Border News Agency
မာန်အောင်၊ဧပြီ ၂၅။
မာန်အောင်သို့ မြန်မာအမျိုးသားလေကြောင်းက ဧပြီလ ၂၄ ရက်နေ့ကစပြီး လေကြောင်းခရီးစဉ်တွေပြေးဆွဲပေးနေပြီလို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီခရီးစဉ်မှာတဆယ့်ကိုးဦးစီးနင်းနိုင်တဲ့ L-410 လေယာဉ်ငယ်တွေကို အသုံးပြုပြီး ရန်ကုန်မှတိုက်ရိုက်ပျံသန်းပေးနေတာပါ။
အဲဒီမာန်အောင်ကျွန်းမြို့ဟာ သွားလာရေးအတွက် လေကြောင်းလိုင်းကိုသာ အဓိကအားထားနေရတာမို့ ခရီးစဉ်ပြန်စတာလို့ဆိုပါတယ်။
အဲဒီရန်ကုန် – မာန်အောင် – ကျောက်ဖြူ – ရန်ကုန် လမ်းကြောင်းကို ဧပြီလ ၂၄ ရက်နေ့က ပထမဦးဆုံးအကြိမ်စတင်ပျံသန်းခဲ့ပြီး ခရီးစဉ်တွေ ပုံမှန်ပြေးဆွဲနိုင်ဖို့ ရှိ၊ မရှိကိုတော့ ဒေသခံတွေက စောင့်ကြည့်နေကြပါတယ်။






