Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၃။
အာရက္ခဒေသမှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကျူးလွန်သူ၊ကျူးလွန်ဖို့ စေခိုင်းသူနဲ့ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်း ထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(ULA/AA)ရဲ့စက်တင်ဘာ လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ရာ ကျော က်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ကိုယ်ပိုင်စာသင်ကျောင်းကို အာဏာ သိမ်းစစ်ကော်မရှင်တပ်က ဂျက်တိုက် လေယာဉ်နဲ့အကြီးစားဗုံးကြဲခဲ့ရာမှာ ကျောင်းသား၊ကျောင်းသူ ၂၀ ဦးသေ ဆုံးပြီး၊ဒဏ်ရာ ၂၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
“တရားမျှတမှု ရရှိနိုင်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့တရားမျှတမှုကို ချစ်ခင်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိဆောင်ရွက်သွားမှာဖြစ်သလို ပြစ်မှုကျူးလွန်သူ၊ကျူး လွန်ဖို့စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာဖြစ်တယ်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း အာရက္ခဒေသမှာ ခုသရက်တပင် ဖြစ်စဉ်အပါအဝင် အ ရပ်သားတွေ အစုလိုက်အပြုံလိုက်သေ ဆုံးစေခဲ့တဲ့ စစ်ရာဇဝတ်မှုဖြစ်စဉ် ၆ ကြိမ်ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီဖြစ်စဉ်ခြောက်ခုမှာ သေဆုံးသူ ၁၀၈ ဦးနဲ့ ဒဏ်ရာရသူ ၁၁၃ ဦးထိ ရှိခဲ့ပါတယ်။
◼ မြောက်ဦးမြို့ ဒိုင်းကျီဖြစ်စဉ်
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့၊ည ၁၁ နာရီ ၂၅မိနစ်ခန့်က မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်က အလှူလုပ်ဖို့ ပြင်ဆင်နေကြတဲ့ နေအိမ်ပေါ်ကို ဂျက်တိုက်လေ ယာဉ်နဲ့ ဗုံးကြဲခဲ့ရာမှာ ကလေး ၅ ဦးအ ပါအဝင် အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
◼ကျောက်တော်မြို့ ရွာမဖြစ်စဉ်
ပြီးခဲ့တဲ့မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေက ကျောက်တော်မြို့၊ ရွာမရပ်ကွ က်ထဲကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာမှာ အရပ်သား ၈ ဦးသေဆူံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
◼ရသေ့တောင်မြို့နယ် ထွန်းရဝေဖြစ်စဉ်
ပြီးခဲ့တဲ့မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်က ရသေ့တောင်မြို့နယ် ထွန်းရဝေရွားဟောင်းကို ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာမှာ အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
◼မြောက်ဦးမြို့နယ် ရမ်းချောင်းဖြစ်စဉ်
ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်နေ့က မြော က်ဦးမြို့နယ် ရမ်းချောင်းကျေးရွာ အနီးတဝိုက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာမှာ အရပ်သား စစ်သုံ့ပန်းမိသားစုဝင်တွေထဲက ကလေးတွေနဲ့ အမျိုးသ မီး ၂၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
◼ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဖြစ်စဉ်
ပြီးခဲ့တဲ့ဇန်နဝါရီလ ၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာမှာ အရပ်သား ၂၆ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။လူနေအိမ် ၄၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်ဟာ အာရက္ခဒေသမှာ အရပ်ဘက်ပစ်မှတ်တွေအ ပေါ် ဗုံးကြဲတိုက်ခိုက်တာတွေကို အရင်ကထက် ဆက်တိုက်ပြုလုပ်နေပြီး ဒါဟာ သူရဲဘောကြောင်ပြီးဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အာရက္ခတပ်တော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ စစ်ကော်မရှင်ရဲ့ နေ့စဉ်ရက်ဆက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို လက်ပိုက် ကြည့်မနေဘဲ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဆောင်ဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် လက်ရှိမှာ စစ်ဘက်နဲ့ မသ က်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူလူထုတွေနေထိုင်ရာ မြို့ရွာတွေ၊ဆေးရုံဆေးခန်းတွေ၊စာသင်ကျောင်းတွေနဲ့ လူနေထူထ ပ်တဲ့နေရာတွေ၊လူစုလူဝေးဖြစ်နေတဲ့နေ ရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ယခင်ကထက် ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထ က် ပိုမိုသတိထားကြဖို့၊နိုးနိုးကြားကြား သတိအပြည့်နဲ့ နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။






