Border News Agency
ထိုင်း၊ဇူလိုင် ၂၃။
ထိုင်းနိုင်ငံတောင်ပိုင်း၊နရာသီဝပ်ပြည်နယ်၊ရန်ဂေးမြို့နယ်ရှိလုံခြုံရေး စစ်ဆေးရေးဂိတ်ကိုလက်နက်ကိုင်အဖွဲ့က ဝင်တိုက်ခဲ့တာကြောင့် စစ်သားငါးဦး သေဆုံးပြီး ကလေး နှစ်ဦး အပါအဝင် ပြည်သူ ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နိဆန်း ပစ်ကပ်ကားနဲ့ ရောက်ရှိလာတဲ့အနက်ရောင်ဝတ်ဆင်ထားသူ ခြောက်ဦးဟာ ဇူလိုင်လ ၂၂ ရက်နေ့ ညနေက
သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဗုံးတွေနဲ့လည်း ပစ်ပေါက် တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီလိုတိုက်ခိုက်ပြီးနောက်လမ်းမကြီးအတိုင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေလိုက်လံစုံစမ်း ရှာဖွေနေပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ညက ရဲစခန်းအနီး ဖြစ်ခဲ့တဲ့ ကားဗုံးခွဲမှုအပြီးတရက်အကြာမှာ ထပ်ဖြစ်ခဲ့တာဖြစ်ကာ တာဝန်ရှိသူတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပါတယ်။
ထိုင်းတောင်ပိုင်းနယ်စပ်မှာ ၂၀၀၄ ခုနှစ်ကစလို့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၇,၇၀၀ နီးပါး သေဆုံးခဲ့ပြီး လက်ရှိမှာ ထိုင်းအစိုးရက BRN အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းနေပါတယ်။







