သတင်း

ပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း

မောင်တူရေးသည်။ အာရက္ခလူ့ဘောင်သည် ယခုအချိန်ကာလ၌ စစ်ဒဏ်သင့်နေသောလူ့ဘောင်ဖြစ်ပေသည်။ အာရက္ခလူ့ဘောင်၏ လက်ရှိဦးဆောင်သူနေရာကိုယူထားသော ULA/AA သည် အဆုံးအဖြတ်စစ်ပွဲကိုလည်း တိုက်နေရပေသည်။ အာရက္ခနိုင်ငံတော်တည်ဆောက်ရေး(State Building)ကိုလည်း အကောင်အထည်ဖော်နေရပေသည်။ ULA/AA အနေဖြင့် တိုက်ပွဲနှင့်တည်ဆောက်ရေးကို တချိန်တည်းတွင် ပြုလုပ်နေရပေသည်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲကို ပြီးအောင်အရင်တိုက်ပြီးခါမှတရားစီရင်ရေး၊အုပ်ချုပ်ရေးကို...

Read more

မောင်တောက ဟိန္ဒူဘာသာဝင်တွေ အကူအညီတွေ လို​အပ်နေ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မောင်တောမြို့ကဟိန္ဒူဘာသာဝင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး ​အကူအညီတွေ လိုအပ်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်လေးထောင်ကျော်ထိရှိနေပြီးအများစုဟာ အလုပ်အကိုင်တွေမရှိကြသေးဘူးလို့ ဆိုကြပါတယ်။ သူတို့တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အာရက္ခတပ်တော်ဆီကလည်း အကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ကဆိုကြပါတယ်။...

Read more

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၅

မောင်တူရေးသည်။ ထုတ်ကုန်မဲ့ သို့မဟုတ် ထုတ်ကုန်နည်း သော အာရက္ခလူ့အဖွဲ့အစည်း - ၅။ အာရက္ခတပ်တော်(AA)ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ရေးအရအောင်မြင်နေသော်လည်း စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊ကုန်သွယ်ရေးကို ထိန်းချုပ်လည်ပတ်နိုင်ရန် အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု ရခိုင့်အရေးစောင့်ကြည့်လေ့လာသုံးသပ်သူများက ဆိုကြသည်။ အာရက္ခပြည်သူလူထုတွင် ဆန်ပြုပ်သောက်နေရသူများရှိနေကြပြီး အချို့မှာ...

Read more

ကျောင်းဆရာလုပ်တဲ့ မက္ကလာ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့မှာ အလယ်တန်းပြဆရာတဦးဟာ မက္ကလာတွေ ရက်လုပ်နေပါတယ်။ သူဟာ အလယ်တန်းပြဆရာဖြစ်ပေမယ့် အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်းကတည်းက ကျောင်းတွေပိတ်သွားတာမို့ သူတတ်ထားတဲ့လက်မှုပညာနဲဆက်လုပ်နေတာလို့ ဆိုပါတယ်။ အဲဒီမက္ကလာကို သူ့အသက်ရှစ်နှစ်အရွယ်ကတည်းက စတင်သင်ယူတတ်မြောက်လာခဲ့တာဖြစ်ပြီး ခုတော့အသက်လေးဆယ့်ဆနှစ်အရွယ်ရောက်နေပေမယ့် ဆက်လုပ်နေတုန်းပဲလို့ သူကဆိုပါတယ်။ ရခိုင်လူမျိုးတွေက မက္ကလာလို့ခေါ်ကြတဲ့ဒီဟာကိုတော့ မိုးရာသီးစပါးစိုက်ပျိုးကြချိန်မှာ...

Read more

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့မှာ မတ်လ ၁၁ ရက်၊ ဒီနေ့နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က အသက်သုံးဆယ်လေးနှစ်အရွယ်ဦးမောင်ဌေးဝင်းမှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက...

