Border News Agency
ပေါက်တော၊ဇူလိုင် ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်၊ဆင်တက်မော်အနီးမှထွက်ခွားသွားတဲ့ရိုဟင်ဂျာတွေပါစက်လှေဟာ ဘင်္ဂလားပင်လယ်အော်ကမ္ဘာ့ရေကြောင်းမှာနစ်မြှုပ်သွားတာကိုပေါက်တောဒေသခံတချို့အတည်ပြုကြပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ဆင်တက်မော်အနီးမှထွက်ခွာသွားတဲ့ရိုဟင်ဂျာနှစ်ရာငါးဆယ်ဦးခန့်ပါစက်လှေဟာ ပြီးခဲ့တဲ့ဇွ န်လ ၂၉ ရက်နေ့က ဘင်္ဂလားပင်လယ်အော်ကမ္ဘာ့ရေကြောင်းထဲမှာနစ်မြှုပ်သွားတာလို့ ပေါက်တောဒေသခံတချို့အတည်ပြုကြပါတယ်။
“စက်လှေကမ္ဘာ့ရေကြောင်းမှာနစ်သွားတာဟုတ်ပါတယ်။ပေါက်တောကထွက်သွားတာပါ။ပင်လယ်သမုဒ္ဒရာထဲမှာဆိုတော့ ဘယ်သူမှအသက်မရှင်ကြပါဘူး ။အလောင်းတွေမျောလာတာ၊ရတာလ ည်းမကြားမိပါဘူး။”လို့ ပေါက်တောဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီရိုဟင်ဂျာလှေနစ်မြှုပ်တာကို စတင်ကြားသိကကည်းကစုံစမ်းမေးမြန်းအ တည်ပြုနေပေမယ့် ဆက်သွယ်ရေးအ လွန်ခက်ခဲနေတာမို့ဖြစ်စဥ်အသေးစိတ်ကို အတည်ပြုပြောနိုင်သူမရှိသေးပေ။
ဒါပေမယ့် ရိုဟင်ဂျာတွေပါ စက်လှေတွေ ပေါက်တောမြို့နယ်ထွက်သွားပြီးနောက် ပင်လယ်ပြင်ထဲမှာနစ်မြှုပ်သွားကြတာကို ပေါက်တောဒေသခံတချို့အတည်ပြုပြောလာကြပါတယ်။
အဲဒီရိုဟင်ဂျာလှေနစ်မြှုပ်သေဆုံးမှုတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာမဟာမင်းကြီရုံး(UNHCR)ကဖြစ်စဉ်အသေးစိတ်ကို စုံစမ်းအတည်ပြုနေတ ယ်လို့ ဇူလိုင်လ ၁၄ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီအပြင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လေ့လာစုံစမ်းအတည်ပြုနေကြပြီး ပေါက်တောဒေသခံတချို့ကတော့ ရိုဟင်ဂျာလှေတွေမကြာခဏထွက်သွားနေကြတာဟာ လူကုန်ကူးမှုကွန်ရက်ကြီးလို စနစ်တကျချိတ်ဆက်လုပ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာလူကုန်ကူးမှုကွန်ရက်ကြီးမှာလက်နက်ကိုင်တွေ၊ဒေသအာဏာပိုင်တွေ၊မြန်မာတပ်မတော်ရေ၊ပါတီဝင်တ ချို့၊နိုင်ငံတကာရောက်နေသူတချို့ပါဝ င်နေကြတယ်လို့ သိရှိသူတွေက အတည်ပြုပြောကြပါတယ်။







