နိုင်ငံရေး

အမေရိကန်ကအပစ်ရပ်ဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးကအီရန်နဲ့ စစ်ပြန်စချင်နေ

Border News Agencyအမေရိကန်၊​ မေ ၂၁။ ​အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နဲ့ငြိမ်းချမ်းရေးရဖို့မျှော်လင့်ချက်နဲ့ လေကြောင်းဗုံးကြဲမယ့် အစီအစဉ်တွေကိုဆိုင်းငံ့ပြီး အပစ်အခတ်ရပ်စဲရေးဘက်ဦးတည်နေပေမယ့် အစ္စရေးနိုင်ငံရေးခေါင်းဆောင်ပိုင်းကတော့ အီရန်နဲ့စစ်ပွဲပြန်စဖို့ပြင်ဆင်နေတယ်လို့ အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။ ​အစ္စရေးလွှတ်တော်အမတ်တွေနဲ့ လုံခြုံရေးဆိုင်ရာကက်ဘိနက်အဖွဲ့ဟာ အီရန်နဲ့စစ်ရေးတင်းမာမှုတွေပြန်စတင်ဖို့ ဒုတိယအကြိမ်မြောက် အရေးပေါ်အစည်းအဝေးထိုင်ခဲ့ကြသလို...

Read more

မြန်မာမှ စက်လှေနဲ့မှောင်ခိုသွင်းလာတဲ့ အန်ချီရီဆေးဖက်ဝင်အပင်တွေကို မီဇိုရမ်မှာဖမ်းဆီးရမိ

Border News Agencyမီဇိုရမ်၊​ မေ ၂၁။ ​မြန်မာ-မီဇိုရမ်နယ်စပ် စီကူးလ်မြစ်လမ်းကြောင်းကနေ စက်လှေနဲ့တရားမဝင်သယ်ဆောင်လာတဲ့ တန်ဖိုးကြီးရှားပါးဆေးဖက်ဝင်အပင်ဖြစ်တဲ့ အန်ချီရီအိတ်အများအပြားကို အာသံရိုင်ဖယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ​နယ်စပ်တလျှောက် ပုံမှန်ကင်းလှည့်စစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်အနီးမှာသံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို တွေ့ရှိခဲ့တာကြောင့် ချက်ချင်းဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။...

Read more

အဖြေမှန်ရဖို့ အီရန်ကို ရက်နည်းနည်း ထပ်စောင့်ပေးမယ်လို့ ဒေါ်နယ်ထရန့် ပြော

Border News Agencyအီရန်၊​ မေ ၂၁။ ​အီရန်အရေးနဲ့ပတ်သက်ပြီး အဖြေမှန်တခုရလာဖို့ မျှော်လင့်ချက်နဲ့ ရက်နည်းနည်းထပ်စောင့်ပေးမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေလ ၂၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ​ထရန့်က အီရန်ဘက်က စစ်ပြေငြိမ်းရေးသဘောတူညီချက်အတွက် လိုက်လျောဖို့မရှိရင် တိုက်ခိုက်မှုတွေ...

Read more

PDF ၈၀၃ တပ်ရင်းရဲ့ စစ်သင်တန်းဆင်းပွဲ

Border News Agencyနေပြည်တော်၊ မေ ၂၁။ ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ် ၈၀၃တပ်ရင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မေလ ၂၀ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီသင်တန်းဆင်းပွဲဟာ အမှတ် ၈၀၃တပ်ရင်းရဲ့ အပတ်စဉ် ၇ အခြေခံစစ်ပညာသင်တန်းဆင်းပွဲဖြစ်ပြီး ရှေ့တန်းနယ်မြေတနေရာမှာ...

Read more

ပြည်သူကို ကျင့်ဝတ်အတိုင်း ဆက်ဆံဖို့ ရဲဝင်းဦး ပြော

Border News Agencyနေပြည်တော်၊ မေ ၂၁။ ​မြန်မာနိုင်ငံတဝှမ်းလုံးမှာ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်ညှဉ်းပန်းတာ၊ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မလူစုဆောင်းတာတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် ရှေ့တန်းစစ်မျက်နှာပြင်တွေမှာလည်း ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာ စတဲ့ကျူးလွန်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ ​အခုလိုအခြေအနေမျိုးမှာ...

Read more

လွတ်ငြိမ်းနဲ့လွတ်လာသူအပါအဝင် လူ ၅ သောင်းခန့်ကို အာဏာသိမ်းစစ်တပ်က နည်းပညာသုံးပြီး စောင့်ကြည့်နေ

Border News Agencyနေပြည်တော်၊ ​မေ ၂၀။ ​အာဏာသိမ်းစစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအပါအဝင် လူပုဂ္ဂိုလ် ၅ သောင်းဝန်းကျင်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို နည်းပညာအသုံးပြုပြီး စဉ်ဆက်မပြတ်စောင့်ကြည့်နေတယ်လို့ အသံအဖွဲ့ကထုတ်ပြန်ပါတယ်။ အာဏာသိမ်း​စစ်တပ်ဟာ လူပုဂ္ဂိုလ်တွေကို...

Read more

ထရမ့်ရဲ့ အီရန်စစ်ပွဲလုပ်ပိုင်ခွင့် ကန့်သတ်ရေးဆုံးဖြတ်ချက် အမေရိကန်အထက်လွှတ်တော် အတည်ပြု

Border News Agencyအမေရိကန်၊ မေ ၂၀။ ​အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ လွှတ်တော်ရဲ့ခွင့်ပြုချက်မရဘဲ အီရန်အပေါ် စစ်ရေးအရအင်အားသုံးတာကို တားဆီးနိုင်မယ့် စစ်ပွဲလုပ်ပိုင်ခွင့်ဆုံးဖြတ်ချက်ကို အမေရိကန်အထက်လွှတ်တော်က တိုးမြှင့်အတည်ပြုလိုက်ပါတယ်။ အဲဒီလွတ်တော်မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာမဲခွဲမှုမှာ ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၄၇...

Read more

မောတောင်မြို့ကို အာဏာသိမ်းစစ်တပ် ပြန်ထိန်းချုပ်

Border News Agencyမော​တောင်၊ ​မေ ၂၀။ ​တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မောတောင်မြို့ကိုပြန်ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က မေလ ၂၀ ရက်၊...

Read more

​ဂါဇာသွားကယ်ဆယ်ရေးသင်္ဘော ၄၁ စီးကို အစ္စရေး စီးနင်းမှု ၁၀ နိုင်ငံကန့်ကွက်

Border News Agencyပါလက်စတိုင်း၊​မေ ၂၀။ ပါလက်စတိုင်းနိုင်ငံ၊ ဂါဇာကမ်းမြောင်ဒေသကို သွားနေတဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး သင်္ဘောအုပ်စုထဲက သင်္ဘော ၄၁ စီးကို အစ္စရေးစစ်တပ်က မြေထဲပင်လယ်အရှေ့ပိုင်း နိုင်ငံတကာရေပိုင်နက်ထဲမှာ ဝင်စီးလိုက်တယ်လို့ Global Sumud Flotilla...

Read more

ရေနံချောင်းမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

Border News Agencyရေနံချောင်း၊ မေ ၂၀။ မကွေးဒေသ၊ရေနံချောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးသွားတယ်လို့ မန္တလေးလူငယ်စစ်ကြောင်း(YNG-PDF)မှ မေလ ၁၉ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီမကျည်းကန်အုပ်စု၊အလယ်ကုန်းကျေးရွာအနီးမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို မေလ ၁၁...

Read more
Page 36 of 227 1 35 36 37 227

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here