မြောက်ဦးမှ စစ်တွေ စစ်ရှောင်တွေကို အာရက္ခအစိုးရ စားနပ်ရိက္ခာထောက်ပံ့
Border News Agencyမြောက်ဦး၊ စက်တင်ဘာ ၂၆။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာစစ်တွေမြို့နယ်ကစစ်ဘေးရှောင်လာတဲ့ စစ်ရှောင်အိမ်ထောင်စုခြောက်ဆယ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စက်တင်ဘာလ ၂၆ ရက်၊ဒီနေ့ တလစာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီထောက်ပံ့မှုမှာ စစ်ရှောင်တဦးကိုတလစာဆန်ရိက္ခာအပြင် အိမ်ထောင်စုတစုကို ဆားတပိဿာနဲ့ ဆီတ...









