Border News Agency
နေပြည်တော်၊ ဧပြီ ၂၃။
မြန်မာနိုင်ငံကိုလာမယ့်တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိခရီးစဉ်ကို ဖျက်သိ မ်းဖို့ပြီးစစ်ကော်မရှင်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲရလဒ်တွေကိုငြင်းပယ်ဖို့ ကချင်အမျိုးသားအစည်းအရုံး(KNO) တောင်းဆိုလိုက်ပါတယ်။
ပြည်သူလူထုရဲ့သဘောတူညီမှုမရှိဘဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ ဆုံဖို့စီစဉ်တာဟာ အာဏာသိမ်းမှုကို အ သိအမှတ်ပြုရာရောက်နေပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုတာလို့ ဆိုပါတယ်။
မြန်မာပြည်မှာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နယ်စပ်လုံခြုံရေးကို စိုးရိမ်တာ နားလည်နိုင်ပေမယ့် အခြေခံမှားယွင်းနေတဲ့စစ်ကော်မရှင်တပ်ကို ထောက်ခံနေတာဟာ တရုတ်ရဲ့ရေရှည်အကျိုး စီးပွားကိုမကာကွယ်နိုင်ဘဲ မတည်ငြိမ်မှုတွေပိုဖြစ်စေမယ်လို့ဆိုပါတယ်။
အဲဒီအပြင်စစ်တပ်ကို ဆက်ထောက်ခံနေမယ်ဆိုရင် မြန်မာနိုင်ငံတဝှမ်းမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပိုမြင့်တက်လာနိုင်သလို နယ်စပ်တလျှောက်မှာလည်း လုံခြုံရေးအန္တရာယ်တွေ ပိုကြီးမားလာစေနိုင်တယ်လို့ဆိုပါတယ်။
ကချင်ဒေသဟာ တရုတ်နိုင်ငံအတွက်ရော နယ်စပ်တဖက်တချက်က ကချင်လူမျိုးတွေအတွက်ပါ အလွန်အရေးပါတဲ့နေရာဖြစ်တာမို့ ဒေသမတည်ငြိမ်မှုတွေဖြစ်ရင် နှစ်ဖက်စလုံးထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် တရုတ်အစိုးရဟာ စစ်ကော်မရှင်တပ်အပေါ် ထောက်ခံပေးနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ KNOက တောင်းဆိုထားပြီး မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံအတွက် လုံခြုံရေးအာမခံချက်လုံးဝပေးနိုင်မှာမဟုတ်ဘူးလို့လ ည်း ဆိုပါတယ်။
အဲဒီနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကချင်လူမျိုးတွေဟာ ပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေပြီး အကြမ်းဖက်စစ်အစိုးရကို ထောက်ခံတာကနေ ဘာရလဒ်ကောင်းမှ ထွက်လာမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။






