Border News Agency
ရန်ကုန်၊ဇူလိုင် ၃၀။
ရန်ကုန်မြို့နယ်အချို့မှာ ငွေကျပ်သိန်းနှစ်ထောင်လေးရာရှစ်ဆယ့်ရှစ်သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးတွေနဲ့အတူ အမျိုးသားနှစ်ဦး၊အမျိုးသမီးတဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၂၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမရမ်းကုန်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက်အတွင်းမသင်္ကာလို့ စစ်ဆေးရာ ကောင်းထိုက်ကျော်ထံကနေ Happy Water၊ ကက်တမင်းနဲ့ အက်တက်စီဆေးပြားတွေကို ဇူလိုင်လ ၂၆ ရက်နေ့က သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီအပြင်ဒဂုံမြို့သစ်မြို့နယ်၊ အမှတ် ၉၃ ရပ်ကွက်မှာ စည်သူကျော်ထံကနေ သိန်းသုံးရာကျော်တန်ဖိုးရှိ ကက်တမင်းငါးရာဂရမ်ကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
နောက်ပြီး သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာမှာ မလှသန္တာထံကနေ သိန်းနှစ်ထောင့်တရာ့ငါးဆယ်တန်ဖိုးရှိ အက်တက်စီဆေးပြား လေးထောင့်သုံးရာပြားကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူ ကောင်းထိုက်ကျော်၊ စည်သူကျော်နဲ့ မလှသန္တာတို့ကို သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။