Read more

ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း ၄

မောင်တူရေးသည်။ ထုတ်ကုန်မဲ့၊ ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့အစည်း - ၄ အာရက္ခဒေသတွင် ကုန်ထုတ်လုပ်မှုနှင့်ပြည်တွင်းဝယ်လိုအားမြင့်မားမှုကိုဆောင်ရွက်နိုင်မည်လားဆိုသည့်အချက်ကို ဆန်းစစ်ကြည့်မည်ဆိုလျှင် အာရက္ခဒေသတွင် မည်သည့်ကုန်ထုတ်လုပ်မှုများရှိပါသနည်းဆိုသည့်ကို ပြန်ကြည့်ရန်လိုအပ်ပေသည်။ ယေဘူယျအားဖြင့် စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်းရှိကြသည်။ စိုက်ပျိုးရေးကိုကြည့်ပါက ဆန်စပါးစိုက်ပျိုးရေးသည် အဓိကဖြစ်သည်။ ထိုဆန်စပါးစိုက်ပျိုးရေး၏သွင်းအားစုနှင့်ဈေးကွက်စီးပွားရေးဆိုင်ရာလုပ်ရပ်များကိုကြည့်လျှင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ငွေကြေး၊လုပ်အား၊နည်းပညာ၊ကုန်ကြမ်းပစ္စည်းများဖြစ်သောမျိုးစပါး၊ရေရရှိမှု၊မြေသြဇာ၊စိုက်ပျိုးမြေ၊ကျွဲ၊နွား၊ကုန်ထုတ်ပစ္စည်းကိရိယာများဖြစ်သော...

Read more

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

ကျောက်ဖြူမြို့နယ်၊ကပ်သပြေကျေးရွာကို မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားသလို့ နေအိမ်နှစ်ဆယ်ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကပ်သပြေကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးဘသိန်းအောင်ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့ ဓညဝတီရေ တပ်ကကပ်သပြေကျေးရွာကို ရွယ်ရည်ချက်ရှိရှိဒရုန်းနဲ့ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်တာကြောင့်...

Read more

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၃

မောင်တူရေးသည်။ အာရက္ခဒေသ၏ငွေကြေးအခြေအနေ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်နယ်မြေအားလုံးတွင် ငွေသားပြတ်လပ်မှုများကို ကြုံတွေ့နေကြရသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။ အာရက္ခဒေသတွင် ဘဏ်လုပ်ငန်းများ ရပ်တန့်သွားသဖြင့် ငွေသားပြတ်လပ်လာပြီး ငွေလွှဲ၊ ငွေထုတ်လုပ်ငန်များခက်ခဲလာကာငွေလွှဲထုတ်ခများ ယခင်ကထက်မြင့်တက်နေသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။ ထိုကဲ့သို့ ငွေသားပြတ်လပ်လာခြင်းအား ကုန်ထုတ်လုပ်မှုနှင့်တိုင်းတာနိုင်ပေသည်။ သကြားမထုတ်လုပ်နိုင်သောသူသည်...

Read more

“ကျွန်တော်မှာ စားဖို့သောက်ဖို့မရှိလို့ အဲဒါတခုတော့အကူညီလိုချင်ပါတယ်။”

အင်တာဗျူးBorer News Agencyမောင်တော၊ မတ် ၁၀။ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်က ဟိန္ဒူဘာသာဝင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါတယ်။ သူတို့ဟာ အလုပ်အကိုင်တွေမရှိကြတာမို့ ဝင်ငွေလည်းမရှိကြဘူးလို့ ဆိုကြပါတယ်။ အဲဒီလိုအခြေအနေတွေကို ဟိန္ဒူဘာ သာဝင်တဦးက Border News Agency ကို တွေ့ဆုံပြောပြထားပါတယ်။...

Read more

ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ မတ်လ ၇ ရက်နေ့ဆေးကုသပေးနေကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်က အရေပြားရောဂါဖြစ်ပွားနေတဲ့အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၁၀၄ ဦး၊စုစုပေါင်း၁၆၄ ဦးကို ဆေးကုသပေးခဲ့ပါတယ်။ အဲဒီအပြင် ကျန်းမာရေးဆိုင်ရာအသိပညာဟောပြောတာတွေ၊လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း...

Read more
Page 374 of 388 1 373 374 375 388

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here