် ၁၈ နှစ်အောက်ကလေးသူငယ်များကို စစ်ပွဲများတွင် အတင်းအကျပ်ပါ ဝင်ခိုင်းခြင်း၊ ရှေ့တန်းသို့ ပို့ဆောင်ခြင်းသည် နိုင်ငံတကာစံနှုန်းများအရအကြီးမားဆုံးချိုးဖောက်မှုဖြစ်သည်။
လူမျိုးရေး၊ဘာသာရေး၊လေယူလေသိမ်း၊ လူတန်းစား သို့မဟုတ် နိုင်ငံရေးအမြင်ကိုအခြေခံပြီး(Specific)အုပ်စုကိုသာရွေးချယ်စစ်မှုထမ်းခိုင်းခြင်းအား ခွဲ ခြားဆက်ဆံပြီးစုဆောင်းခြင်း (Discriminatory Conscription)အဖြစ်သတ်မှတ်ထားသည်။
ဤလုပ်ရပ်၏ သက်ရောက်မှုသည် တဖက်တွင် အင်မတန်ဆိုးဝါးပြင်းထန်သော စစ်ရာဇဝတ်မှုများကို ဖြစ်ပေါ်စေတတ်သည်။
ဤသို့စုဆောင်းခြင်းသည် လူမျိုးတမျိုးမျိုးအားပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ပါက ၎င်းသည်မျိုးတုံးသတ်ဖြတ်မှု(Genocide) သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုထိ မြောက်နိုင်သ ည်။
အတင်းအကျပ်မဖြစ်မနေစစ်မှုထမ်းခို င်းခြင်း၏အကျိုးဆက်တွင် စုဆောင်းခံရသောလူများအား ကျေးကျွန်သဖွယ်ဆက်ဆံခြင်း၊ကျွန်ပြုခြင်းနှင့်အဓမ္မလု ပ်အားပေးခိုင်းစေခြင်း(Forced Labor/Slavery)ဖြစ်လာတတ်သည်။
စစ်မှုထမ်းစေခြင်းအကြောင်းပြချက်ဖြ င့် စစ်ရေးကိစ္စမဟုတ်သောလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရမှုများ ရှိလာတတ်သည်။
အမိန့်နာခံတတ်မှုကို သင်ကြားခြင်းအ ကြောင်းပြချက်ဖြင့် လူသားဂုဏ်သိက္ခာကို ချေမွပစ်ခြင်းဆိုသောရာဇဝတ်မှုရှိနေတတ်သည်။
ထိုပြင် စစ်သားများကို အရပ်ဘက် စက်ရုံအလုပ်ရုံများတွင် လုပ်အားပေးခို င်းခြင်း၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် အခမဲ့လုပ်သားအဖြစ်အ သုံးပြုခြင်းကဲ့သို့ “ကျွန်ပြုခြင်း”(Slavery)သို့မဟုတ်”အဓမ္မလုပ်အားပေးခို င်းစေခြင်း”စသည့်ကိစ္စမျိုးများသည်လ ည်း ရာဇဝတ်မှုမြောက်သည်။
မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းအား အကောင်အထည်ဖော်ရာတွင် ဥပဒေအရ သတ်မှတ်ထားသောစံနှုန်းများအတိုင်း မဟုတ်ဘဲ ဥပဒေမဲ့ဆောင်ရွက်ခြင်း (Lack of Due Process)သည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။
ဥပဒေနှင့်အညီဆင့်ခေါ်ခြင်းမဟုတ်ဘဲ လမ်းပေါ်တွင်ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊လမ်းခရီးတွင်ဖမ်းဆီးထားခြင်း၊ ငွေကြေးဖြင့်ပြန်ရွေးခိုင်းခြင်း၊လူစားရှာခိုင်းခြင်းမှာပြန်ပေးဆွဲခြင်း(Kidnapp ing)မှုအဖြစ် ဥပဒေကြောင်းအရအဓိ ပ္ပါယ်သက်ရောက်သည်။
မိသားစုဝင်များအား ပြန်ပေးဆွဲမည်။ ပိုင်ဆိုင်မှုများသိမ်းဆည်းမည်ဟု ခြိမ်း ခြောက်ပြီး စစ်မှုထမ်းခိုင်းခြင်းမှာ ခြိမ်း ခြောက်အကျပ်ကိုင်မှုမြောက်သည်။
စစ်မှုထမ်းရန်ငြင်းဆန်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ဥပဒေအားလိုရာဆွဲကာ ထောင်ချခြင်းမှာ ညှင်းပန်းနှိပ်စက်မှုမြောက်သည်။
