Border News Agency
ဝင်းတာပန်၊ မေ ၁၆။
မွန်နဲ့ကရင်ပြည်နယ်အတွင်းရှိ စစ်ဆင်ရေးနယ်မြေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သထုံခရိုင် အမှတ် ၂ တပ်ရင်းမှ PDF တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သထုံခရိုင် အမှတ် ၂ တပ်ရင်းမှ မေလ ၁၄ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ဝင်းတာပန်စစ်ဆင်ရေးမှာ ဧပြီလ ၂၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင် ဒဲ့ပီ (ခ) ဆရာကျောင်း၊ ရွှေအ၊ ပေါက်ကြီးနဲ့ ကျောက်ဘီလူးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဧပြီလ ၂၉ ရက်နေ့ကလည်း ဝင်းတာပန်စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ဘစိုင်းသေဆုံးခဲ့သလို ဖာပွန်စစ်ဆင်ရေးနယ်မြေတနေရာမှာလည်း မေလ ၄ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင် စောအိုက်ဇက် ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးရဲ့ မမှေးမှိန်နိုင်တဲ့ ကြယ်ပွင့်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပေးဆပ်ခဲ့ကြတဲ့ အသက်နဲ့ ယုံကြည်ချက်တွေအတွက် ကျန်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေမှ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းဆိုပါတယ်။