အတင်းအကျပ်စစ်မှုထမ်းခိုင်းထားသူများကို စစ်ရေးအရအန္တရာယ်များသော နေရာများတွင်(ဥပမာ-တိုက်ခိုက်မှုဖြစ် ပွားနေသည့်နေရာများတွင် ရှေ့ပြေးအ ဖြစ်)ပို့ဆောင်ခြင်းသည် နိုင်ငံတကာ လူ သားချင်းစာနာထောက်ထားမှုဥပဒေအ ရစစ်ရာဇဝတ်မှုမြောက်သည်။
ဤအချက်သည် လူသားများကို ဒိုင်းကာသဖွယ်အသုံးချမှု(Human Shields)ဖြစ်သည်။
နိုင်ငံတကာဥပဒေအရ ကျူးကျော်သိ မ်းပိုက်ထားသောနယ်မြေ(Occupied Territory)ရှိ ပြည်သူများကို သိမ်းပိုက်သူက အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်း(Geneva Conventions)အရ တားမြစ်ထားသော လုပ်ရပ်ဖြစ်သည်။
ထိုအချက်အား သိမ်းပိုက်ခံထားရသော နယ်မြေမှ ပြည်သူများအား စစ်ပွဲအတွ င်းစစ်မှုထမ်းခိုင်းခြင်း(Conscription in Occupied Territories)ဟုခေါ်သည်။
ဤအချက်များသည် အတင်းအကျပ်စ စ်မှုထမ်းခိုင်းခြင်းနှင့်ပတ်သက်၍နိုင်ငံ တကာရာဇဝတ်ခုံရုံး(ICC)သို့မဟုတ် အ ခြားနိုင်ငံတကာတရားစီရင်ရေးယန္တရားများက တရားစွဲဆိုနိုင်သည့်အခြေခံအ ချက်များလည်း ဖြစ်သည်။
ထွက်ခွာခွင့်အားပိတ်ပင်ခြင်း လုပ်ပိုင်ခွင့်နှင့်ရာဇဝတ်မှုများ
ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားနေသ ည့်ကာလတွင် အုပ်ချုပ်သူအဖွဲ့အစည်း (သို့မဟုတ်)လက်နက်ကိုင်အဖွဲ့အစည်းက မည်သူကိုမျှအပြင်ထွက်ခွင့်မပြုဘဲ ပိတ်ပင်ထားခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့်လူသားချင်းစာနာထော က်ထားမှုဆိုင်ရာစံနှုန်းများအရ အလွန်အရေးကြီးသောမေးခွန်းဖြစ်သည်။
နိုင်ငံတကာဥပဒေ၏အခြေခံလူ့အခွင့် အရေးဆိုင်ရာစံနှုန်းများအရ လူတိုင်းတွင်”မိမိဆန္ဒအလျောက်သွားလာလှုပ် ရှားခွင့်”နှင့်”နေရပ်စွန့်ခွာခွင့်”ရှိသည်။
ဤအခွင့်အရေးသည် အသက်အရွယ်မရွေးသက်ဆိုင်သည်။
အကယ်၍ကလေးသူငယ်အဆင့်သာရှိသေးသောသူများ၏သွားလာလှုပ်ရှားခွင့်ကိုပိတ်ပင်ခြင်းမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်များ(Convention on the Rights of the Child)နှင့်ဆန့်ကျင်နေနိုင်ပြီး မိသား စုများအားအဓမ္မခွဲခြားခြင်း သို့မဟုတ် အန္တရာယ်ရှိသည့်နေရာတွင် ဖိအားပေးကာ နေခိုင်းထားခြင်းမျိုးဖြစ်စေနိုင်သ ည်။
ပိတ်ပင်ခြင်း၏သဘောသဘာဝရည်ရွယ်ချက်
ပိတ်ပင်ခြင်း၏သဘောသဘာဝအရ နိုင်ငံတကာစံနှုန်းများအရ လူဦးရေအလိုက်(Mass restriction)တစုတစည်းတည်းပိတ်ပင်ခြင်းသည် အလွန်အမင်းပြ င်းထန်သောကန့်သတ်ချက် (Disproportionate measure)ဖြစ်သ ည်။
အကယ်၍ ထိုကန့်သတ်ချက်သည် လူ သားချင်းစာနာထောက်ထားမှုအရအ သက်အန္တရာယ်မှ ကာကွယ်ရန်အတွက်မဟုတ်ဘဲ အုပ်ချုပ်ရေး(သို့)စစ်ရေးအ ရသာဦးတည်နေပါက ၎င်းသည် အခြေ ခံလူ့အခွင့်အရေးချိုးဖောက်မှုဟု သတ် မှတ်နိုင်သည်။
နိုင်ငံရေး၊စစ်ရေးရည်ရွယ်ချက်အတွ က် အရပ်သားများအား တိုက်ပွဲဇုန်အ တွင်း ဆက်နေထိုင်စေခြင်း
လူသားချင်းစာနာထောက်ထားမှုဆိုင် ရာဥပဒေ (IHL)အရ လက်နက်ကိုင်ပဋိ ပက္ခဖြစ်ပွားနေသည့် ဒေသများတွင် အ ရပ်သားများကို ကာကွယ်ရန်မှာ အဓိက တာဝန်ဖြစ်သည်။
အရပ်သားများကို ဘေးလွတ်ရာသို့ရွေ့ပြောင်းခွင့်ကို ပိတ်ပင်မရကောင်းချေ။
ပဋိပက္ခဖြစ်ပွားရာဒေသမှအရပ်သားများအနေဖြင့် မိမိတို့၏အသက်အန္တရာ ယ်ကင်းရှင်းရေးအတွက် ဘေးလွတ်ရာသို့တိမ်းရှောင်ခွင့်ရှိသည်။
ထိုအုပ်ချုပ်သူအဖွဲ့အစည်းအနေဖြင့် ၎င်းတို့အား တိုက်ပွဲဇုန်အတွင်း ဆက်လက်နေထိုင်ရန် အတင်းအကျပ်ပိတ်ပင်ထားခြင်းသည်အရပ်သားများကို”လူ သားဒိုင်းကာ(Human Shield )”အဖြစ် အသုံးပြုသကဲ့သို့ဖြစ်စေနိုင်ပြီး နိုင်ငံ တကာဥပဒေအရ ပြင်းထန်သောရာဇ ဝတ်မှုမြောက်နိုင်သည်။
စစ်ရေးနှင့်လူသားချင်းစာနာမှုအပေါ် ခွဲခြားခြင်းမရှိဘဲ နယ်မြေခံလူထုအပေါ် လူသားချင်းစာနာမှုအကျပ်ဆိုက်စေသည့်ထိ စစ်ပုံသွင်းခြင်းမျိုးမှာလူသားမျိုးနွယ်အပေါ် ဖိနှိပ်ညှင်းပန်းမှုများဖြစ် လာရန်လက်ယှပ်ခေါ်နေခြင်းဖြစ်သည်။
အကယ်၍ပိတ်ပင်ရခြင်း၏အကြောင်း ရင်းမှာ စစ်ရေးအရအသာစီးရရန်(သို့ မဟုတ်)လူသားအရင်းအမြစ်ကို ထိန်း ချုပ်ရန်ဖြစ်ပါက၊၎င်းသည် နိုင်ငံတ ကာစံနှုန်းများနှင့်မည်သို့မျှ မကိုက်ညီပါ။
နိုင်ငံတကာစံနှုန်းများအရ ထိုလုပ်ရပ်များ၏အဖြေမှာ”တရားဝင်မှုမရှိပါ”။
မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းဖြစ်စေ၊ ထွက်ခွာခွင့်အားပိတ်ပင်ခြင်းဖြစ်စေ တ ရားဝင်မှု(Legitimacy)ရှိသော ဥပဒေတခု(သို့မဟုတ်)အမိန့်တခုဖြစ်ရန်အတွက် ဥပဒေအင်္ဂါရပ်အခြေခံအချက်များ(လို အပ်မှု၊အချိုးအစားညီမျှမှု၊ခွဲခြားဆက် ဆံမှုမရှိခြင်း)နှင့် ပြည့်မီရမည်။
လူဦးရေအလိုက်(Mass restriction)တ စစုတစည်းတည်းအပေါ်ထွက်ခွာမှုကို ပိ တ်ပင်ခြင်းသည် အဆိုပါစံနှုန်းများကို ကျော်လွန်နေသည်။
ထွက်ခွာခွင့်အား ပိတ်ပင်ခြင်းတွင် ချွင်းချက်အရတခုတည်းသော အရပ်သားများ ထွက်ပြေးမည့်လမ်းကြောင်းတွင် ပိုမိုကြီးမားသောအန္တရာယ်များ(ဥပမာ – မိုင်းကွင်းများ၊တိုက်ရိုက်ပစ်ခတ်မှုများ) ရှိနေ၍ ၎င်းတို့၏အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက်ယာယီလမ်းကြော င်းပေးခြင်း(သို့မဟုတ်)ရွှေ့ပြောင်းပေးခြင်းမျိုးသာဖြစ်ရမည်။
သို့သော်လည်း ၎င်းသည် “ပိတ်ပင်ခြင်း “မဟုတ်ဘဲ”ဘေးကင်းရေးစီမံချက်”ဖြ စ်ရမည်။
အကယ်၍အုပ်ချုပ်သူအဖွဲ့အစည်းက အရပ်သားများအား ရခိုင်ပြည်အတွင်းမှမထွက်ခွာစေရန် လူဦးရေအလိုက် (Mass restriction)တစုတစည်းတည်း ပိတ်ပင်ခြင်းသည် အလွန်အမင်းပြင်း ထန်သောကန့်သတ်ချက် (Disproportionate measure)သည် –
လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။
ကလေးသူငယ်အခွင့်အရေးနှင့်ဆန့်ကျင်နေသည်။
အရပ်သားများကို အန္တရာယ်ရှိသည့်နေရာတွင် ပိတ်လှောင်ထားခြင်းဖြစ်၍လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံတကာစံနှုန်းအရ ဤလုပ်ရပ်များသည် တရားဝင်မှုမရှိသည့်အပြင်အခြေခံလူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်နေခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။






